အဆိပ်ကို စားသုံးနေကြခြင်း

in #myanmar8 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ခေါင်းစဉ်ကြည့်ပြီး ဘာပါလိမ့် ဆိုပြီး စဉ်းစားနေကြလိမ့်မယ်ထင်ပါတယ်။ ခေါင်းခြောက်မနေပါနဲ့။ ကျွန်တော်တို့ တစ်တွေ စားနေတဲ့အစားအသောက် အများစုက အဆိပ်တွေ နည်းနည်းစီ ပါလာတတ်လို့ ဒီခေါင်းစဉ်လေး ပေးလိုက်တာပါ။ ကျွန်တော်တို့ ငယ်စဉ်ဘ၀က စားသုံးခဲ့ရတဲ့အစားအသောက်တွေ အသုံးအဆောင်တွေနဲ့ ယခုခေတ်မှာ စားသုံးနေရတဲ့အစားအသောက် အသုံးအဆောင်များနဲ့ များစွာကွာခြားသွားတာကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဆင်းရဲခြင်းကြောင့်ပဲလား။ ဆင်းရဲခြင်းလို့ဆိုတဲ့နေရာမှာ ငွေကြေးဆင်းရဲခြင်း၊ စိတ်ဓာတ်ဆင်းရဲခြင်း၊ အသိဥာဏ်ပညာဆင်းရဲခြင်း အားလုံးပဲလို့ထင်ပါတယ်။ ငွေကြေးဆင်းရဲမှုကြောင့် စိတ်ဓာတ်ဆင်းရဲခြင်းတွေဖြစ်လာပြီး အသိဥာဏ်ပညာတွေ ကွယ်ပျောက်ဆင်းရဲကုန်ကြတာလို့လည်း ထင်မြင်မိပါတယ်။ လူတို့အသက်ရှင်ဖို့အတွက် ငွေကြေးဟာ မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေတာ လူတိုင်းသိနိုင်ပါတယ်။ ဒုတိယဘုရားသခင်လို့တောင် ခေါ်ဆိုလောက်တဲ့အထိ ငွေကြေးဟာ အစွမ်းထက်လှပါတယ်။ အဲဒီလို အစွမ်းထက်လှတဲ့ ငွေကြေးက ဆင်းရဲတဲ့ သာမန်လူတန်းစားနဲ့က ဘာမှမဆိုင်သလို ဖြစ်လာတဲ့အခါမှာတော့ စိတ်ဓာတ်တွေ ဆင်းရဲကုန်ကြရပါတယ်။ အကျင့်စာရိတ္တတွေ ပျက်သုန်းကုန်ကြပါတယ်။ အသိဥာဏ်ပညာတွေ ကွယ်ပျောက်ကုန်ကြပါတယ်။ ဒီတော့ ငွေကြေးရလိုမှုအတွက် အမှား အမှန် ဝေဖန်ပိုင်းခြားမှု မလုပ်တော့ပါဘူး။ ယနေ့ခေတ်ကာလမှာ အများကြီး မြင်သာထင်သာရှိပါတယ်။ လူမှုအကျင့်စာရိတ္တများ အဆိပ်သင့်ကုန်ကြပါပြီ။ အဆိပ်ကိုပဲ မြိန်ရည် ရှက်ရည် စားသုံးကုန်ကြပါပြီ။ လူနည်းစု လောက်သာ အဆိပ်ကို ရှောင်ရှားနိုင်အောင် ကြိုးစားနေကြပါတယ်။ အများစုကတော့ အဆိပ်ဖြစ်မှန်းလည်းမသိ၊ သိသော်လည်း မရှောင်နိုင်ဖြစ်ပြီး ဆက်လက် စားသုံးနေကြမြဲသာဖြစ်ပါတယ်။


