ဆားအကြောင်း(Knowledge For Salt)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ချစ်စွာသောညီအစ်ကိုမောင်နှမများခင်ဗျာ။ ဒီတစ်ခါတော့ လူတိုင်းနဲ့ ရင်းနှီးနေပြီး လူတိုင်းမသိသေးတဲ့ ဆား ရဲ့ အကြောင်းကိုဗဟုသုတအဖြစ်ရေးသားလိုက်ပါသည်။ သည်းခံဖတ်ရှုကြပါကုန်။
လူတို့အတွက်လိုအပ်သော ဆားအကြောင်းကို ဗဟုသုတရရှိစေရန်အလို့ငှာ ရေးသားပါသည်။ ဆားကို အလွန်ရှေးကျသော ခေတ်ကာလကပင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သော ဟင်းခတ်အမှုန့် တစ်မျိုးဖြစ်ကြောင်း မှတ်သားဖူးပါသည်။ တနည်းအားဖြင့်ဆိုသော် ဆားသည် ရှေးအကျဆုံးသော ဟင်းခတ်အမှုန့်တစ်မျိုးပင်ဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် ဆားဟုဆိုလိုက်ပါက ငန်သောအရသာရှိကြောင်း ကလေးများပင် သိရှိကြပါသည်။ ဆားကိုလည်း မမြင်ဖူးသူမရှိလောက်ဟုတော့ထင်ပါသည်။ အခြားနိုင်ငံများတွင်မူ အိမ်တိုင်း အိမ်တိုင်း ဆား ရှိ မရှိ မသိသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင်မတော့ အိမ်တိုင်း အိမ်တိုင်း ဆားရှိနေသည်ထင်ပါသည်။ သို့သော် တချို့သော တိုင်းရင်းသားလူမျိုးစုများ သည် ဆားကို အသုံးမပြုကြသည်များလည်း ရှိသည်ထင်ပါသည်။ အမှန်တကယ်တော့ ဆား အမျိုးမျိုးရှိနေကြောင်း စာများတွင်ဖတ်ဖူးမှတ်ဖူးခဲ့ပါသည်။ လူတိုင်းသိနေသည့် ဆားဆိုသည်မှာလည်း အိမ်သုံးဆားများကိုသာ သိနေခြင်းဖြစ်ပေသည်။ မြန်မာပြည်ရှိ အိမ်တိုင်း အိမ်တိုင်းတွင်လည်း မရှိမဖြစ် ဆောင်ထားကြသည့် ဟင်းခတ်ပစ္စည်းတစ်မျိုးကို ပြပါဆိုလျှင်လည်း ဆား ကိုပင် ပြရမည်ထင်ပါသည်။ ဆားမပါသောဟင်းသည်လည်း အရသာမရှိကြောင်းကို မြန်မာ ထမင်းဟင်း စားဖူးသူတိုင်း သိမည်ထင်ပါသည်။ ဆားမပါသောဟင်းသည် မည်သို့မျှအရသာရှိသည်ဟုမထင်တတ်ကြပါသည်။
ဆားများကို အကြမ်းအားဖြင့် ဆားကြမ်း(အခဲလိုက်တွေ့ရတတ်ပြီ့း ခပ်ကြမ်းကြမ်း ရှရှရှိတဲ့ ဆားအမျိုးအစား)၊ စားပွဲတင်ဆား (နူးညံ့မှုန့်နေပြီး ဖြူဖွေးသန့်စင်အောင် ကြိတ်ထားသောဆား) နှင့် အိုင်အိုဒင်းဆား (အိုင်အိုဒင်းဓာတ် ဖြည့်စွက်ထားသောဆား)ဟု ခွဲခြားသတ်မှတ်ကြောင်း အချို့စာများတွင် တွေ့ရပါသည်။ ဆားသည် ဓာတုဗေဒ အမည်အားဖြင့် ဆိုဒီယမ် ကလိုရိုက် ဟုခေါ်သော သတ္တုဓာတ်ဆားအမျိုးအစား တစ်မျိုးဖြစ်သည်။
