အောင်မြင်ခြင်း နှင့် ငွေရှာခြင်း (Success And Earning)

in #myanmar7 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



success copy.png

Image from google


လူ့လောကကြီးမှာ လူအဖြစ်သို့ရောက်ရှိလာကြပြီး ငယ်စဉ်ဘ၀မှ ပညာတွေသင်အရွယ်ရောက်လာကြတဲ့အခါမှာ ငွေကြေး ကိုရှာဖွေလာကြရပါသည်။ ထို့သို့ငွေရှာဖွေကြရတာတွင် မှန်ကန်သောအသက်မွေးဝမ်းကြောင်းမှုသည် ယခုဘ၀ နောင်ဘ၀ (ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ) ကောင်းမွန်နေရန်အတွက် အရေးကြီးပါသည်။ ငွေရှာခြင်းအတတ်ပညာသည် ဘွဲ့ရရှိရန် မလိုအပ်ကြောင်းကိုလေ့လာသိရှိခဲ့မိပါသည်။ ဘွဲ့ရရှိပြီးသူအများစုသည် ငွေရှာခြင်းအတတ်ပညာကို ကောင်းမွန်စွာ တတ်ခြင်းမရှိကြောင်းကိုလည်း လေ့လာသိရှိခဲ့မိပါသောကြောင့် ယခုစာအားရေးဖြစ်ခဲ့ပါသည်။

