မိသားစု (Family)

in #myanmar9 years ago (edited)

အားလုံးသော Steemit မှ ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians,

မိသားစုဆိုသော နွေးထွေးသော/ ပူလောင်သော၊ မေတ္တာဖြင့် ပြည့်လျှမ်းနေသော/ဒေါသမီးများပေါက်ကွဲနေသော အသိုင်းအ၀ိုင်းလေးတစ်ခုအကြောင်း စဉ်းစားမိသမျှ ပို့တင်ရပါသည်ခင်ဗျာ။

Untitled-1 copy.png

မိသားစု ဆိုသောစကားစုနှင့်ပတ်သက်ပြီး ကျွန်တော်၏အမြင်ကို ရေးသားသွားမည်ဖြစ်ပါသည်။ ကျွန်တာ့်အမြင်ဟု ဆိုရခြင်းမှာ ကျွန်တော်တို့မြန်မာတွင် မိသားစု ဟူသောစကားရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တိတိကျကျကို ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့် ရှာမရဖြစ်သောကြောင့်ဖြစ်ပါသည်။ မိသားစုဆိုသည်မှာ ယနေ့ခေတ်ကာလအမြင်နှင့်ပြောကြည့်ပါမည်။ ဟိုးရှေးရှေးတုန်းက အာဒံ တို့ ဧ၀ တို့ခေတ်ကို ကျွန်တော်မပြောပြနိုင်ပါ။(ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော် ဘယ်ဘ၀သို့ ရောက်နေမှန်းမသိလို့ပါခင်ဗျာ)

မိသားစုဆိုသည်မှာ အမှန်တကယ်အဓိပ္ပါယ်ဖွင့်ဆိုကြည့်မည်ဆိုလျှင် အမိုးအကာတစ်ခုအောက်တွင် အေးအတူ ပူအမျှ အတူတကွနေထိုင်ကြသူများကို ခေါ်ဆိုနိုင်မည်ထင်ပါသည်။ (ဒီနေရာမှာ အတူတကွနေထိုင်ကြသော လူများဟု မသုံးစွဲခြင်းမှာ တိရစ္ဆာန်များသည်လည်း အတူတူပင်ဖြစ်ပါသောကြောင့် လူအုပ်စု ဟု မသုံးစွဲ ခြင်းဖြစ်ပါကြောင်း) အမိုးအကာတစ်ခုအောက်မှာ အတူတကွ နေထိုင်ကြသူများဟုဆိုလိုက်သောအခါ အလုပ်အတူတူလုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများ ၊ အဆောင် အခန်း စသည် ငှားရမ်းပြီး နေထိုင်ကြသော လူများသည် မိသားစုများဟုပင် ခေါ်ဆိုသင့် ခေါ်ဆိုထိုက်မည်ထင်ပါသည်။

Family from Wikipidia : https://en.wikipedia.org/wiki/Family

The True Meaning Of Family

For more information : https://www.theodysseyonline.com/the-true-meaning-of-family

How Do You Define ‘Family’?

More information:https://learning.blogs.nytimes.com/2011/02/24/how-do-you-define-family/?mcubz=3

Definition of family

families

  1. 1 : a group of individuals living under one roof and usually under one head : household
    For more info : https://www.merriam-webster.com/dictionary/family

How do you define a family?

• Family is defined as a specific group of people that may be made up of partners, children, parents, aunts, uncles, cousins and grandparents. http://www.yourdictionary.com/family
Read more at http://www.yourdictionary.com/family#wQzYvoFMYoshp7Qk.99

all the people living in the same house; household
Read more at http://www.yourdictionary.com/family#mLUOme8LoBYmT5AX.99

