လိင်မှုပညာရေး (SEX EDUCATION)

in #myanmar7 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,

ဒီတစ်ခါတော့ အနာဂတ်လူငယ် လူရွယ်များအတွက်လိင်မှုပညာပေး ဆောင်းပါးလေး ရေးလိုက်ပါတယ်။ ဖတ်ဘူး မှတ်ဘူး သည်တို့မှ မှတ်မိသလောက်လေးများကို ဗဟုသုတအတွက် ရည်ရွယ်ရေးသားလိုက်ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အဓိကထားကိုးကွယ်သော နိုင်ငံဖြစ်ပေသည်။ ထိုသို့သောအကြောင်းများကြောင့် ကျွန်တော်တို့သည် လိင်မှုကိစ္စများနှင့်ပတ်သက်ပြီး အရွယ်မရောက် သေးသော ကလေးသူငယ်များ၊ အရွယ်ရောက်စ လူငယ်လေးများ၏ ရှေ့တွင် လိင်ကိစ္စများ မပြောမိစေရန် အင်မတန်ဆင်ခြင်ကြပေသည်။ ကျွန်တော်တို့၏ စိတ်ထဲတွင် ထိုသို့သော လိင်ကိစ္စများ လူငယ်များရှေ့တွင် ပြောကြားမိလျှင် လူငယ်များက လက်တည့်စမ်းချင်လာကြမည်ကိုလည်း စိုးရိမ်မိ ကြပေသည်။ အခြားသောမိန်းမပျက် တနည်းအားဖြင့်ဆိုရသော် ပြည့်တန်ဆာများနှင့် ပျော်ပါးယဉ်ပါး ပြီး စာရိတ္တပျက်စီးမည်ကိုလည်းကောင်း၊ HIV လိုရောဂါဆိုးများ ကူးစက်ခံရမည်ကိုလည်းကောင်း စိုးရိမ်ကြပေသည်။ ထိုကဲ့သို့ အရွယ်ရောက်စလူငယ်များသည် လိင်မှုကိစ္စအား အိမ်ထောင်မကျမီ အချိန်တွင် စောစီးစွာသိရှိခဲ့ပါက ထိုလူငယ် လူရွယ်များအတွက် ကြီးစွာသော ဒုက္ခ၊ ကြီးစွာသော အန္တရာယ်များနှင့် ကြုံတွေ့မည်ကို လူကြီးမိဘများမှ အလွန်အမင်းစိုးရိမ်ကြပေသည်။ အမှန်တကယ်ဖြစ်သင့်သည်မှာ အရွယ်ရောက်စ လူငယ် လူရွယ်များအား လိင်မှုပညာပေးကိစ္စများကို နားလည်လာအောင် သဘောပေါက်လာအောင် သင်ကြားပေးထားသင့်ပေသည်။


sex education.png

Image From Google


ထိုကဲ့သို့ ပညာပေး ဆောင်ရွက်ထားခြင်းမရှိသောကြောင့် နိုင်ငံခြားတိုင်းပြည်သာမက ကျွန်တော်တို့နိုင်ငံမှာပင်လျှင် လက်ထပ်ထိမ်းမြားခြင်း မပြုရသေးမီမှာပင် အတူနေထိုင်ခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်အချိန်ကပင် ကိုယ်ဝန်ရကြခြင်း၊ ထိုသို့ကိုယ်ဝန်ဆောင်ရသည့်အခါ အရှက်တကွဲအကျိုးနည်းဖြစ်မည်ကို ထပ်မံစိုးရိမ် ကြရခြင်း၊ စိုးရိမ်မှုကြောင့် ရရှိလာသောကိုယ်ဝန်ကို တရားမ၀င်သော ဆေးဝန်ထမ်းများ၊ အရပ်လက်သည်များ နှင့် ကိုယ်ဝန်ဖျက်ချကြခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် အသက်အန္တရာယ် ထိခိုက်ကြရခြင်း၊ မိမိတို့ကိုယ်တိုင်ကပင် ကိုယ်ဝန်ရှိမှန်းမသိသောကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးကိုမွေးပြီးသည်နှင့် ဖခင်အမည်တပ်စရာမရှိသဖြင့် စွန့်ပြစ်ခံကလေးသူငယ်များ များပြား လာခြင်း စသည့် ဆိုးကျိုးများ ခံစားနေကြရပေသည်။ ယခုမျက်မှောက်ကာလတွင် ဖခင်အမည် တပ်ရန် မဖြစ်နိုင်သော ကိစ္စများကြောင့်လည်း ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခြင်းများကို တွေ့မြင် ကြားသိနေရသည်မှာ အလွန်စိတ်မကောင်းစရာဖြစ်ပါသည်။