ငွေရှာခြင်းအတတ်ပညာဟု ဆိုရာတွင် ငွေကိုများများ ရအောင်ရှာနိုင်ခြင်းကို ဆိုလိုပါသည်။ ငွေကိုလူတိုင်းရှာဖွေနေကြရပါ သည်။ သို့သော် ကျွမ်းကျင်မှု မရှိကြသောအခါတွင် မိမိတို့ လိုသလောက်မရရှိနိုင်ကြပါချေ။ ငွေရှာခြင်းအတတ်ပညာကို တတ်သိနားလည်ကြသောသူများသည်ကား ငွေကိုမည်ကဲ့သို့ ရှာဖွေရမည်ကို အလွယ်တကူ တတ်ကျွမ်းနေတတ်ကြပါသည်။ ကျွန်တော်သည် ငွေရှာကျွမ်းကျင်သူတစ်ယောက်မဟုတ်ပါ။ ယခုစာအားရေးသားခြင်းသည်လည်း ဗဟုသုအဖြစ်ရေးသားခြင်း သာဖြစ်ပါသည်။ ထို့ကြောင့် သည်းခံဖတ်ရှုပေးကြပါ။ အမှားမြင်လျှင် ပြင်ပေးကြပါ။ အောင်မြင်မှု နှင့် ငွေရှာခြင်းတို့သည် ဆက်စပ်တည်ရှိသည်ဟု ထင်မြင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ငွေအများအပြား ရှာနိုင်သော သူများသည် အောင်မြင် မှုရရှိနေသောသူများသာဖြစ်နေသောကြောင့်ပင်ဖြစ်ပါသည်။ လောကတွင် ကြားခံအဖြစ်ဆောင်ရွက်ပေးကြသော ပွဲစားများ အလွန်ပေါများကြပါသည်။ သို့သော် အောင်မြင်မှုရရှိနေကြသော ပွဲစားများသည်ကား ရှားပါမည်ထင်ပါသည်။ အောင်မြင်သောပွဲစားများသည်ကားအလွန်ဝင်ငွေဖြောင့်ကြသည်။ ငွေကို အလွယ်တကူ မပင်မပန်းရှာနိုင်ကြပေသည်။ ပွဲစားတိုင်းတော့ ထိုကဲ့သို့မဖြစ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။ အဘယ်ကဲ့သို့သူများက အောင်မြင်ပြီး အဘယ်ကဲ့သို့သူများက မအောင်မြင်ကြပါသနည်း။ အောင်မြင်ကြသူများကို လေ့လာ ကြည့်ပါက မိမိတို့အကြိုက်ကို ရှောင်ရှားတတ်ခြင်းသည် အောင်မြင်ခြင်း၏ အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်ကို လည်းကောင်း၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်သောသူများသည် အောင်မြင်မှုမရရှိကြသည်ကိုလည်းကောင်း တွေ့ရှိရပါသည်။ ထင်ရှားသော ဥပမာပေးရမည်ဆိုပါမူ လက်ဖက်ရည်ကြိုက်တတ်သူတစ်ယောက်က လ္ဘက်ရည်ဆိုင်ကို ထူထောင်သည် ဆိုပါစို့။ ထိုလ္ဘက်ရည်ဆိုင်ပိုင်ရှင်သည် ဖန်ချို အရသာရှိသော လက်ဖက်ရည်ကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် သူ့ဆိုင်သို့ လာရောက်အားပေးသူ ပရိသတ်အားလုံးကို သူ့အလွန်ကြိုက်နှစ်သက်သောအရသာရှိသည့် ဖန်ချို ကို အမြဲတမ်းဖျော်တိုက် မည်ဆိုပါစို့။ ထိုလ္ဘက်ရည်ဆိုင် ပိုင်ရှင်သည် အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါမည်လား။ အဖြေက ရှင်းနေပါသည်။လုံးဝ(လုံးဝ) မအောင်မြင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူကြိုက်တာ ကို သူလုပ်သောကြောင့် ဖြစ်နေမည်မဟုတ်ပါလား။ အခြားသူများကြိုက်မကြိုက်ကို သူအနေဖြင့်မစဉ်းစားပဲ သူကြိုက်သောအရာကိုသာ ပေးလိုက်သောကြောင့်ဖြစ်ပေသည်။ ထို့အတူ အခြားသော ကိစ္စရပ်များတွင်လည်း အတူတူပင်ဖြစ်ပါမည်။ ထပ်မံပြောပြပေးပါမည်။ သင်သည် အ၀တ်အစားများကို ၀တ်ဆင်ရာတွင် အကျီင်္များကို ကြိုက်နှစ်သက်တတ်ပြီး သင့် သူငယ်ချင်းဖြစ်သူသည် စပို့ရှပ်များကို ကြိုက်နှစ်သက်သည် ဆိုကြပါစို့။ သင့်သူငယ်ချင်း၏ မွေးနေ့မင်္ဂလာအတွက် မွေးနေ့ဆောင်အဖြစ် အမှတ်တရ အကျီင်္ပေးချင်သည်ဆိုပါက သင်ကြိုက်နှစ်သက်သော ရှပ် အကျီင်္ကို ပေးမည်လား သို့တည်းမဟုတ် သင့်သူငယ်ချင်းကြိုက်နှစ်သက်သော စပို့ရှပ်အကျီင်္ကို မွေးနေ့လက်ဆောင်ပေးမည်လား။ သူကြိုက်နှစ်သက်ရာကိုလက်ဆောင်ပေးမှသာလျှင် သင့်အားအမှတ်တရရှိနေမည်မဟုတ်ပါလား။