family.png

မိသားစုဆိုသည်မှာ တစ်ဦးကို တစ်ဦး အပြန်အလှန် နွေးထွေးကြင်နာစွာ ဆက်ဆံခြင်း၊ တစ်ဦးနှင့် တစ်ဦး ဖေးမကူညီကြခြင်း၊ တစ်ဦးအခက်အခဲကို တစ်ဦးမှ ကူညီဖြေရှင်းပေးကြခြင်း၊ တစ်ဦးအတွေ့အကြုံ ခံစားချက် စသည်တို့ကို အပြန်အလှန်ကူညီနေထိုင်ကြသူများဟု ထင်ပါသည်။(ကျွန်တော်အထင်သာဖြစ်ပါကြောင်း) မိသားစုတစ်စု ဖြစ်ပေါ်လာပုံကို လေ့လာကြည့်မည် ဆိုပါလျှင်တော့ မိသားစုတစ်စု အဖြစ် ပေါ်ပေါက်လာရန် ဖခင်(ယောက်ျား)၊ မိခင်(မိန်းမ) စသည့် လိင်မတူနှစ်ဦး၏ ကာမစပ်ယှက်မှုကစတင်မည်ဖြစ်ပါသည်။ ထို့နောက်တွင်မှ သားများ သမီးများ မွေးဖွားကာ ဆင့်ကဲ ဆင့်ကဲ ဖြစ်စဉ်များဖြစ်ပေါ်လာပြီး မိသားစုမျိုးနွယ် တစ်ခုဖြစ်ပေါ်လာသည် ထင်ပါသည်။

family 0.png

မိသားစုတစ်စု၏ စား ၀င် နေ ရေး လည်ပတ်ပုံကို လေ့လာကြည့်မည်ဆိုပါက ဖခင်(ယောက်ျား)ဖြစ်သူ၏ ဦးဆောင်မှုအောက်တွင် (မိန်းမ) ဖြစ်သူက လိုက်လံကြသည်မှာ ရှေးယခင်ကတည်းဖြစ်သည်။ ထိုနောက်တွင်မှ မွေးဖွားလာသော သားသမီးများအား စားရေး ၀တ်ရေး နေထိုင်ရေး လူမှုရေးကဲ့သို့သော အရေးအရာ တို့အတွက် ငွေကြေးလိုအပ်သည်ဖြစ်သဖြင့် ငွေကြေးရရှိနိုင်ရေးအတွက် ဖခင်(ယောက်ျား)ဖြစ်သူမှ ကြိုးပမ်းလုပ်ကိုင်ပြီး ရရှိလာသောငွေကြေးကို မိခင်(မိန်းမ)ဖြစ်သူမှ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလိုပင် ငွေကြေးအလေအလွင့်မရှိအောင် စီမံခန့်ခွဲပြီး မိသားစုအားလုံးတို့အတွက် တာဝန်ယူကာ စား ၀တ် နေ ရေး တို့အတွက် ဖြေရှင်းကြပေသည်။ ထိုကဲ့သို့ လည်ပတ်နေထိုင်ခြင်းအားဖြင့် နွေးထွေးသော ကြင်နာသော ပျော်ရွှင်ဖွယ်ကောင်းသော အသိုင်းအ၀ိုင်းလေးတစ်ခု တနည်းအားဖြင့် မိသားစု အဖြစ်ရောက်ရှိ လာကြသည်ထင်ပါသည်။ တိရစ္ဆာန်များတွင်လည်း မိသားစုဘ၀ရှိသည်ကို လူတိုင်းသိရှိပြီးဖြစ်ပါသည်။ လူနှင့်တိရိစ္ဆာန်တို့၏ မိသားစုဘ၀နေထိုင်မှုကတော့ ကွာခြားသည်ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။ သို့သော် မေတ္တာတရားကတော့ မိသားစု အုပ်စုတစ်ခုအတွင်း အတူတူပင်ဖြစ်ပါမည်။


Amazing Wild Animal Souls, Love, Families, Babies, Parenting Behavior. Humans Have Much To Learn

Souce : YouTube


ယခုမျက်မှောက်ခေတ်ကာလတွင်မတော့ ယောက်ျား တစ်ဦးတည်းရှာဖွေသောငွေကြေးသည် မိသားစုတစ်စု မဆိုထားနှင့် ထိုယောက်ျား ထိုမိန်းမ နှစ်ဦးတို့ အတွက်ပင် လုံလောက်မှု မရှိသောကာလ ဖြစ်နေပေပြီ။ ယောက်ျား မိန်းမ နှစ်ဦးစလုံးက ငွေကြေးရရန်အတွက် ရှာဖွေနေကြရပြီး မိန်းမများသည်လည်း ယောက်ျားဖြစ်သူ၏ ဦးဆောင်မှုအောက်တွင် တရိုတသေနေထိုင်သော အိမ်ထောင်စု တဖြည်းဖြည်း နည်းပါးလာပြီ ဖြစ်သည်ကို တွေ့မြင်နေရပါသည်။

