ဪ အလုပ်ပဲလေ

in #esteem6 years ago

ဆောင်းနှင်းမြူတို့ တဖြည်းဖြည်းပျောက်ကွယ် ကုန်ကြသည်နှင့်အမျှ နွေ၏သရုပ်တို့သည် ပီပြင်လာကြလေကုန်သည်ဖြစ်ရာ နွေရာသီ၏အစတွင် ဖြစ်လေ့ဖြစ်ထရှိတတ်သော မီးလောင်မှုများကိုလည်း ကြား မြင် လာရ‌သည့်အတွက် မီးဘေးကာကွယ်ရေးအတွက် ပြင်ဆင်သင့်ပြီဖြစ်ပါကြောင်း လမ်းကြုံလို့ နှိုးဆော် တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။


xm85dy.png


နွေရာသီမှာ ရေအခက်အခဲမဖြစ်စေရန်အတွက် အိမ်မှ မဟေသီ မိဖုရားခေါင်ကြီးမှ ရေကန်အတွင်းလက်ကျန်ရေများအား ရှင်းထုတ်ကာ ရေအသစ်များကြိုတင်ထည့်စေရန် အမှာတော်ပါးကာ ယနေ့ပင် ချက်ချင်းရေကန်ဆေး ရေပြန်ထည့်ရန် တစ်ချက်လွှတ်အမိန့်ချမှတ်လိုက်လေသည်။


6lyex8.jpg


သို့ဖြစ်ရာ ဦးစိုးတစ်ယောက် ရေကန်ဆေး ရေပြန်ထည့်ရန် ခိက်ချင်းပင် စီစဉ်ဆောင်ရွက်ရလေတော့သည်။ ရေကန်ရပြန်မဖြည့်မီ ရေဘားကရေမလုံသဖြင့် ရေဘားလဲရန်ဖြုတ်စဉ် ပိုက်ခေါင်းသံချေးကိုက်ကာ ကျိုးသွားလေသည်။ ရေဘားအသစ်လဲရန် တတ်သည့်ပညာမနေသာဆိုသလို ပညာစွမ်းထုတ်ရလေသည်။ အချိန် ၂ နာရီခန့်ကြာအောင် ကြိုးစားပမ်းစားလုပ်ဆောက်ခဲ့ရာ နောက်ဆုံးတွင် ရေဘားအသစ်လဲလှယ်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးဆုံးခဲ့လေရာ အောင်ပွဲရ စစ်သူကြီးတစ်ယောက်ပမာ ဦးစိုးတစ်ယောက်လက်မထောင်နေမိ‌သည်။ ထိုအခါ ငွေကုန်ရသည့်အတွက် မကျေမနပ်ဖြစ်နေသည့် မဟေသီ မိဖုရားခေါင်ကြီး၏ ဆဲသံ ဆူသံညံလာရာ အသာငြိမ်ပြီးရေကန်အတွင်းရေဖြည့်နေရလေတော့သည်။

(ရေးစရာမရှိ ရှာကြံရေးသားလိုက်ရပေသည်။)

@ansoe

Sort:  

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

မနေ့ညနေက လာတော့ ဘယ်သွားနေလဲဗျ

အပြင်ခဏထွက်သွားတာ ဖုန်းဆက်လိုက်ရောပေါ့

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60573.65
ETH 1550.46
USDT 1.00
SBD 0.47