03.png


အသားငါးတွေ၊ အသားခြောက်တွေမှာ ယမ်းစိမ်းတွေထည့်သုံး ဆေးတွေထိုး၊ ကြာရှည်ခံဖို့အတွက် လူသေတွေမှာသုံးရတဲ့ ကြာရှည်ခံဆေးတွေထိုးတတ်ကြတယ်။ ရောင်းမရလို့ ပျက်စီးခြင်း ဖြစ်မဖြစ်တော့ မသိပါ။ အဲဒီ အသားငါးတွေ၊ အခြောက်အခြမ်းတွေ စားတဲ့သူတွေတော့ ရောဂါဖြစ်နိုင်ချေက 99.99% လောက်ဖြစ်နေမယ်ထင်ပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်း ငွေကြေး အဆင်ပြေမှုအတွက် စားသုံးတဲ့သူတွေ ဒုက္ခရောက်ရမယ်ဆိုတာ မစဉ်းစားမိ၊ မတွေးမိတာတော့ မဟုတ်လောက်တော့ပါဘူး။ ငွေကြေးရလိုမှုအတွက် လောဘတရားက ကွယ်ထားလိုက်တာပဲ ဖြစ်မယ်ထင်ပါတယ်။ အသားမစားပဲ အသားသတ်လွတ်စားမယ်ဆိုပြီး အသီးအရွက်တွေစားရင် အဆိပ်ဆိုတဲ့အန္တရာယ်လွတ်ကင်းမယ်လို့ထင်ကြ တယ်။ အသီးအရွက်တွေမှာလည်း အဆိပ်အန္တရာယ် မကင်းလွတ်ပါဘူး။ အသီးအရွက်တွေကို ပိုးမကျစေရန်၊ အသီးအရွက် အောင်မြင်စေရန်အတွက် ရည်ရွယ်ပြီး ပိုးသတ်ဆေးတွေ ဖြန်းပက်ထားတတ်ကြပါတယ်။ ပိုးသတ်ဆေးရဲ့ အာနိသင်က ရက်(၂၀)အကြာမှာ ပျက်ပြယ်မှာ ဖြစ်ပေမယ့် ဈေးကွက်မှာ အသီးအရွက်ပြတ်ပြီး ဈေးကောင်းရတာမျိုးနဲ့ ကြုံတဲ့အခါမှာ ငွေကြေးရလိုမှုအတွက် ကိုယ့်ရှိတဲ့ အသီးအနှံကို ရောင်းကုန်ကြတတ် ပါတယ်။ နောက်(၁၀)ကြာမှ ပိုးသတ်ဆေး အာနိသင်ပြယ်မှာ ဖြစ်ပေမယ့် စောင့်နေရင် ဈေးမရတော့မှာ စိုးတဲ့ အတွက် ရောင်းထုတ်ပစ်တတ်ကြပါတယ်။ စားမိသူတွေ အဆိပ်ဖြစ်ကုန်နိုင်ပါတယ်ဆိုတဲ့ အသိ မရှိတော့ဘဲနဲ့ လောဘတရားက ဖုံးကွယ်ထားလိုက်တဲ့အတွက် အဆိပ်ကို စားမိကုန်ကြပါတယ်။ အသီးအနှံစားတာပဲဆိုပြီး ဘာမှ မဖြစ်နိုင်ဖူးမထင်ပါနဲ့။ အဆိပ်ကို နည်းနည်းချင်းစီ စားသုံးမိသလိုဖြစ်နေပါတယ်။ အစားအသောက် မှန်သမျှ ဆိုးဆေးလို ဓာတုပစ္စည်းနဲ့ လွတ်တာ ရှိပါသေးရဲ့လား။ မရှိလောက်တော့ဘူးလို့လည်းထင်ပါတယ်။


02.png


ယနေ့ခေတ်ကာလမှာ ရောဂါအဆန်းနဲ့ သေဆုံးသွားရတဲ့သူတွေကတော့ အသက်အရွယ် ကြီးရင့်နေတဲ့သူတွေ မဟုတ်ပဲ အသက်ငယ်ငယ်ရွယ်ရွယ် အရွယ်ကောင်းလေးများသာဖြစ်နေကြပါတယ်။ ရှေးယခင်က အလွန်ရှားပါး လှတဲ့ ရောဂါတွေက အခုပေါပေါများများ ဖြစ်နေကြပါတယ်။ ကင်ဆာအမျိုးမျိုးဖြစ်တဲ့ အသည်း၊ အဆုတ်၊ အရေပြားကင်ဆာဆိုတာတွေ၊ ရိုးရိုးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာ၊ သွေးကျဲခြင်း၊ သွေးပြစ်ခြင်း ရောဂါအမယ်တွေကို စုံနေတာပါပဲဗျာ။ အဲဒါက ဘယ်ကနေ ဘယ်လိုဖြစ်လာရတာလဲလို့ စဉ်းစား မိတော့ အဓိကတရားခံကတော့ နေ့စဉ် စားသောက်နေတဲ့ အစားအသောက်က ဖြစ်နေကြောင်း တွေ့ရပါတယ်။ အားဖြစ်စေတာနည်းနည်း အဆိပ်တွေဖြစ်ကုန်တာက များနေတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်စားသုံး နေရတဲ့ ဆီဆိုတာကလည်း ကိုယ်ခန္ဓာအတွက် အဆိပ်၊ စားနေရတဲ့အစားအစာတွေကလည်း အဆိပ် တွေလို ဖြစ်နေကြပေမယ့် အလေးမထားကြပါဘူး။ တန်ဖိုးရှိ၊ အဖိုးတန်လှတဲ့ ပဲဆီ၊ နှမ်းဆီ တွေနေရာမှ အဆိပ်ဖြစ်စေမယ့် စားအုန်းဆီ၊ ၀ါစေ့ဆီ လိုဆီမျိုးတွေကို အစားထိုးရောင်းချနေတာ သိသော်ငြားလည်း စားနေ ကြရတာပါပဲ။ ကြက်သား၊ ၀က်သားဆိုလည်း ဖော်မလင်ထိုးထားမှာ ကြောက်နေရတယ်။ အသီးအနှံတို့ ငါးခြောက်တို့တောင် ဆေးတွေဖြန်းထားကြလေတော့ ကင်ဆာဖြစ်နှုန်း အမြင့်ဆုံးကို အလျင်အမြန် တက်လှမ်း နေတဲ့ နိုင်ငံဖြစ်နေပါပြီ။ ရောဂါဖြစ်ပြီး သေဆုံးကုန်ကြတာအများစုကလည်း လူငယ် လူရွယ်လေးတွေ က အများစုဖြစ်နေတာ မြင်နေ ကြားနေရပါတယ်။ ကြာလေ ဆုတ်ယုတ်လာလေဖြစ်နေတော့ လူမျိုးတုန်း မျိုးပြုတ်ကုန်မှာ စိုးရိမ်မိပါတယ်။ အမျိုးသားရေးလို့ဆိုရင်လည်း မမှားနိုင်ဘူးလို့ထင်ပါတယ်။ ဒါက ကျွန်တော် ခံစားချက်၊ ထင်မြင်ချက်ဖြစ်ပါတယ်။