ထိုသို့ဆိုလျှင် မိသားစုဆိုသည်မှာ တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစား ချစ်ခင် ကြင်နာခြင်းများဖြင့် လည်းကောင်း၊ အခက်အခဲကြုံနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေး ညှိနှိုင်း တိုင်ပင် ဖြေရှင်းခြင်းဖြင့်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး ကျန်းမာရေး ချို့ယွင်းနေချိန်တွင် ဖေးမ ကူညီ စောင့်ရှောက်ခြင်းအားဖြင့်လည်းကောင်း နေထိုင်နိုင်ကြမှာသာလျှင် မိသားစုအဖြစ် သတ်မှတ်ခေါ်ဆိုနိုင်မည်ထင်ပါသည်။ ကျွန်တော်ထိုကဲ့သို့ပြောကြားခြင်း၏ ပြောင်းပြန် စဉ်းစားကြည့်မည်ဆိုပါက ချစ်ခင်ကြင်နာခြင်း မရှိတော့လျှင်၊ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းခြင်းမရှိတော့လျှင်၊ ဖေးမ ကူညီ စောင့်ရှောက်ခြင်း မရှိတော့လျှင် အတူနေမိသားစုဝင်ပင် ဖြစ်နေသော်လည်း မိသားစုဟု ခေါ်ဆိုနိုင်မည် မဟုတ်တော့ပါချေ။ မိသားစုဝင်မဟုတ်သော်လည်း မိမိအား အထက်ဖော်ပြပါအချက်များ နှင့်ကိုက်ညီလျှင် မိသားစုအဖြစ်သတ်မှတ်နိုင်မည် ထင်ပါသည်။ တစ်ခါတစ်ရံတွင် တရားဝင် သတ်မှတ်ထားသော မိသားစုများလုပ်မပေးနိုင်သောအချို့ကိစ္စများတွင် မိမိတို့၏ မိတ်ဆွေ အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်များမှ အကူအညီပေးလုပ်ကိုင်ဆောင်ရွက်တတ် ကြသည်ကို တွေ့ကြုံဘူးကြမည်ထင်ပါသည်။ ထိုကဲ့သို့သော မိတ်ဆွေ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများကိုလည်း မိသားစုအဖြစ် သတ်မှတ်ထိုက်သည်ထင်ပါသည်။ (ကျွန်တော် တစ်ဦးတည်း၏ အထင်အမြင်သာဖြစ်ပါကြောင်း)

တစ်ခါတစ်ရံ မိမိ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်၊ ကျန်းမာရေး ချို့ယွင်းနေချိန်တွင် ကူညီစောင့်ရှောက်အားပေးတတ်သောသူများသည် မိသားစုဝင်များဖြစ်ပြီး စောင့်ရှောက် ကူညီခြင်းမပြုသူများသည် မိသားစုဟု အမည်တပ်ထားသော်လည်း မိသားစုမဖြစ်နိုင်ဟုထင်ပါသည်။ သားသမီးများအားလည်း မိဘနှစ်ဦးစလုံးမှ မွေးဖွားချိန်မတိုင်မီ သန္ဓေတည်စဉ်အခါကပင် စတင်စောင့်ရှောက်ခဲ့ကြရပေသည်။ မိဘတို့သည် မွေးဖွားလာသော မျိုးဆက်သစ် ကလေးတို့အတွက် ပထမဦးဆုံးသောဆရာ သို့တည်းမဟုတ် လက်ဦးဆရာ (First teachers) များပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ပါ စရိယ မိ နှင့် ဖ ဟု တင်စားခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ရှေးယခင်အခါက ခေါင်ဆောင်ဦးစီးဖြစ်သူ ယောက်ျား၏ စကားကို လိုက်နာ ဆောင်ရွက် တတ်ကြသော်လည်း ယခုခေတ်ကာလ မိသားစုများတွင် ထိုကဲ့သို့သော အစဉ်အလာသည် ပပျောက် သလောက်နီးနီးဖြစ်နေပါသည်။ ဆုံးမမှုကို မနာခံတတ်ကြတော့ မလိုက်နာတတ်ကြတော့။