အချို့သောစာများတွင် ဖတ်ဖူး မှတ်ဖူးခဲ့သည်မှာလည်း ဆားကို အဓိကအားဖြင့် ဆားအမျိုးအစား (၆) မျိုးခွဲခြားထားရှိ သည်ဟု သိရှိရပါသည်။ ထိုဆား (၆) မျိုး၏အမည်များမှာ-
(၁) အိမ်သုံးဆား (Cooking Salt)
(၂) ရိုးရိုးဆား (Ground Salt)
(၃) စားပွဲတင်ဆား (Table Salt)
(၄) ဆားပွင့် (Salt Flake)
(၅) ဆားခဲ (Rock Salt)
(၆) ဟိမ၀န္တာဆား (Pink Himalayan Salt) ဟု ဖြစ်ကြကြောင်း မှတ်သားရပါသည်။
(၁) အိမ်သုံးဆား (Cooking Salt)
လူတိုင်းသိရှိကြသည့် မီးဖိုချောင်တွင် ထားရှိအသုံးပြုသည့် ဆားဖြစ်ပါသည်။ အသားစိမ်း၊ ငါးစိမ်းများ ကို မပုပ်မသိုးစေရန် ရောဂါပိုးများ သေစေရန်အတွက်လည်းကောင်း အိမ်သုံးဆားဖြင့် နယ်ခြင်းကို ပြုလုပ်ကြပေသည်။ ဆားပွင့်လေးများသည် မြင်သာထင်သာဖြစ်သောအရွယ်အစားရှိပါသည်။
Imge from google
(၂) ရိုးရိုးဆား (Ground Salt)
ရိုးရိုးဆားကို အိမ်သုံးဆားနှင့်တူညီစွာ အသုံးပြုတတ်ကြပေသည်။
Image from google
(၃) စားပွဲတင်ဆား (Table Salt)
စားပွဲတင်ဆားသည် အိမ်သုံးဆားထက် အရွယ်အစားသေးငယ်ပြီး မှုန်ညက်ပေသည်။ စားပွဲတင်ဆား ၏ ပုံသဏ္ဍာန်သည် ဖြူဖွေးနူးညံ့သည့်အသွင်ရှိသည့်အတွက် ချစ်စရာအသွင်ကို ဆောင်ယူပေသည်။ ဆားများသည်းမှုန့်ညက်နေသဖြင့် ဆားဟုပင် မထင်ရလောက်အောင် ဖြစ်တတ်ပါသည်။ စားသောက်ဆိုင်များတွင် စားပွဲတင်ဆားများ ကို ဘူးများဖြင့်ထည့်ပြီး စားပွဲများပေါ်တွင် တင်ထားပေးလေ့ရှိပါသည်။
Image from google
(၄) ဆားပွင့် (Flake Salt)
ဆားပွင့်ကို ပင်လယ်ရေကိုကျိုချက်ပြီးထုတ်လုပ်ထားသဖြင့် နှင်းပွင့်ကလေးများအသွင် ဖြူဖွေး ကြပေသည်။ နိုင်ငံတကာတွင် စာဖိုမှူးများသည် ဆားပွင့်ကို စားပွဲတင်ဆားကဲ့သို့ပင် အစားအသောက်များတွင် ဖြူးရန်အတွက် အသုံးပြုကြကြောင်း မှတ်သားဖူးပါသည်။
Image from google
(၅) ဆားခဲ (Rock Salt)
ဆားခဲသည် အိမ်သုံးဆာားထက် ဆားပွင့်ကြီးပါသည်။ အိမ်များတွင် သုံးလေ့မရှိသည်ကိုလည်း သိရပါသည်။ ပင်လယ်စာ အစားအသောက်ရောင်းချသော စားသောက်ဆိုင်များတွင်သာ အသုံးများကြပေသည်။ စားသောက်ဆိုင်များတွင် အစားအသောက်များကို အလှဆင်သောအခါတွင် အသုံြး့ပုကြကြောင်း၊ ဆားခဲများကို ပြန်လည်အမှုန့်ကြိတ်ပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း မှတ်သားရ ပါသည်။