earning.png

Image from google


ထိုကဲ့သို့ပင် စီးပွားရှာကြသော တနည်းအားဖြင့် ငွေကိုရှာဖွေနေကြသော စီးပွားရေးပညာရှင်များသည် သူတို့အကြိုက်ကိုသာ လုပ်ခဲ့မည်ဆိုပါက အောင်မြင်နိုင်မည်မဟုတ်ပါ။ အောင်မြင်နေကြသူများသည် လူအများ၏ အကြိုက်ကိုသာ ဦးစားပေးခဲ့ကြ သူများဖြစ်ကြပြီး သူတို့၏အကြိုက်ကိုပယ်ဖျောက်ထားတတ်ကြပေသည်။ ခေတ်ပညာရပ်များသည် တတ်မြောက်ရန်လိုအပ် သော်လည်း ငွေကြေးရှာဖွေရာတွင် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဟု မသတ်မှတ်နိုင်ကြောင်းကိုတွေ့ရှိရပါသည်။ ယနေ့ ကမ္ဘာပေါ်ရှိလူအများကြားတွင် ရေပန်းစားပြီး လူတိုင်းသိ ကလေးသိ လူကြီးသိ သိနေကြသော ဆိုရှယ်မီဒီယာဖြစ်သော Facebook ကို တည်ထောင်သူ မတ်ခ်ဇူကာဘတ်_Mark Zuckerbergသည် ဟားဗက်တက္ကသိုလ်ကျောင်းထွက်တစ်ဦးဖြစ်ပြီး ဘွဲ့ရရှိသည်အထိ ကျောင်းမတက်ခဲ့ကြောင်း ဖတ်ရူမှတ်သားခဲ့ဖူးပါသည်။ ထို့အတူ ယခုကမ္ဘာတစ်ဝှမ်းလုံးက သိရှိနေကြသော Microsoft ကို တည်ထောင်သူ ဘီလ်ဂိတ်_Bill Gatesသည်လည်း ဟားဗက်တက္ကသိုလ်ကျောင်းထွက်တစ်ဦးဖြစ်ပြီး သူသည်လည်း ဘွဲ့ရရှိသည်အထိ ကျောင်းမတက်ခဲ့ကြောင်းဖတ်ရှုခဲ့ရပါသည်။ သို့သော် သူတို့နှစ်ဦးသည် ကမ္ဘာအရပ်ရပ်မှ လူအမျိုးမျိုးတို့၏ လေးစားအားကျ ဖွယ် အလွန်အောင်မြင်ကျော်ကြားနေသော သူနှစ်ဦးဖြစ်နေကြသည်မဟုတ်ပါလား။ ထိုသို့အကြောင်းကြောင့်ပင် ငွေကြေးရှာ ဖွေကြရာတွင် တက္ကသိုလ်မှ ဘွဲ့ရခြင်း၊ မရခြင်းသည် အဓိကမကျကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ တက္ကသိုလ်ပင် တက်ရောက်ခြင်းမရှိဘဲနှင့် လောကတွင် အောင်မြင်နေသူအများအပြားပင်ရှိပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ရှိပါသည်။ ထိုသူများသည် သူလို ငါလို သာမန်လူများသာဖြစ်ကြပြီး သို့သော် သူမတူသော အရည်အချင်းများနှင့်ပြည့်ဝသူ များ ဖြစ်ကြပေသည်။ ထိုသူတို့သည် လူအများဘာကို ကြိုက်နှစ်သက်သည်ကိုလည်း သိကြပါသည်။ သူတို့ဘာကိုကြိုက်နှစ်သက်သည်ကိုတော့ သူတို့ကိုယ်တိုင်သိချင်မှ သိကြပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။