first teacher copy.png

အဖေတို့ အမေတို့ ဘာသိလို့လဲ ဘာနားလည်လို့လဲ ဆိုသော စကားများဖြင့် တုန့်ပြန်လာတတ်ကြသောခေတ် ပင်ပန်းကြီးစွာ ကိုယ့်အတွက်မငဲ့ သားသမီးများ ပညာရေးအတွက် ဆိုက်ကားနင်း အကြော်ရောင်း တံငါလုပ် အမျိုးမျိုးတို့ဖြင့် ငွေကြေးများရှာကာ တက္ကသိုလ်သို့ ရောက်ရှိအောင် ပညာတတ်ကြီးများဖြစ်အောင် ကျောင်းထားပေးခဲ့ကြပါသော၊ လက်ဦးဆရာ ဟုလည်းခေါ်ဆိုထိုက်သော၊ ဘုရားနှင့်ပင် တစ်ဂိုဏ်းထဲထားအပ်ကြပါသော အမိ အဖ တို့အား အမေတို့ အဖေတို့ ဘာသိလို့လဲ ဘာနားလည်လို့လဲ ဆိုသောစကားများဖြင့် ပညာသင်ပေးကျေးဇူး ကျွေးမွေးစောင့်ရှောက်ပေးခဲ့သောကျေးဇူးတရားတို့ကို ထိုနည်းအားဖြင့် ဆပ်တတ်သောခေတ်သို့ ရောက်ရှိလာပေပြီ။ ယခင်က အိမ်ထောင်ဦးစီးများအားလုံးသည် ရှာဖွေရသမျှပိုက်ဆံတို့ကို ဇနီးသည်အား အကုန်အပ်လေ့ရှိသော်လည်း ယခုခေတ်တွင်မတော့ အချို့ အချို့သောအိမ်ထောင်ဦးစီးသည် KTV သို့အချို့ ၊ အငယ်လေးများသို့ တစ်သွယ် အသီးသီးခွဲဝေပြီး နောက်ဆုံးမှသာလျှင် အိမ်မှဇနီးကြီးထံသို့ ငွေအပ်ကြလေကုန်ပြီဖြစ်ကြောင်းကိုလည်း တွေ့မြင်လာရပါသည်။ မိန်းမဖြစ်သူ ဇနီးသည်ကလည်း လင်ယောက်ျားအပ်နှံသောငွေများအား အကျိုးမဲ့မဖြစ်အောင် စီမံခြင်း စနစ်တကျသုံးစွဲခြင်းများလည်း အားနည်းလာကြပေသည်။ (အားလုံးသော မိသားစုမျာအား မဆိုလိုပါ။ ဒီအထဲမှာ အဲလိုလူမျိုးတွေ မပါလောက်ပါဘူး၊ အိမ်ရောင်းခိုင်းတဲ့သူလောက်ပဲတွေ့ရတယ် ဟီး)

မည်သို့သော မိသားစုပင်ဆိုစေကာမူ နွေးထွေးကြင်နာမှုမရှိတော့လျှင်တော့ စိတ်၏ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်းတို့သည်လည်းကောင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုများသည်လည်းကောင်း ဆုမတောင်းကြရပါဘဲ မကြောင့်ကျ မတောင့်တရဘဲနှင့်ပြည့်စုံကုန်ကြလေ၏။ အေးအတူ ပူအမျှ အတူနေပါမှ မိသားစု ဟု သတ်မှတ်နိုင်မည်ထင်ပါသည်ခင်ဗျာ။

ချစ်မိတ်ဆွေများခင်ဗျာ ချစ်မိတ်ဆွေတို့၏ မိသားစုသည်ကော အဘယ်သို့သော မိသားစုအဖြစ်ရပ်တည်နေကြပါသလဲခင်ဗျာ။

ပျော်ရွှင်သော မိသားစုလေးတစ်ခုကို ပိုင်ဆိုင်နိုင်အောင်ကြိုးစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းဖြင့် တော်သေးပြီ။

(အထက်ဖော်ပြပါ အကြောင်းအရာများသည် ကျွန်တော်၏ အမြင်များသာဖြစ်ပါသဖြင့် မှားယွင်းမှုများ ရှိနေလျှင်လည်း နားလည်တတ်ကျွမ်းသော ဆရာသမားအပေါင်းမှ Comment တွင် ပြုပြင် လမ်းညွှန် ပေးကြပါရန်လည်း တောင်းပန်အပ်ပါသည်)

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

24-8-2017(Thursday)

Sort:  

great post ansoe! keep it up! and thanks again for following!