Untitled-1.png

Image From Google


ဘာကြောင့်လဲ ဘာတွေစိတ်ညစ်စရာရှိလို့ သေကြောင်းကြံစည်ကြတာလဲ စသဖြင့်လည်း ကိုယ်ထင်ရာကိုယ် တွေးတော ပြောဆိုကြပေါသည်။ လိင်မှုကိစ္စများကို ပညာပေးဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ထိုကဲ့သို့သော ပူပင်သောကရောက်စရာများ နှင့် ကြုံတွေ့ရပါလို၏ လို့ဆုမတောင်းရဘဲနှင့် အလိုလိုပြည့်စုံကုန်ကြသည်။ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ပျက်နေကြရသော တရားခံသည် အဘယ်သူဖြစ်သနည်း။ တကယ်ဖြေရှင်းရမည့် အကြောင်း ရင်းက အဘယ်နည်း။ ပြသနာတစ်ရပ်ကို အဖြေရှာရာတွင် အဓိကအကြောင်းရင်းကို ရှာမတွေ့သေး သရွေ့ ဖြစ်ပေါ်နေသော ပြသနာသည် ပြီးဆုံးသွားမည်မဟုတ်သည်မှာ အလွန်သေချာပါသည်။ သို့ဆိုလျှင် လူကြီး မိဘ များအနေဖြင့် အဘယ်သို့သောအကြောင်းအရာကို ဖြေရှင်းသင့်ပါသနည်း။ ဒီနေရာမှာ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်များအား ရေးသားသွားပါမည်။ ထို့အတွက် အမှားအယွင်းများ သဘောထားမတိုက်ဆိုင်မှုများပါရှိပါက သဘောထားကြီးကြီးဖြင့် ဘာမှ မသိသူ တစ်ယောက်အား နည်းပေးလမ်းပြ လုပ်ပေးကြပါရန်လည်း တောင်းပန်အပ်ပါသည်။ အရွယ်ရောက်စ လူငယ်များသည် အင်မတန်ဥာဏ်ကောင်းကြပါသည်။ ထို့ကြောင့် လူကြီး မိဘများ အနေဖြင့် လိင်မှုပညာပေးများဆောင်ရွက်သင့်ပါသည်။


teach.png

Image From Google


လိင်မှုကိစ္စ မှ မဟုတ်ပါ/ အခြား အခြားသော ကိစ္စများတွင်လည်း ထိုကိစ္စတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ကျနသေချာစွာ သင်ကြားပေးပါက သူတို့ကိုယ်တိုင် အကောင်းအဆိုးကို နားလည် လက်ခံပြီး ဆောင်ရန် ရှောင်ရန်ကိစ္စများ လုပ်ဆောင် သွားနိုင်မည်ဟု ယုံကြည်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ထိုလူငယ်များအပေါ်တွင် တည်နေသည့်အတွက် လူငယ်များကို အကောင်းအဆိုး နားလည်အောင် ပညာပေးမှုများ ဆောင်ရွက် သင့်သည်ဟု ထင်မြင်မိပါသည်။ အခြားသောတိုင်းပြည်များတွင် လွန်ခဲ့သောနှစ်များစွာကပင် နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ အကုန်အကျခံကာ လိင်မှုပညာပေးကိစ္စများကို ဆောင်ရွက်နေပြီဖြစ်ကြောင်းကို သိရှိရပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ယနေ့အချိန်အထိ ထိရောက်သော လိင်မှုကိစ္စပညာပေး အစီအစဉ်များ မမြင်မိသေးပါ။ နုံနဲ့သော ကျွန်တော့်၏ ဗဟုသုတကြောင့်ဖြစ် တန်ရာ၏။