mark zukar berk.png

Image from google


ကျွန်တော်တို့လူအများစုသည် လူတို့အားကြည့်မြင်ကြရာတွင် လက်ရှိရောက်နေသောနေရာကိုသာ ကြည့်ရှုတတ်ကြပါသည်။ ထိုအောင်မြင်နေသောသူတို့သည် ထိုနေရာသို့ရောက်အောင် လာရောက်ခဲ့ကြရသော လမ်းခရီးနှင့် တာတွက်ကို မကြည့် သည့်သူကသာများနေတတ်ကြပါသည်။ လက်ရှိနေရာရောက်အောင် မည်ကဲ့သို့သော အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ခဲ့ကြရသည်ကိုမူ စိတ်ဝင်စားရကောင်းမှန်းလည်း မသိဟုထင်မြင်မိပါသည်။ အောင်မြင်သော ငွေရှာသူတစ်ယောက်ဖြစ်စေရန် အတွက် အဓိကအရေးကြီးသောအချက်ကိုမေ့လျော့ နေခဲ့ကြသောကြောင့် ငွေကြေးရှာဖွေကြရာတွင်လည်း မအောင်မမြင် ဖြစ်နေကြသည်ထင်ပါသည်။ ကမ္ဘာတွင် အောင်မြင်ကျော်ကြားနေကြသူများအား လေ့လာမေးမြန်းထားချက်စစ်တမ်းများကို လိုက်လံလေ့လာပါက ယနေ့လူအများ အားကျအတုယူလောက်အောင် သန်းကြွယ်သူဌေးများဖြစ်နေကြသူများ၏ တာထွက်သည် ပင်ပန်းဆင်းရဲခြင်း၊ စုတ်ပြတ်ခြင်း မှတ်တိုင်မှ စတင်ခဲ့ရသူအများအပြားပင်တွေ့ရှိရပါသည်။ မိုက်ကယ်ဂျက်ဆင်သည် ကမ္ဘာပေါ်မှ လူအများအားကျ လောက်သည့်ဘ၀ကိုရောက်ရှိစေရန်အတွက် လမ်းဘေးလူမရှိသူမရှိ လမ်းကြိုလမ်းကြား၊ အိမ်ကြို အိမ်ကြားတွင် အကလေ့ကျင့်ခဲ့ရသည်ကို လူတိုင်းသတိရသင့်ပါသည်။ အောင်မြင်ခြင်း နှင့် ငွေကြေးရှာဖွေခြင်းသည် အတူယှဉ်တွဲနေတတ်သည်ကို သတိပြုမိပါသည်။ တစ်ချို့သောသူများသည်လည်း အောင်မြင်ခြင်း ကိုလည်း မမျှော်မှန်း၊ ငွေကြေးဥစ္စာများကိုလည်း မမျှော်မှန်းတတ်ကြပဲနှင့် လူအများ၏အကျိုးကိုသာ ကြည့်ရှုတတ်သည့် ခေါင်းဆောင်များကိုလည်း ကြားသိဖူးပါသည်။ ယေဘုယျအားဖြင့်သာ ရေးသားခြင်းဖြစ်သဖြင့် ထိုသူများအား ခြွင်းချက်အနေဖြင့်သာ ထားလိုက်ကြပါဟုလည်း ပြောကြားလိုပါသည်။


profess.png

Image from google


ပညာရေးသည် ဘ၀တစ်ခုလုံးအတွက် အောင်မြင်ရေးမဟုတ်ကြောင်းကို နားလည်သဘောပေါက်ထားစေလိုခြင်းဖြစ်ပါသည်။ ပညာသင်ကြားခြင်းသည် မကောင်းပါဟုဆိုလိုခြင်းမဟုတ်ကြောင်းကိုလည်း နားလည်သဘောပေါက်စေချင်ပါသည်။ တက္ကသိုလ်မှ ဘွဲ့မရရှိသူများသည်လည်း အားငယ်နေရန်မဟုတ်ပါ။ မိမိတို့၏ စိတ်ဝင်စားသော ပညာရပ်တစ်ခုကို အကုန်အစင်တတ်ကျွမ်းနားလည်စေရန်အတွက် သင်ကြားခြင်း၊ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်းဖြင့် ငွေကြေးများအား အလွယ်တကူရှာဖွေနိုင်မည်ဖြစ်ပါသည်။ ဘာမှမလုပ်ပဲနှင့်တော့ ဘာမှမဖြစ်နိုင်ပါချေ။ အဆိုတော် ကိုကိုင်ဇာ သီဆိုထားသောသီချင်းတစ်ပုဒ်ထဲကလို "ရုန်းရအုံးမယ် ငြိမ်နေလို့တော့ ဘ၀က ဒီထက် မြင့်မလာဘူး သွားရဦးမယ် ထိုင်နေလို့တော့ ခရီးတစ်ခုရောက်ဖို့ မဖြစ်နိုင်ဘူး ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး" ပေါ့ဗျာ။ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ကြောင်းကိုတော့ နားလည်ထားကြပြီး ကြိုးစားကြပါ။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များကြွေးကြော်တတ်သော စကားတစ်ခွန်းသည် "ကြိုးစားက ဘုရားပင် ဖြစ်နိုင်သည်" ဟူသောစကားပင်ဖြစ်ပါသည်။ တကယ်ကြိုးစားခြင်း၊ မကြိုးစားခြင်းတော့မသိပါ။ မဟာဇနကမင်း၏ လုံ့လ၀ီရိယများဖြင့် သမုဒ္ဒရာကြီးကိုဖြတ်ကူးနေသည်ကိုလည်း အားကျနေတတ်သလို လုံ့လ ၀ီရိယ အားမထုတ်ကြပါဘဲနှင့် မေခလာ ကယ်မည့်အချိန်ကိုသာ ထိုင်စောင့်နေသူများလည်း ရှိနေမည်ထင်ပါသည်။