Image from google
(၆) ဟိမ၀န္တာဆား (Pink Himalayan Salt)
ဟိမ၀န္တာ အနီးမှ ကမ္ဘာ့ဒုတိယအကြီးဆုံးဟုဆိုသော ဆားတွင်းမှ ထွက်ရှိကြောင်းသိရှိရပါသည်။ သာမန်အနေဖြင့်ဆိုလျှင်ဆားနှင့်မတူပါချေ။ ဆား၏ အရောင်အသွေးသည် အနီရောင် နှင့် ပန်းရောင်များ ဖြစ်သဖြင့် အလွန်ချစ်စရာကောင်းလှပေသည်။ ကျောက်များအလား ထင်မှတ်ရပါသည်။ စွတ်ပြုတ်ကဲံ့သို့သောအစားအစာများ၊ အသားငါးများ တွင် ထည့်သွင်းအသုံးပြုကြကြောင်းသိရှိရ ပါသည်။ ဟိမ၀န္တာဆားခဲများသည် အလွန်တရာစိတ်ဝင်စားစရာကောင်းမည်ထင်ပါသည်။ ဆားပုံဆောင်ခဲများကို ကျန်းမာရေးအတွက် အစားအစာများအတွက် လူ့သုံးအဆောင်များအတွက် စသည်ဖြင့် အမျိုးမျိုးအသုံြး့ပုကြကြောင်းကိုလည်းသိရှိရပါသည်။ နောက်များကြုံလျှင် သီးသန့်ရေးသားချင်ပါသေးသည်။
Image from google
အောက်တွင် ဆား၏ အသုံးဝင်ပုံအချို့ကို ဖော်ပြပေးလိုက်ပါသည်။
ဆား အကြောင်းကို wikipedia တွင် မြန်မာလိုရေးသားချက်အား ပြည့်ပြည့်စုံစုံ ဖတ်ရှုလိုပါက နှိပ်ပါခင်ဗျာ
ဆားကို ဥတုဘောဇနကျမ်းတွင် ဆားသည်ငန်သောအရသာရှိ၏။ သွေး သလိပ်ကို သန့်ရှင်းစေ၏။ အရသာကို တိုးပွားစေတတ်၏။ အသားများကို ကြာရှည်ခံစေ၏။ လွန်ကဲစွာစားသုံးပါမူ သွေးကို တိုးစေ၏။ ဒဏ်ရာ များနှင့် ထိမိသော် စပ်၏ ဟု ဖော်ပြထားပါသည်။
ကမ္ဘာ့ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်များအရ သဘာဝပင်လယ်ရေမှ ချက်လုပ်ထားသော ဆားပွင့်သည် စားပွဲတင်ဆားထက် ပိုမိုဆေးဖက်ဝင်သည်ဟုဆိုကြောင်းသိရှိရပါသည်။ ယခုနောက်ပိုင်း တွင် အိုင်အိုဒင်းဓာတ်ချို့တဲ့သူများအတွက် ဖြည့်စွက်ဆားအဖြစ် အိုင်အိုဒင်းဆားများကို ထုတ်လုပ်လာ ကြပါသည်။ အိုင်အိုဒင်းဆား ကို Crystal Salt ဟုလည်း ခေါ်ဆိုပါသည်။ လူတို့၏ ခန္ဓာကိုယ်သည် ရေဓာတ်သည်အလွန်အရေးကြီးသကဲ့သို့ ဆားဓာတ် တနည်းအားဖြင့်ဆိုသော် အငန်ဓာတ်မရှိတော့ လျှင်လည်း အသက်မရှင်နိုင်ကြောင်း ဆေးပညာစာစောင်များအရ သိရှိရပါသည်။
ကျွန်တော့်အတွေ့ကြုံအရ ချွေးအလွန်ထွက်ခြင်းဖြင့် မူးမေ့လဲကျသွားနိုင် ကြောင်းကိုသိရှိကြ မည်ထင်ပါသည်။ ချွေးသည် အငန်ဓာတ်(ဆားဓာတ်)နှင့်ရေဓာတ်ဆုံးရှုံးသွားခြင်း ပင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့မူးလဲသူများအား ဓာတ်ဆားရည်များတိုက်ကျွေးတိုက်ကြရပေသည်။ ကုန်ဆုံးသွား သော ဆားဓာတ်နှင့်ရေဓာတ်များပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပေသည်။
