အတွေးကမ္ဘာ (Thinking World)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
အယုံလွယ်သောသူ အယုံလွယ်တတ်ခြင်း တို့သည် တစ်ခါတစ်ရံ ထိုသူအား အန္တရာယ်ဖြစ်စေတတ်ပေသည်။ သို့သော် ထိုထက်ပိုဆိုးသည်ကား ယုံကြည်မှု သဒ္ဓါတရားခေါင်းပါးခြင်း၊ အလွန်အမင်း ဝေဖန် ပိုင်းခြားနေခြင်း(Over Criticism)ပင်ဖြစ်ကြောင်း မှတ်သားဖူးပေသည်။ အယုံလွယ်သောသူထက်လည်း ပိုမိုအန္တရာယ်ကျရောက်တတ်ပေ သည်။ အကောင်းမြင်သူ နှင့် အဆိုးမြင်သူများတွင် လူတို့မည်သည်ကို နှစ်သက်ပါသနည်းဟု မေးမြန်းကြပါမူ အကောင်းမြင်သူကို နှစ်သက်သည်ဟုသာ ဖြေဆိုကြမည်ဖြစ်ပြီး အဆိုးမြင်တတ်သူအား မည်သူမျှ နှစ်သက်သည် ဟု ဖြေဆိုမည့်သူရှိမည်မဟုတ်ကြပါ။ မိမိကိုယ်တိုင်ကမူ အဆိုးမြင်သမားဖြစ်မှန်းမသိဖြစ်နေတတ်သည်ကိုကား သတိထားမိကြမည်မဟုတ်ပါချေ။ အခြားသူကိုသာ မြင်တတ်သော မျက်စိသည် မိမိကိုယ်ကို ပြန်မြင်အောင်ကြည့် နိုင်သူသည် အသိဥာဏ်ရှိသူမှသာဖြစ်နိုင်မည်ဖြစ်ပါသည်။ အမှန်တရားကိုမျက်စိကန်းနေသောသူများ သို့တည်းမဟုတ် မျက်စိတစ်ဖက်ကန်းနေသူများသည် မမြင်နိုင်ပါချေ။ အမှန်တရားကို လူတိုင်းကချစ်မြတ်နိုးကြသည်ဟုပြောဆိုကြပေသည်။ အမှန်တရားသည် အဖိုးမဖြတ်နိုင်ဟုလည်း ညွှန်းဆိုကြပေသည်။ တန်ဖိုးကြီးမားလှသော အမှန်တရားဖြစ်သောကြောင့်လား မသိပါ။ အမှန်တရားကိုလက်တွေ့ တွင် နည်းနည်းလေးချင်းစီသာ သုံးကြပြီး အဖိုးမတန် အဖက်မတန်သော အမှန်တရား၏ ဆန့်ကျင်ဖက် မမှန်တရား ကိုသာ ဖောဖောသီသီသုံးစွဲနေကြသည်ကို တွေ့မြင်ရလေသည်။
လောကလူတို့သဘာဝအရ ထိုသို့ မမှန်တရားကို သာဖောဖောသီသီ သုံးခြင်းသည် မှန်သည်ဟုပြောဆိုရမည်ပင်ဖြစ်နေသလိုလိုပင်။လူ့သဘာဝအရ အဖိုးတန်ပစ္စည်းအား ချွေတာသုံးစွဲကြသည်မဟုတ်ပါလော။ အဖိုးမတန်သောအရာကိုကား သုံးချင်သလိုသုံးတတ် ကြသည်မှာလည်းအမှန်ပင်ဖြစ်နေလေသလားမသိတော့ပါ။ အမှန်တရားသည် အဖိုးတန်လှသဖြင့် ချွေတာသုံးစွဲ နေကြသည်မှာလည်း အမှန်ပင်ဖြစ်ပင်ဖြစ်ပါသည်။ တန်ဖိုးမရှိသော မမှန်တရားကို ဘုံးဘောလအော အသုံးပြုနေ ကြသည်မှာလည်း အမှန်ပင်ဖြစ်နေလေတော့သည်။
Image from google