အချုပ်ဆိုရသော် ငွေကြေးရှာဖွေခြင်းတွင်ဖြစ်စေ၊ အောင်မြင်စေရန်အတွက်ဖြစ်စေ မိမိအကြိုက်ကို လုပ်ဆောင်ခြင်းမပြုဘဲ လူအများအကြိုက်ကို လေ့လာခြင်းဖြင့်လည်းကောင်း၊ တက္ကသိုလ်မှ ဘွဲ့ရခြင်း မရခြင်းသည် မိမိတို့၏ အောင်မြင်ခြင်း၊ ငွေကြေး ရှာဖွေခြင်းတွင် အဓိကမကျသည်ကိုနားလည်ထားကြရန်လိုအပ်ခြင်း၊ မိမိအမှန်တကယ် စိတ်ဝင်စားသည့် ပညာရပ် ကို အမှန်တကယ် တတ်ကျွမ်းနားလည်အောင် ကြိုးစားထားခြင်းဖြင့် အောင်မြင်သော ငွေကြေးရှာသူ တစ်ယောက် ဖြစ်လာ စေမည်ဖြစ်ပါကြောင်း အကြံပြုရင်းဖြင့် ရပ်နားလိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

14-11-2017 အင်္ဂါနေ့(Tuesday)

Sort:  

My brother Burma is located in Myanmar

တန်​ဖိုးကှိလှပါတယ်​ bro😃😃​ကျေးဇူး ပါ

ကျေးဇူးပါခင်ဗျာ

အောင်မြင်ချင်တ်
ငွေလဲရချင်တယ် ဟီးး

အောင်မြင်ရင် ငွေရတာပဲလို့ဆို အောင်မြင်ချင်ရင် ကိုယ်လုပ်ချင်တာမလုပ်နဲ့လေ

ဟုတ်အကို

အော်အေး အေးအော်

Thank for sharing.

ကျေးဇူးတင်ပါတယ်ဗျာ

အောင်မြင်တဲ့ငွေရှာနည်းလေးမျှပါ။

ရှိရင်စာမရေးတော့ဘူး

ကံကိုချည့်အားကိုးနေလို့မရဘူးဆိုပေမယ့် ကံတရားလည်းပါပါတယ်။အတိတ်ကံ၊ ပစ္စုပ္ပန်ကံနှစ်မျိုးစလုံးပဲ

ကံကောင်းအောင် ဘာလုပ်သင့်ပါသလဲဗျာ

ကိုယ်​ကျွမ်းကျင်​တာကို​အောင်​မြင်​​အောင်​လုပ်​ပါ။
ငွေဆိုတာ​နောက်​ကလိုက်​လာပါလိမ့်​မယ်​။

ဝေးးးး ဟေးးးး တိုးတက်လာပြီ စာလေးနဲနဲလောက်ရှည်လာတယ်

ဂွတ်​တယ်​ဗျို့ 

ကျေးဇူးပါဗျာ

လူတွေရဲ့ လိုအပ်ချက် ကို သိမြင်နိုင်ရမှာပေါ့

အမှန်ပါ လိုအပ်ချက်ကိုမြင်အောင်ကြည့်နိုင်တာက ပညာတစ်ရပ်ပဲနေမှာ လူတိုင်းမမြင်တတ်ကြဘူး

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65359.95
ETH 3492.90
USDT 1.00
SBD 2.51