04.png


လွန်ခဲ့တဲ့ လအနည်းငယ်က အမျိုးထဲတစ်ယောက်ကို မန္တလေးဆေးရုံကို လိုက်ပို့ပေးခဲ့ပါတယ်။ သွားရတဲ့ဌာနက ကျောက်ကပ်ဌာနပါ။ လူနာအတော်များတာကိုတွေ့ရပါတယ်။ များပြားလှတဲ့လူနာတွေကို လိုက်ကြည့်မိတော့ အသက်အရွယ်ကြီးတဲ့ လူနာက လက်ချိုးရေလို့ရပါတယ်။ ကျန်တာတွေကတော့ လူငယ်လေးတွေဖြစ်ပါတယ်။ မိဘက သားသမီးများကို လက်တွန်းလှည်းကလေးတွေပေါ်ကိုတင်တွန်းပြီး ဆရာဝန်တွေရှေ့ရောက်အောင် ပို့ပေးကြပါတယ်။ မိဘတွေကို လက်တွန်းလှည်း ပေါ်တင်မတွန်းရပဲနဲ့ သားသမီးတွေကို လက်တွန်းလှည်းပေါ် တင်တွန်းနေကြရတာမြင်မိတော့ ပြောင်းပြန်လှန်နေတဲ့ခေတ်ကြီးလည်း ဖြစ်နေပါရော့လားလို့ တွေးမိတယ်ဗျာ။ သားသမီးက မိဘကို ၀တ်ကြီး ၀တ်ငယ် ပြုစုရမယ့်ခေတ်မဟုတ်၊ သားသမီးက မိဘကို ကြောက်ရမယ့်ခေတ် မဟုတ်တော့သလိုလည်း ခံစားမိပါတယ်။ ကျွန်တော်ကပဲ စိတ်မကောင်းစရာများ အပျက်အစီးများကိုပဲ မြင်မိနေလေသလားတော့ မသိပါဘူးဗျာ။ ကြာတော့ အခုခေတ်အစားအစာတွေ စားရမှာလည်း လန့်နေမိတယ်။ အသီးအနှံတွေကို စားရင်လည်း ဆားရေနဲ့ စိမ်ထားပြီးမှ စားရမလို၊ အသား ငါးတွေစားမယ်ဆိုရင်လည်း ထို့အတူ။ အခြောက် အခြမ်းတွေစားမယ်ဆိုလည်း ထူးမခြားနား။ ပန်းသီးတွေ့လို့လည်း ဂွမ်ကနဲ ကိုက်မစားရဲ။ စပျစ်သီးတွေလို့လည်း ရုတ်တရက်လက်မရဲ။ ချက်ချင်းသေမယ့် အရာမဟုတ်ပေမယ့် လူကို ရောဂါဖြစ်စေနိုင်တဲ့ နောက်ဆက်တွဲ ရောဂါအပြင် ငွေကြေးများပါ ထပ်ဆောင်းပေးရမယ့် အဆိပ်တွေကို နေ့စဉ် ခန္ဓာကိုယ်ထဲ သွင်းနေမိသလိုဖြစ်နေလိုဖြစ်နေပါတယ်။ ချစ်မိတ်ဆွေအပေါင်း သတိပြုဆင်ခြင် နိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

16-Jul-2018 တနင်္လာနေ့(Monday)

Sort:  

လူတွေရဲ့ဝိသမလောဘကဘဲ..လူတွေကိုပြန်သတ်နေတယ်..သီလမရှိ.မသိကြတော့ဘူး..

အမှန်ပါပဲခင်ဗျာ။ လူတွေကိုတင်သတ်တာမဟုတ်ပဲ ဂေဟစနစ်ကြီးကိုပါ ဖျက်ဆီးပစ်နေပါပြီ။ သီလဆိုတာ ကိုယ်ကျင့်တရားဆိုတာ မသိကြတော့သလိုပါပဲခင်ဗျာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.077
BTC 65642.15
ETH 1719.47
USDT 1.00
SBD 0.42