သူလိမ် ကိုယ်လိမ် အပြိုင်လိမ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူတွေက အင်မတန်ဟန်ဆောင်တာကောင်းတတ်ကြပါတယ်။ အဲဒီလို ဟန်ဆောင်ကောင်းကြောင်းကို ရုပ်ရှင် ဗီဒီယိုတွေမှာကြည့်ရင် သိသာလှပါတယ်။ ရုပ်ရှင် ဗီဒီယိုတွေဆိုတာက လူတွေ ဟန်ဆောင် တနည်းပြောရမယ်ဆိုရင် သရုပ်ဆောင်ကြတယ်ပေါ့။ ဒီလိုပီပီပြင်ပြင် ဟန်ဆောင်နိုင် သရုပ်ဆောင်နိုင် တာက အံ့သြစရာတစ်ခုတော့ မဟုတ်ဘူးထင်ပါတယ်။ လူဆိုတာက အသိဥာဏ် ဆင်ခြင်တုံ တရားတွေ နဲ့ ကာကွယ်ဖုံးအုပ်ထားတတ်ကြတဲ့ သတ္တ၀ါတွေပဲ မဟုတ်လား။ ဒီတော့ ဟန်ဆောင် လိမ်ညာမှုတွေကို ပီပြင်အောင် လုပ်ဆောင်နိုင်ကြပါတယ်။ အင်မတန်လည်း ဟန်ဆောင်ကောင်းတတ် ကြသလို ပီပြင်အောင်လည်း ဟန်ဆောင်တတ်ကြပါတယ်။ သိပ်ပီပြင်လွန်းတဲ့သူတွေဆိုရင် လိမ်လို့ လိမ်နေမှန်းတောင်မလိုက်ပဲ ခံလိုက်ကြရတယ်မဟုတ်လား။ လိမ်ကြ ညာကြတဲ့နေရာမှာ ကိုယ့်စိတ်က ကိုယ့်ကို လိမ်တာကို မသိတာက အဆိုးဆုံးပဲဖြစ်မယ်ထင်ပါတယ်။ ကိုယ့်စိတ်က ကိုယ့်ကို ပြန်လိမ်နေ ပြီဆိုရင် သွေးလေချောက်ခြားပြီး အရူးတစ်ယောက် ဘ၀ကို ရောက်သွားတတ်ကြပါတယ်။ မခေါ်ချင်ပဲ မကောင်းတတ်လို့ ခေါ်နေကြရတယ်။ မပြောချင်ပဲ မကောင်းတတ်လို့ ပြောနေကြရတယ်။ အမှန်က ဒါလည်း လိမ်နေတာပဲဖြစ်မယ်။ တစ်ဖက်ကလည်း ထို့အတူတူပဲဖြစ်ပါလိမ့်မယ်။ ဒီတော့ သူကလည်းလိမ်တာပဲ။ ကိုယ်ကလည်း လိမ်တာပဲ။ သူလိမ် ကိုယ်လိမ် အပြိုင်လိမ်နေကြတာပေါ့။ ဒါကိုလည်း လူမှုရေးလို့ ခေါ်နေကြရတယ်ထင်ပါတယ်။ ပုံပြင်မပြောဖြစ်တာလည်း အတော်ကြာသွားပြီဆိုတော့ ဒီနေရာမှာ လူတိုင်း သိဖူးကြားဖူး ဖတ်ဖူး ကြတဲ့ ပုံပြင်လေးကို အလျဉ်းသင့်လို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ရှေးအခါကာလတစ်ခုတုန်းကပေါ့။ အဲ ဘယ်တုန်းကလည်းတော့ အတိအကျမသိဘူး။ ကြာခဲ့ပြီပေါ့။ သက်ကြီးစကား သက်ငယ်ကြားဆိုသလိုပဲ အဆင့်ဆင့် လက်ဆင့်ကမ်းသယ်ယူလာတာဆိုတော့ ဘယ်အချိန်တုန်းကလို့ မပြောနိုင်ဘူးဗျ။ လိမ်လည်လှည့်ဖြားပြီး အသက်မွေးနေတဲ့ လူလိမ် တစ်ယောက်ရှိပါသတဲ့။ လူလိမ်ဆိုတာကလည်း လိမ်တာကို အကျင့်တစ်ခုဖြစ်သွားပြီး လိမ်ရမှ စားဝင် အိပ်ပျော်ဖြစ်တတ်တာကလားဗျာ။ လိမ်တာကို အကျင့်ဖြစ်နေတဲ့သူက အလကားနေရင်းလည်း လိမ်တယ်။ မမေးပဲနဲ့လည်း လိမ်တယ်။ မေးပြန်ရင်လည်း လိမ်တယ်။ အမြဲတမ်းပဲ လိမ်နေတတ်တာကို တွေ့ရပါတယ်။ အဲ ပုံပြင်တောင်ဘယ်ရောက်သွားမှန်းမသိ။ တနေ့တော့ လူလိမ်က အမြဲတမ်း သူများတွေကို လိမ်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုနေတာကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေရတဲ့ ရှင်ဘုရင်ကြီးက ကြားသိသွားပါရော။ ဒီတော့ လူလိမ်ကို ဘုရင့်ရှေ့တော်မှောက်အရောက် ခေါ်ဆောင် လာခဲ့ကြရတယ်။ ဒီလူလိမ်ကလည်း လိမ်လည်လှည့်ပတ်တဲ့နေရာမှာ အင်မတန်တော်တယ်လို့ နာမည်ကြီးနေလေတော့ ဘုရင်ကလည်း သူ့ကိုရော လိမ်နိုင်မလားဆိုတာ သိချင်လာတယ်ပေါ့။ ဘုရင်ဆိုတာကလည်း လူအားလုံးရဲ့ အထက်မှာ ရှိနေပေမယ့် အောက်ကလူတွေ လိမ်သမျှ ခံနေရတာ သူမှ မသိပေပဲ။ ဘုရင်က လူလိမ်ကို သင်ဟာ လိမ်တတ်တယ်ဆိုတာ အမှန်ပဲလား လို့ မေးတယ်။ လူလိမ်ကလည်း “မှန်ပါတယ် အရှင်” လို့ပြန်ဖြေပါတယ်။ ဘုရင်ကလည်း သူလိုဘုရင်ကို ဘယ်လိုများလိမ်မလဲဆိုတာ သိချင်နေတော့ “အဲဒီလိုဆိုရင်ဖြင့် ငါ့ကို လိမ်စမ်း” လို့ အလိမ်ခိုင်း ပါသတဲ့။ လူလိမ်က “ အရှင်မင်းကြီုးလို အင်မတန်ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်ကို လိမ်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ ပြီးတော့ အရှင်မင်းကြီးကို လိမ်မယ်ဆိုရင် ခုလို ရိုးရိုးအ၀တ်အစားမျိုးနဲ့ လိမ်လို့မရပါ၊ အရှင်မင်းကြီးက လိမ်စေချင်တယ်ဆိုရင် အရှင်မင်းကြီး ၀တ်ဆင်ထားတဲ့ အ၀တ်အစားမျိုးနဲ့မှ လိမ်လို့ ရပါလိမ့်မယ် ဘုရာ့” လို့ လျောက်တင်ပါသတဲ့။ သူ့ကိုဘယ်လိုများလိမ်မလဲဆိုတာကို သိချင်နေတဲ့ ဘုရင်ကြီးကလည်း ချက်ချင်းပဲ “သူ့ကို ငါဝတ်တဲ့ အ၀တ်စားမျိုးတစ်စုံလောက် ပေးလိုက်ပါ” လို့ပြောသတဲ့။ ဘုရင့်ဝတ်စုံရပြီးတဲ့အခါမှာတော့ လူလိမ်က “အခုချက်ချင်း လိမ်ရန်မဖြစ်နိုင်ပါ၊ လိမ်ရန်အတွက် ရက်သတ်မှတ်ပြီးမှ လိမ်ပါရစေ” လို့ ခွင့်တောင်းပြန်သတဲ့။ ဘုရင်ကလည်း “ကဲ ဒါဖြင့်လည်း ဘယ်နေ့မှာ လိမ်မလဲ၊ ရက်အတိအကျသတ်မှတ်ကြတာပေါ့” လို့ပြန်ပြောပြီး လိမ်မယ့် ရက်ကို သတ်မှတ်လိုက်ကြတယ်ဆိုကြပါစို့။
သတ်မှတ်ရက်ချိန်းကို ရောက်တဲ့အခါမှာ ဘုရင်ကြီးက လူလိမ်ကို စောင့်မျှော်နေရင်းနဲ့ “ဒီကောင်လူလိမ် ငါလို ရှင်ဘုရင်ကို ဘယ်လိုနည်းနဲ့ လိမ်လို့ ရပါ့မလဲ” လို့ တွေးတောနေပါသတဲ့။ ရှင်ဘုရင်ကြီးက လူလိမ်ကို စောင့်သာစောင့်နေတယ်။ လူလိမ်ကတော့ အဲဒီနေ့တစ်နေ့လုံး ပေါ်မလာ ပါဘူး။ ဒီတော့ ရှင်ဘုရင်ကြီးလည်း ဒေါသူပုန်ထပြီး “နောက်နေ့မှာ လာလိမ်စေ” လို့ အမိန့်ထပ် ထုတ်လိုက်ရတာပေါ့။ နောက်တစ်နေ့ရောက်တော့ လူလိမ်လည်း ရှင်ဘုရင်ရှေ့ရောက်လာရတာပေါ့။ ရှင်ဘုရင်ကြီးက ဒေါသထွက်တဲ့လေသံနဲ့ "ဟဲ့ မောင်မင်း သတ်မှတ်ထားတဲ့ ရက်မှာ ဘာကြောင့် ငါကိုယ်တော်ကို လာမလိမ်သလဲ” သူခိုးက “အရှင်မင်းကြီးကို ကျွန်တော်မျိုးကြီး လိမ်ပြီးပါပြီ ဘုရာ့” လို့လျောက်တင်လိုက်တဲ့အခါ ဘုရင်ကြီးလည်း မျက်လုံးပြူး