သို့ဆိုပါလျှင် အမှန် ကို များများသုံးသင့်ပါရဲ့လား။ သူတစ်ပါးတို့တွင် တွေ့ကြုံနေရသောအခါတွင် လူတို့သည် အမှန်တရားကိုအလွန်မြတ်နိုးသည်ဟု ကြွေးကြော်တတ်ကြပြီး မိမိတို့တွင် တွေ့ကြုံရသောအခါ အမှားကို အမှန်အဖြစ်ပြောင်းလဲကာ မတရားခံရတာပါဟု ကြွေးကြော်သံပြောင်းလဲကြကုန်သည်ဖြစ်ပေသည်။ လူတို့သည် မိမိတို့၏ အကျိုးစီးပွားမထိခိုက်သေးသမျှကာလပတ်လုံး အမှန်တရားဆိုသောအရာ၊ မေတ္တာတရားလက်ကိုင်ထား သော မေတ္တာရှင်ကြီးများဖြစ်နေတတ်ကြလေသည်။ မိမိတို့အကျိုးစီးပွားအား ထိခိုက်သောအခါတွင်မူ မမှန်တရား အားလက်ကိုင်စွဲကာ ဒေါသတကြီးတုံ့ပြန်လာတတ်ကြလေသည်။ လူတော်လူကောင်းတို့မည်သည်မှာ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်အားအပျောက်ခံရိုးထုံးစံမရှိကြပါ။ ချီးမွမ်းသောကြောင့် အလွန်တရာဝမ်းမြောက်ဝမ်းသာမဖြစ် ကြသကဲ့သို့ ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်းတို့ကြောင့်လည်း အလွန်တရာ ၀မ်းနည်းခြင်းမဖြစ်တတ်ကြပါပေ။ မိမိတို့၏ စွမ်းရည်သတ္တိများအားကောင်းမွန်စွာအသုံးချခြင်းဖြင့် လူအများ၏ကောင်းကျိုးကို သယ်ပိုးတတ်ကြပေသည်။ ပညာမဲ့သော လူမိုက်တို့သည်ကား ချိန်ခွင်လျှာကဲ့သို့ပင် ဟိုဖက်ယိမ်းလိုက် သည်ဖက်ယိမ်းလိုက်ဖြင့် အထက်အောက်ပြေးနေလေ့ရှိကြပေသည်။ ကြီးကျယ်သည်ဟုယူဆရသောအလုပ်တို့အား ပြုလုပ်ကြရာတွင် ယုံကြည်ကိုးစားရသော မိတ်ဆွေအပေါင်းအသင်းများအမှန်ပင်လိုအပ်ပါသည်။ မိတ်ဆွေတု မိတ်ဆွေယောင်တို့ အား သတိပြုဆင်ခြင်ကြရကုန်သည်ဖြစ်ရာ ထိုမိတ်ဆွေအတုတို့နှင့်လမ်းခွဲရလေသည်။ ထိုအခါ မိတ်ဆွေတုတို့၏ ရန်လုပ်ခြင်းကို ခံရတတ်လေသည်။ သို့သော် လူတော်လူကောင်းတို့သည် ထိုသို့ရန်လုပ်ခံရခြင်းကြောင့် မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်အား အပျောက်မခံတတ်ကြပါ။ လိုရာသို့ရောက်အောင် စစ်မှန်သောမိတ်ဆွေများနှင့် ခရီးဆက်ကြလေသည်။ အကြီးဆုံးသောအမှားဖြစ်သည့် မိုက်မဲမှုကို လူတော်လူကောင်းတို့သည် ရှောင်ကြဉ်ကြ လေ၏။ အသိအလိမ္မာဖြင့် ရည်ရွယ်ချက်ပန်းတိုင်အား မတွန့်မဆုတ် မယိုင်မလဲပဲ စွဲမြဲစွာ ဆက်လက် ကြိုးပမ်းအား ထုတ်ကြကုန်သည်ဖြစ်ရာ အချိန်မကြာမီကာလမှာပင် သူတို့လိုရာ ရည်မှန်းချက်ပန်းတိုင်သို့ရောက်ကြရလေသည်။
Image from google