hiv.png

Image From Google


ယနေ့အချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် AIDS ရောဂါဝေဒနာကို ခံစားနေကြရသော လူပေါင်း သိန်းချီရှိနေသလို မိမိကိုယ်ကို အဆုံးစီရင်သွားကြသော မိန်းကလေးငယ်များလည်း ဒုနဲ့ဒေး မိဘမဲ့စွန့်ပစ်ခံကလေးငယ် ပေါင်းများစွာပင် ရှိနေကြောင်း ဖတ်ရှုနေရသည်ကိုလည်း အလွန်အင်မတန် စိတ်မကောင်းဖြစ်မိပါသည်။ အဓိကအားဖြင့် လိင်ပညာပေးကို မည်သို့ပညာပေးသင့်ပါသနည်း။ မည်သည့်နေရာများတွင် ပေးသင့်ပါသနည်း။ စဉ်းစားမိတာပြောကြည့်တာပါဗျာ။ ကျွန်တော်လည်း ဘာမှ မလုပ်နိုင်ပါ။ အဓိကအားဖြင့်ဆိုလျှင်တော့ မိဘများက အဓိကထားရမည်ထင်ပါသည်။ လက်ဦး ဆရာဖြစ်သည့်အားလျော်စွာ မိမိတို့၏ ရင်နှစ်သည်းချာ သားသမီးရတနာလေးများအား သိသင့် သိထိုက်သော ပညာပေးထားသင့်သည်ထင်ပါသည်။ သားသမီးများကို ကျောင်းသို့ပို့ထားပြီး စာသင်ခိုင်းလိုက်ခြင်းဖြင့် မိဘတို့၏ တာဝန်ဝတ္တရားများ ကျေပွန်သွားသည်ဟုမဆိုသာပါ။ သူ့အချိန် သူ့အရွယ်နှင့်သူ သိသင့် သိထိုက်သော လိင်ပညာပေးထားသင့်ပါသည်။ သမီးမိန်းကလေးဖြစ်ပါက မိခင်မှ သားယောက်ျားလေးဖြစ်ပါက ဖခင်ဖြစ်သူမှ သိသင့် သိထိုက်သော လိင်မှုကိစ္စများအား သင်ကြားပေးထားသင့်သည်ဟု ထင်မြင်မိပါသည်။ အခြားတစ်ဖက်မှလည်း လူငယ် လူရွယ်များအား စာရိတ္တပိုင်းအားဖြင့် ကောင်းမွန်အောင် လမ်းညွှန်ပြသ သင်ကြားပေးရန်လိုအပ်ပါသည်။