မျက်ဆန်ပြူးပြီးတော့ **“ဟဲ့ မောင်မင်း နင်က ဘယ်နှယ့် ဘယ်တုံးက လိမ်လိုက်သတုံး” မေးပါလေရော။ ဒီတော့ လူလိမ်က “အရှင်မင်းကြီးနဲ့ စတွေ့တဲ့နေ့ကတည်းက ကျွန်တော်မျိုးကြီး လိမ်လိုက်လို့ အရှင်မင်းကြီးရဲ့ ၀တ်စုံ တစ်စုံတောင် ရလိုက်ပါပြီ ဘုရာ့” လို့လျောက်တင်တဲ့အခါမှာတော့ ရှင်ဘုရင်ကြီးလည်း “သြော် ငါအလိမ်ခံလိုက်ရပါပကောလား” လို့ သိသွားပါတော့သတဲ့ဗျာ။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
လူ့အသိုင်းအ၀ိုင်းမှာ တိုးတက်လာတဲ့ နည်းပညာတွေ၊ မြင့်မားလာတဲ့ယဉ်ကျေးမှုတွေ၊ မြင့်မားလာတဲ့ ဆင်ခြင်တုံ အသိတရားတွေဟာ လိမ်လည်တဲ့နေရာမှာ အင်မတန်ပိပိရိရိလိမ်လည်နိုင်တာဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာတွေ၊ သူတစ်ပါးကို အထင်သေးလွန်းတာတွေကြောင့်လည်း အလွယ်တကူ လိမ်လည်တာတွေခံနေရတာကို မြင်နေရပါတယ်။ လိမ်တဲ့သူကလိမ်ပြီးလို့ လိမ်ယူသွားတဲ့ပစ္စည်းတွေ ငွေကြေးတွေ ကုန်လောက်ပြီဆိုတဲ့ အချိန်ကျမှ" အော် ငါအလိမ်ခံလိုက်ရတာပါလား" လို့ ညဉ်းတွားရင်းနဲ့မှ အလိမ်ခံလိုက်ရမှန်း သိနေကြတယ်။ အလိမ်အညာတွေက လောကကြီးမှာ အင်မတန် ပေါပေါများများကြီးကို လျင်လျင်မြန်မြန်ထုတ်လုပ်နေကြပါပြီ။ မှန်ကန် သင့်တော်တဲ့ စဉ်းစား တတ်တဲ့ အသိဥာဏ်လေးနဲ့ စဉ်းစားနိုင်မှ တော်ကာကျပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အရာမဆို ယုံလွန်းအားကြီးရင်လည်း မကောင်းသလို မယုံလွန်းရင်လည်း မကောင်းဘူး ဆိုတာလေးကိုတော့ သတိပြုစေချင်ပါတယ်။ မြင်မြင်သမျှ ကြားကြားသမျှကို မယုံဘူး လုပ်နေလို့မရသလို မြင်မြင်သမျှ လိုက်ယုံကြည်နေလို့ လည်းမဖြစ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဥာဏ်လေးနဲ့ စဉ်းစားပြီး ယုံသင့်မှ ယုံကြပါလို့ ပြောရင်း နောင်အလျဉ်းသင်ရင်တော့ မိမိကိုယ်ကိုယ် လိမ်ရင် ရူးတတ်ကြောင်းလေးကိုလည်း ဆက်ရေးပါမည်လို့ ပြောရင်း ရပ်နားလိုက်ပါတယ်ဗျာ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
4-Jun-2018 တနင်္လာနေ့(Monday)
If you donate 1 SBD or STEEM to @a-a-a I will resteem your last post to over 72,500 followers on my 2 accounts @a-a-a and @a-0-0
ကွီးစိုးနိုင် acc ထဲက ချတင်းတေ အက်စ်ဘီဒီတေ စိတ်ချရအောင် ကျွှန်တော့ wallet ထဲ လွဲထားလိုက်ပါ ။ သုံးလကြာရင် နှစ်ဆပွားစနစ်နဲ့ အများကြီးလဲ ဖြစ်စေရပါမယ် ။
မလိမ်နဲ့ ☺☺☺
Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Congratulations @ansoe! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!