လောကကြီးသည် အလွန်အံ့သြစရာကောင်းလွန်းလှသည်။ လူတို့၏ အတ္တသည်အလွန်ကြောက်မက်ဖွယ်ကောင်း လှသည်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသကဲ့သို့ ပွဲလန့်တုံးဖျာခင်းသူများလည်း အများအပြားပင်ဖြစ်ပေ သည်။ လူတို့သည် အခြားသောသူတို့မှ သာမန်လူတို့မစွမ်းဆောင်နိုင်သောအလုပ်တို့အား လုပ်ကိုင်နေကြသော သူတို့အားမအံ့သြ မထူးဆန်းဟုဆိုကြပေကုန်၏။ အခြားသောသူတို့သည် တောင်ကြီးတစ်တောင်အား ရွှေ့ပြောင်း နေခြင်းကိုလည်းကောင်း၊ ပင်လယ်သမုဒ္ဒရာတို့အား ရွှေ့ပြောင်းနေခြင်းတို့အားလည်းကောင်း မထူးဆန်း မအံ့သြ တတ်ကြသော်လည်း မိမိတို့ကိုယ်တိုင်က အင်မတန်ပေါ့သော လဲမှို့ကလေးတစ်ခုကို သယ်ယူရန်တာဝန်ကျရောက် သောအခါတွင်မူ အလွန်ကြီးကျယ်သောအလုပ်ကို လုပ်နေသည့်လူတစ်ယောက်အဖြစ် မိမိတို့၏ကိုယ်ကို ထင်မြင် မှတ်ယူကြကုန်လေ၏။ မယုံကြည်ထိုက်သောသူ၊ မယုံကြည်ထိုက်သော မိတ်ဆွေအပေါင်းအသင်းတို့အား အမှန်တရားအကြောင်း ပြောကြားနေခြင်းသည် အလွန်အဆိပ်ပြင်းသော မြွေအား အင်အားရှိစေရန် နို့ရည်တိုက်ကျွေးနေသည်နှင့်တူပေသည်။
Image from google
လောကကြီးတွင် မမှားယွင်းသောအမှန်တရားတို့သည် ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာကပင်လျှင် ယနေ့ထိ တိုင် မဟောင်းမနွမ်း မပျက်မစီး တည်ရှိနေဆဲပင်ဖြစ်ပါသည်။ အစွမ်းသတ္တိအနည်းငယ်သာရှိသောလူတို့သည် အလွန်အင်အားကြီးမားသော အစွမ်းသတ္တိရှိသူတို့အား မှီခို အားထားခြင်းဖြင့် အလွန်ကြီးပွားတိုးတက်နိုင်ခြင်းသည် ရှေးယခင်တတည်းကပင် မှန်ကန်နေသော အမှန်တရားတစ်ခုပင်ဖြစ်ပေသည်။ ရေစက်ကလေးတစ်စက်သည် သူ့အတိုင်းသာတည်ရှိနေသည်ဆိုပါက လျင်မြန်စွာ ခြောက်သွေ့သွားမည်ဖြစ်ပေသည်။ သို့သော် ရေစက်ပေါင်း များစွာတည်ရှိနေသော ရေကန်ကြီးတစ်ကန် သို့တည်းမဟုတ် မြစ် ချောင်း ပင်လယ် သမုဒ္ဒရာတစ်ခုခုအတွင်းသို့ ပေါင်းစပ်သွားမည်ဆိုပါက ထိုရေစက်ကလေးသည် လျင်မြန်စွာခြောက်သွေ့သွားမည်မဟုတ်တော့ကြောင်း မသိရှိ သူ အလွန်များပြားကြောင်း တွေ့ရှိရပေသည်။ အချိန်တို့သည် လျင်မြန်စွာကုန်လွယ်ကြောင်းကို အသက်အရွယ် ကြီးရင့်သောအခါမှ သိရှိတတ်ကြလေသည်။ အချိန်တိုင်းသည် အကောင်းများမဟုတ်တတ်သလို အချိန်တိုင်းသည် အဆိုးများချည်းသာမဟုတ်ကြပါ။ ထို့ကြောင့် ကောင်းသောအချိန်တွင် ကြိုးစားအားထုတ်အပ်လှပေသည်။ ကောင်းသောအချိန်တွင် အားထုတ်ပါက အကောင်းများရရှိနိုင်သော်လည်း ဆိုးသောအချိန်တွင်မှ အကောင်းကို ရရှိရန်မျှော်လင့်နေခြင်းသည် လမင်းကြီးအား လိုချင်သဖြင့် တမ်းတငိုယိုနေသော ကလေးတစ်ယောက်သာ ဖြစ်နိုင်မည်ဖြစ်ပေသည်။ လူတို့ဘ၀သည် အလွန်တိုတောင်းသည်ဟု လူတိုင်းလူတိုင်းပြောဆိုတတ်ကြပေသည်။ ကောင်းအောင်နေကြမည်ဟုလည်းကောင်း၊ မကောင်းမှုများကို ရှောင်ကြဉ်ရမည်ဟုလည်းကောင်း ပြောဆိုတတ် ကြသော်လည်း လက်တွေ့တွင်မူ ကောင်းမှု နှင့် မကောင်းမှု၊ ကုသိုလ် နှင့် အကုသိုလ်ကိုပင် ကောင်းစွာမကွဲပြား တတ်ကြပေ။
လူ့လောကကြီးတွင် လူအဖြစ်သို့ရစတင်ရောက်ရှိစဉ်ကပင် ဒုက္ခသည်အတူတွဲပါလာခဲ့ပြီးဖြစ်ပါသည်။ လူအဖြစ်ဖြင့် ဘ၀ခရီးလမ်းကြမ်းကို ဖြတ်သန်းကြရာတွင် လူတိုင်း လူတိုင်းသည် ဒုက္ခမျိုးစုံကိုလည်း ပွေ့ပိုက်ထားကြရပါသည်။ အမျိုးအမည်သာကွဲပြားသွားကြမည်ပင်။ ဒုက္ခနှင့်မလွတ်ကင်းကြပါ။ ညမွှေးပန်း၏ရနံ့ကို ကြိုက်နှစ်သက်သူသည် ညမွှေးပန်း၏ရနံ့ကိုရလျှင် အလွန်ကြည်နူးနှစ်သက်ကာ သုခအဖြစ်ခံစားနိုင်မည်ဖြစ်သော်လည်း ထိုပန်း၏ရနံ့ကို မကြိုက်နှစ်သက်သောသူအဖို့တွင်မူ ထိုပန်း၏ ရနံ့သည် ဒုက္ခဖြစ်နေတတ်ကြောင်းသတိပြုဆင်ခြင်နိုင်ကြပါစေ။ သို့သော် လူတိုင်းသည် ပြည့်စုံကြွယ်ဝချမ်းသာခြင်းမရှိနိုင်ကြသော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အဆင်ပြေ သွားနိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
21-Jan-2018 တနင်္လာနေ့(Monday)
Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks
You got a 11.90% upvote from @upyou courtesy of @ansoe!
Sneaky Ninja Attack! You have been defended with a 1.18% vote... I was summoned by @ansoe! I have done their bidding and now I will vanish...Whoosh
1.85% @pushup from @ansoe
You got a 8.06% upvote from @upmewhale courtesy of @ansoe!
This post has received a 13.59% upvote from @msp-bidbot thanks to: @ansoe. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.