teach ur child.png

Image From Google


အခုခေတ် လူငယ်တွေ ဆိုးသွမ်းလာတယ် ဆိုသောစကားတွင် မည်သူတို့တွင် တာဝန်ရှိပါသနည်း ဟု ဆန်းစစ် ကြည့်ပါက အဓိကအားဖြင့် လက်ဦးဆရာများ ဖြစ်ကြပါကုန်သော အမိ အဖ တို့တွင် တာဝန်ရှိ ပေသည်။ အကောင်း အဆိုး အကြောင်း အကျိုး ကို သိနားလည်အောင် ရှင်းပြနိုင်ရေးမှာလည်း ခက်ခဲနိုင်ပါသည်။ မိဘများ ကိုယ်တိုင်က အသိပညာ ဗဟုသုတ ပြည့်စုံမှသာ ရှင်းလင်းနိုင်မည်ကိုလည်း မိဘဖြစ်သူများ သိရှိထားရမည်ဖြစ်ပါသည်။ မိဘများ ကိုယ်တိုင်မှ သားသမီးများကို ကောင်းအောင် လမ်းညွှန်ပြသ ရမည်ဖြစ်ပါသည်။ သို့မှသာ လူငယ် လူရွယ်များသည် သူတို့ကိုယ်တိုင်မှ ကောင်းမှု မကောင်းမှု ကို နားလည် ဆုံးဖြတ်နိုင်ကြမည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်ခင်ဗျာ။


15171-sexuallyabusedreuters-1355469694-675-640x480.jpg

Image From Google


အနာဂတ် မြန်မာနိုင်ငံတော်ကြီးအား ဦးဆောင် ဦးရွက်ပြုကြမည့် လူငယ် လူရွယ်များ အမှန်တရားကို နားလည်လာစေလိုသော စေတနာ ဆန္ဒဖြင့်လည်းကောင်း၊ မသိနားမလည်ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးရလာဒ်များကို မဖြစ်ပေါ်စေလိုသော စေတနာ ဆန္ဒဖြင့်လည်းကောင်း ရေးသားခြင်းဖြစ်ပါကြောင်း နှင့် အနာဂတ်လူငယ် လူရွယ်များ ပိုးကိုက်သည့် ပန်းကလေးများ မဖြစ်ကြပါစေနှင့်လို့ ဆုမွန်ကောင်းတောင်းရင်းဖြင့် ရပ်နားလိုက်ပါသည်။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

4-9-2017(Monday)

Sort:  

great post ansoe! keep it up! and thanks again for following!

thanks bro

sex education ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်ပါတယ်။ ဆရာ့စာဖတ်ပြီး ၁၀ တန်းတုန်းက Bio မှာ Reproduction အကြောင်းသင်မယ့်နေ့မှာ ကျောင်းသူတစ်ဝက် လောက်ကျောင်းပျက်တာကို အမှတ်ရမိတယ်။

ဗဟုသုတအဆင့်မဟုတ်ပဲ ပညာပေးအဆင့် အမှန်လိုအပ်နေပါတယ် ကျေးဇူးပါ

ဆရာ့ပို့တ်က အထောက်အကူပြုပါတယ်...ဒီလို ပညာပေးပို့တ်တို့၊ကျန်မာရေးပို့တ်တို့ကို steemit myanmarမှာ များများရေးသင့်ပါတယ်...

ကျေးဇူးပါခင်ဗျာ အကျိုးပြုတယ် အသိတိုးတယ်ဆိုဝမ်းသာပါတယ်ဗျာ

ကျေဇူးပါဘဲ

ဟုတ် ဟုတ် ဖတ်ပေးပီး မန့်ပေးလို့ကျေးဇူးပါဗျာ

မှန်ပါတယ် အကို ။sex education ကတကယ်ကို ထိထိရောက်ရောက်လုပ်ဖို့လိုအပ်တဲ့အရာတခုပါ။

တင်းကျပ်ထားမိတော့ ခိုးကြောင်ခိုးဝှက်လုပ် မသိနားမလည်တော့ အမှားတွေဖြစ်ကြတာ ပညာပေးအစီအစဉ်တွေမရှိသေးလို့ပါ အခုလို ဖတ်ရှုဝေဖန်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ

ကျေးဇူးပါဗျာ

ပညာရပါတယ် ကျေးဇူးပါ

ဟုတ်ကဲ့လာရောက်ဖတ်ရှုပေးသည့်အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ

thanks for sharing knowledge,brother!

အခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67706.36
ETH 2616.68
USDT 1.00
SBD 2.72