ပူတဲ့အိုး သွားစားခြင်း

in MSC5 years ago

မင်္ဂလာပါမိတ်ဆွေအပေါင်းတို့

တစ်နေ့တစ်နေ့ စာရေးတင်နိုင်ဖို့အရေး စဉ်းစားတွေးတောနေရတာ တစ်ခါ တစ်ခါ အတွေးလွန်နေတာနဲ့ ကိုယ်လုပ်နေတဲ့အလုပ်တောင် မေ့မေ့သွားသဗျ။ တွေ့ကြုံလာတဲ့ အြဖစ်အပျက်လေးတွေ သွားလာ လှုပ်ရှားခဲ့တဲ့အဖြစ်အပျက် အတွေ့အကြုံလေးတွေကို ခေါင်းထဲမှာမှတ် စာစီရေးနေကြရတာပဲမဟုတ်လားဗျ။ ခုလည်း စာရေးစရာ ကုန်ကြမ်း စဉ်းစားမရလေတော့ မနေ့ညက ကလေးတွေနဲ့ သွားစားခဲ့တာလေးပဲ ရေးတင်လိုက်ပါတယ်။ အမှန်တော့ မနေ့က ကိုဟိန်း နဲ့ ကိုဒွန်တို့ ပဲပလတာတို့ မုန့်ဟင်းခါးရည်တို့ တင်ကတည်းက တင်မလို့ စိတ်ကူးဖျက်ပြီး ဒီနေ့မှ တင်လိုက်တာပါ။ နို့မို့ဆို ဒီလူတွေ တိုင်ပင်ထားတယ် မှတ်နေကြအုံးမယ်လေ 😆


n3e6kh.jpg


အခြားအကြောင်းအရာကို ရေးဖို့ မစဉ်းစားနိုင်သေးသလို တိုးတက်ရေး ကြီးပွားချမ်းသာရေး ကျန်းမာရေး လူမှုရေးတွေကို ဒီအချိန်ရေးနေလည်း ဖတ်မယ့်သူရှိမှာမှ မဟုတ်တာ။ ‌ခုလည်းဖတ်မှ မဖတ်ကြတာပဲ။ ဒီတော့ကာ ရေးချင်တာရေးတာပေါ့ 😁😁😁 အခုရေးချင်တာ မနေ့ညကအိမ်မှာ ထမင်းရော တွဲဖက် ဟင်းလျာကော အဆင်မပြေတဲ့အပြင် ကလေးတွေကလည်း ပူတဲ့အိုး(Hot Pot)😜 စားချင်တယ်ပြောတာနဲ့ မိသားစုလိုက် အဲဒီ ပူတဲ့အိုး ကို သွားစားဖြစ်တယ်ဗျို့__ အသားတွေ အသီးအရွက်တွေကြိုက်တာ ယူထည့်စားရတဲ့ ဟော့‌ပေါ့က ကျုပ်အကြိုက်မဟုတ်‌တဲ့အပြင် အချို့အသားတွေက အိုးလေးထဲ တပွက်ဆူလောက်နဲ့ မနူးလေတော့ သွားမကောင်းတဲ့ ကျုပ်အဖို့ အတော်ဒုက္ခရောက်တဲ့ အစားအစာ တစ်ခုပေပဲ။


lwt0fo.jpg


dj8m9m.jpg


ad651t.jpg


တန်ကြေးကတော့ မဆိုးပါဘူး။ လူငယ် လူရွယ်တွေလို အစာကြေလွယ်သူတွေအတွက် ‌တန်ပါတယ်။ လူတစ်ယောက်စာကို (၃၀၀၀)ကျပ်ပဲကျတယ်ဆိုပဲ။ မဝမချင်း ကြိုက်သလောက်ထည့်စား၊ ကြိုက်တဲ့ အသားငါး ထည့်စားလို့ ရတဲ့အပြင် ဖျော်ရည်တောင်သောက်လို့ရသေးသဗျ။ ကျုပ်ကလည်း ဟော့ပေါ့လည်းကောင်းကောင်းမစားဖြစ်တော့ အလကားရတဲ့အပိုဆောင်း ဖျော်ရည်၊ သစ်သီးတွေ အဝတွယ်တာပ 😁 အရှုံးခံလို့တော့ မဖြစ်ဖူးလေ။


imi3yk.jpg


hu1r1o.jpg


ဗိုက်ဝပြဲနေအောင် စားသောက် မိသားစုတွေ စကားတွေအလုအယက်‌ပြောဆိုကြပြီး ည (၁၀)နာရီလောက်မှ အဲဒီ ဟော့ဆိုင်ကနေ ထပြန်လာခဲ့ရတယ်။ မပြန်လို့ကလည်း မဖြသ်ပေဘူး‌။ ဆိုင်ကလည်းပိတ်နေ‌ပြီ။ အိမ်လည်းရောက်ရော ဗိုက်တင်းတင်းနဲ့ ဘာအလုပ်မှ မလုပ်နိုင်တော့ပဲ အိပ်တဲ့အလုပ်ပဲ လုပ်နိုင်တော့တဲ့အတွက် အိပ်စက်လိုက်ရပါတော့တယ်။


@ansoe. MSC 012


zu9ngw.png

Sort:  

Hot Pot 3000 ဘယ်မှာ ရလဲဗျ။
ဈေးချိုလှ သွားစားဦးမှပါ ပို့စ်တစ်ခုလောက်ရအောင်။

ရွာထောင် မူလတန်းကျောင်းနားမှာဟ သွားစားချေ ပို့လည်းရတာပ 😆

ပုံတေကြည့်တာနဲ့ စားချင်လိုက်တာ

စားကြည့် အားရှိဆိုပဲ

Coin Marketplace

STEEM 0.13
TRX 0.23
JST 0.031
BTC 84186.52
ETH 1874.32
USDT 1.00
SBD 0.74