Thanks you for all

Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews/crimsonclad, and netuoso. The goal is to help Steemit grow by supporting Minnows and creating a social network. Please find us in the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

မြန်မာစာ အဘိဓာန်မှာတော့ မိသားစု ကို အမိအဘနှင့်သားသမီးများအစုအဝေး လို့ပဲပြထားတယ်။ အိမ်ထောင်ရေး နဲ့ ပတ်သက်လို့တော့ တစ်ခုသိထားတယ် ဟောင်းနွမ်းဆွေးမြေ့လာတဲ့ အိမ်ထောင်ရေးကို ရန်ဖြစ်ခြင်းနဲ့ဆေးကြောရတယ် တဲ့။

အခုလိုလမ်းညွှန်ပေးတာ ကျေးဇူးပါဆရာ
အာ့ဆို ဆရာ နေ့တိုင်းရန်ဖြစ်ပေးရမယ်ထင်တယ်နော် ဆေးကြောနေမယ့်အစား အသစ်လဲလိုက်တော့မယ်ဆရာ

th.jpg

အသစ်လဲရင် လေ့ကျင့်နေရတာနဲ့ပျော်စရာကောင်းဘူး အသစ်တွေဘယ်လိုကောင်းပေမယ့် အဟောင်းကိုတဲ့မှတလယ်လယ် ဆိုတဲ့သီချင်းရှိတယ်လေ။

အနော်က အဲ့လိုလေ့ကျင့်ပေးရတာကိုပျော်ထာဆရာ အဟောင်းကို တလည်လည်ကတော့ဖြစ်နိုင်တယ်ဆရာ အချိန်တန်တော့ အိမ်ပြန်ကြရတာကိုးဆရာရဲ့ ကျေးဇူးဆရာ

good posts bro

ကျေးဇူးတင်ပါတယ်ဗျာ

ခေတ်စနစ် အလိုက်ပြောင်းလဲနေတဲ့ မိသားစုတွေရဲ့ အတွင်းရေးကို ထောက်ပြထားတဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ပါ။

ဟုတ် ခုလိုဝေဖန်ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ

Great post...
တယောက်နဲ့တယောက် နားလည်မှုနဲ့တည်ဆောက်ရမှာပါ။

ဟုတ် ဟုတ် မှတ်ထားလိုက်ပါပြီ

😃😃မိသားစုကို အရမ်းချစ်​ပါတယ်​😃😃

မိသားစုဆိုတာ ချစ်ချစ်ခင်ခင် အမြဲတမ်းဖြစ်နေရမှာပေါ့ဗျာ အမြဲတမ်းချစ်နေပါဗျာ

nice post,bro!

Thank you bro for your kind.

တချိန်ကြရင်တော့ Steemit Myanmar ပေါ်မှ အတွေးအမြင် ဆောင်းပါးများ ဆိုပြီး စာအုပ်ထုတ်ရအောင်

အဲလိုလုပ်ရမလိုဖြစ်နေပီဆရာ ကျွန်တော်က လိုင်းစုံရယ် နောက်နေ့တစ်လိုင်း ပြောင်းချင်ပြောင်းသွားမှာရယ် ကိုယ့်ခေါင်းထဲမှာ စဉ်းစားလာမိတဲ့အရာတွေကို စာစီရေးခြင်းသာဖြစ်ပါတယ်ဗျာ

ဘာပဲဖြစ်ဖြစ် စာစီဖို့ဆိုတာ စဉ်းစားရသေးတာ, ဘယ်လို ဘယ်ဝါ, ဦးနှောက်ကို အလုပ်ပေးရပြီလေ... တော်ရုံ ဦးနှောက်အစားမခံတဲ့ သူတွေတော့ Steemit မှာ စာမရေးနိုင်ဘူး။ ကိုယ်ပိုင်အရေးအသားလည်းဖြစ်ရမယ်, ပုံတွေလဲပါရမယ်။ တွေ့ကရာပုံလည်းမဖြစ်ရဘူး... ဆိုတော့...

ကျေးဇူးပါဆရာ ကြိုးစားနေပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.082
BTC 62530.03
ETH 1633.28
USDT 1.00
SBD 0.44