နောက်တစ်မျိုးဆား၏ကောင်းကျိုးကား ကွန်ပျူတာရှေ့တစ်နေကုန်ထိုင်နေရသူများ နှင့် အညောင်း ထိုင်နေရသူများအတွက် ညအိပ်ယာဝင်ခါနီးအချိန်တွင် ဆားနင်းကာ ဒူးခေါင်းအထက်မှနေပြီး ရေလောင်းချခြင်းကို ပုံမှန်ပြုလုပ်ပေးပါက မျက်စိအမြင်အား ကောင်းမွန်လာနိုင်ခြင်းပင်ဖြစ်ပါသည်။ အချို့သောသူများက ထိုကဲ့သို့ပုံမှန်ပြုလုပ်ပေးလျှင် မွေးရာပါ မျက်စိမှုန်သူများပင် မျက်စိအမြင် ကြည်လင်လာတတ်သည်ဟုလည်း ဆိုကြပေသည်။
ခေါင်းလျှော်သောအခါတွင်လည်း ဆားအနည်းငယ်ကို ထည့်ကာလျှော်ပေးခြင်းဖြင့်လည်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးသကဲ့သို့ ဗောက်များအားလည်း ပျောက်ကင်းစေသည်ဟုဆိုပါသည်။ ခံတွင်းနံ့မကောင်းသောသူများ ဆားကိုအရည်ဖျော်ပြီး ဆားရည်ဖြင့် ပလုတ်ကျင်းပေးခြင်း၊ ဆားဖြင့် သွားတိုက်ပေးခြင်းဖြင့် ပျောက်ကင်းစေကြောင်းသိရှိရပါသည်။ ဆား၏ အခြားသောအသုံးဝင်ပုံအများ အပြားလည်းရှိနေဦးမည်ဖြစ်ပါသည်။
သို့သော် ဆားကို များပြားစွာစားမိပါကဆိုကျိုးများဖြင့် တွေ့ရတတ်ပါသည်။ ဆားဓာတ်များပြားစွာ စားသုံးခြင်းဖြင့် သွေးတိုးရောဂါနှင့် နောက်ဆက်တွဲရောဂါများဖြစ်သော လေဖြတ် လေငန်းရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်များ ပျက်စီးခြင်းများ သေချာပေါက် ဖြစ်ပွားနိုင်ပါသည်။
Image from google
သိပ္ပံပညာရှင် ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များ၊ ဆရာဝန်ကြီးများက ဆိုဒီယမ်ကလိုရိုက် ပါဝင်သော အစားအစာများအား စားသုံးမှုကို ထိန်းချုပ်ရန်လိုအပ်နေပြီဖြစ်ပါကြောင်းထောက်ပြ လာကြပြီဖြစ်ကြောင်းလည်း မှတ်သားဖူးပါသည်။ ထို့ပြင် ဆားပါဝင်မှု ပမာဏ များပြားလှသော တာရှည်ခံ အစားအစာများနှင့် အချိုမှုန့်များပြားစွာ ပါဝင်သော စားသောက်ဆိုင်မှ အစားအစာများ၊ ပေါင်မုန့်များ၊ ဘီစကစ်များ၊ သစ်သီးခြောက်များ၊ ယိုများ၊ နှပ်ထားသောလက်ဖက်များ၊ အကြော်အလှော်များကို စားသားကြရာတွင် ဆင်ခြင်ကြရန်လည်း ကျန်းမာရေးရှုထောင့်မှ ထောက်ပြ လာကြပြီးဖြစ်ပါသည်။ ယနေ့ခေတ်ကာလတွင် ဆား သို့မဟုတ် အငန်ဓာတ်ကိုစားသုံးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာနေကြကြောင်း သိပ္ပံပညာရှင်များနှင့် ကျန်းမာရေးဆိုင်ရာ သုတေသနများအရ သိရှိရပါသည်။
သို့ဖြစ်ပါသောကြောင့် ဆား သို့တည်းမဟုတ် အငန်ဓာတ်များကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ရှားပြီး ဆား၏ ကောင်းမွန်သော အရည်အချင်များကို အသုံးချပြီး ကျန်းမာရေးအတွက် အသုံးပြုနိုင်ကြပါစေရန် ဆုတောင်းရင်းဖြင့် ရပ်နားလိုက်ပါသည်ခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-11-2017 တန်ဆောင်မုန်းလပြည့်နေ့_ သောကြာနေ့(Friday)
သိရှိခွင့်ရလိုကျေးဇူးပါ
ကျေးဇူးပါဗျာ
ဗဟုသုတရပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ခင်ဗျ
မရှိမဖြစ်ဆား၊ ခန္ဓာကိုယ်များ ဆုံးရှုံးမှုအများဆုံးဆား။
အပြစ်အပြောအခံရဆုံးဆား ၊ ပါလေရာဆား၊ ဈေးအပေါဆုံးဆား၊ တန်ဖိုးမထားဆုံးဆား ဆက်ရေးရမှာဆာတင်
ဟုတ်ကဲ့ပါကိုစိုး
ဆားနှင့်ပတ်သက်သော
ကျွန်နော်မသိသေးသော
အကြောင်းအရာများကို
ဖတ်ရှုခွင့်ရခဲ့သောကြောင့်
ကျေးဇူးတင်မိပါတယ်
တစ်ခုခုကို ရရှိသွားတယ်ဆို တကယ်ကို အပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ ကျေးဇူးလည်းတင်ပါတယ်
ထက်၍ပြန်ကြားပေးလာသောကြောင့်
အထူးကျေးဇူးတင်မိပါတယ်ကိုစိုး
ဆားအကြောင်း ပြည့်စုံစွာသိရတာ ကျေးဇူးဗျာ
ကျေးဇူးတင်ပါတယ် မပြည့်စုံပါ အနည်းငယ်သာရှိပါတယ်ဗျာ
အိုင်အိုဒင်းဆား
အိုင်အိုဒင်းအတာဦး
ဟိုက် ဆားတက်နေပီ
ann သူလည်း bitcoin နဲ့ရောတက်တယ်နေမှာ
ပါလေရာဖြစ်ပေမယ့် ဈေးမတက်နိုင်ရှာပါဘူးကွယ်ရို့
တပိသာမှာ 600 ပါ
နောက်နေ့ကစပြီး ဘာဟင်းမှမစားတော့ဘူး။ဆားနဲ့ပဲစားတော့မယ်။
သွေးတိုး ဆီးချို နှလုံးနဲ့ ဥနှောကသွေးကြော ပြတ်မှာကြောက်ဖူးလား
ဆရာသမားပို့စ်ကိုအားပေးတဲ့အနေနဲ့စားမှာပဲပြတ်ပြတ်😁
ဆား အကြောင်းစုံလင်စွာသိရ
ကျေးဇူးပါကိုစိုး
အသိတခုတိုးသွားတယ်ဆိုဝမ်းသာပါတယ်ဗျာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews/crimsonclad, and netuoso. The goal is to help Steemit grow by supporting Minnows and creating a social network. Please find us in the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
Thanks