ဝါလကင်းလွတ် သီတင်းကျွတ် (Thadingyut)

in #myanmar7 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,


မကြာမီကာလတွင် သီတင်းဝါလ ကင်းလွတ်တော့မည့် အချိန်ရောက်လာတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် သီတင်းကျွတ်လနှင့်ပတ်သက်မှုလေးများနှင့် သီတင်းကျွတ်လအကြောင်းကို ရေးသားလိုက်ပါသည် ခင်ဗျာ။ သည်းခံဖတ်ရှုကြပါကုန်လော့ ချစ်မိတ်ဆွေအပေါင်းတို့...
မြန်မာတို့၏ (၁၂)လရာသီတွင် ခုနစ်လ(သတ္တမ)မြောက်လသည် သီတင်းကျွတ်လဖြစ်ပေသည်။ အင်္ဂလိပ်လအနေဖြင့်ဆိုလျှင် စက်တင်ဘာ နှင့် အောက်တိုဘာလများတွင် ကျရောက်တတ်ပါသည်။ သီတင်းကျွတ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အောက်ဖော်ပြပါအတိုင်း မှတ်သားဘူးပါသည် -

thadingyut copy.png


သီတင်းကျွတ်ကို သန်တူ (သီတင်းကျွတ်)မှာ တွင် ကျရောက်ပါသည်။ 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်းကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက် ရှိပြီ ”ဟုဆိုလိုပါသည်။ ထိုကဲ့သို့ အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြန်သည်။ ယခု သီတင်းကျွတ် ဟူသည့်အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်သည်။ အထိမ်းအမှတ် ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးထားခဲ့ပါသည်။ သီတင်းကျွတ်ချိန်တွင် မိဘဘိုးဘွားများကို ကန်တော့သော အစဉ်အလာ နှင့် သီတင်းကျွတ် မီးထွန်းပွဲတော် အစဉ်အလာများသည် ကျွန်တော် အလွန်နှစ်သက်သော မြန်မာ့ရိုးရာအစဉ်အလာ တစ်ရပ်ဖြစ်ပါသည်။ ကျွန်တော့်နည်းတူ သီတင်းကျွတ် မီးထွန်းပွဲတော် နှင့် အမိအဖ ဘိုးဘွားများအား ကန်တော့သော ဓလေ့ကို ကြိုက်နှစ်သက်သူများပါရှိလိမ့်မည်ထင်ပါသည်။

သီတင်းကျွတ်လနှင့်ပတ်သက်သည်များကို မြန်မာလို ဆက်လက်ဖတ်ရန်အတွက် ဒီစာတမ်းပေါ်ကိုနှိပ် ပါ။

ထူးခြားသောလများအကြောင်း ဖတ်ရှုလိုပါကဒီနေရာလေးကိုနှိပ်ပါခင်ဗျာ

ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုးစရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် မြန်မာ့တို့၏ (၁၂) လရာသီ ပွဲတော်များအတွင်းထဲမှ ချစ်မြတ်နိုးစရာအကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ ဖြစ်မည်ထင်ပါသည်။ အခြားသူများတော့မသိပါ။ ငယ်စဉ်က ဖယောင်းတိုင်မီးလေးနှင့် ကားရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်များကိုဆွဲပြီး လမ်းပေါ်လျောက်ဆွဲနေရသည်ကို အလွန်နှစ်သက်ခဲ့သလို ပျော်စရာလည်း အလွန်ကောင်းလှပါသည်။

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့ အစဉ်အလာ ဖတ်ရှုလိုပါကနှိပ်ရန်

ဝါလကင်းလွတ်သီတင်းကျွတ်သောအခါတွင် မိမိတို့ရောက်ရာနေရာကနေ မိဘရပ်ထံသို့ ပြန်လာကြပြီး ၀ါကျွတ် ကန်တော့ပွဲ ပြုလုပ်တတ်ကြပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးတို့၏ အင်မတန်ချစ်စရာကောင်းသော မြန်မာ့ရိုးရာ အစဉ်အလာတစ်ရပ်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု အရ မိဘကျေးဇူး သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။ "မိဘကျေးဇူး မြင့်မိုရ်ဦး အထူး ကျေအောင် ဆပ်ပါမည်" ဟု ရှေးယခင်ကျောင်းများတွင် သင်ကြားပေးခဲ့ကြကြောင်းကိုလည်း မှတ်သားမိပါသည်။ သို့သော် ယနေ့ခေတ်အခါသမယတွင်မူ ထိုသို့ ချစ်စရာကောင်းလှသော မြန်မာ့ရိုးရာ အစဉ်အလာတစ်ရပ်သည် ပပျောက်လုနီးနီးဖြစ်နေပြီဖြစ်ကြောင်းကိုလည်း ၀မ်းနည်းဖွယ်ရာ မြင်တွေ့နေရပါသည်။ ထိန်းသိမ်းသင့်လှပေသည်။


taraditional.png

Image from google


သီတင်းကျွတ် ရောက်ပြီ ဆိုသည်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ့ရှိကြသည်ကိုအထွေအထူး ပြောနေရန်ပင်လိုမည်မထင်ပါ။ ကျွန်တော်တို့ စစ်ကိုင်းမြို့တွင်လည်း အလွန်ပျော်ရွှင်စရာကောင်းသော ပွဲတော်များရှိပါသည်။ ထိုပွဲတော်တွေများတွင်လည်း ပျော်ပျော်ပါးပါး ကြိတ်ကြိတ်တိုး စည်ကားနေတတ်ပါသည်။ ထိုအချိန်တွင် ဆိုင်ကယ်၊ ကား စသည်ယာဉ်များနှင့်လည်း အင်မတန်ရှုတ်ထွေး နေတတ်ပါသည်။ ယာဉ်အန္တရာယ်လည်း ဂရုစိုက်ရပါသည်။

ကျွတ်ပြန်တော့မယ် နောက်တစ်နှစ် ဖြစ်ကြမည့်သူများ အတွက် အထူး အကြံပြုချက်လေးရေးလိုက်ပါသည်။

ဗျာ -- သြော် .. SBD မပေးရပါဘူး။ အလကားမတ်တင်း အကြံပေးတာပါခင်ဗျာ။

ဝါလကင်းလွတ် သီတင်းကျွတ်ချိန် နီးလာပြီဆိုလျှင် ဟိုမှ သည်မှ သီတင်းကျွတ် အထူးပရိုမိုးရှင်းဆိုသော ကြော်ငြာများ၊ သီတင်းကျွတ် အထူးလျော့ဈေးဆိုသည့် ကြော်ငြာများ ကိုလည်း အများအပြားတွေ့မြင်နေရပြီဖြစ်ပါသည်( ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အထူး များတော်တော်ခေတ်စားပါသည်။ ဘာတွေထူးသည်ကိုတော့ ကျွန်တော်မသိပါ) သို့သော်လည်း များပြားလှသော ထိုအထူးကြော်ငြာများထဲတွင် လူပျိုကြီး အပျိုကြီးများ အထူးအစွံထုတ်သည့် Promotion အထူးကြော်ငြာကိုတော့ ဘယ်နေရာ ဘယ်ဝက်ဆိုဒ်တွင်မှ မမြင်တွေ့သေးပါ။ အထူးလျောဈေးဖြင့်အထူးရောင်းသည့် လူပျိုကြီး အပျိုကြီးများ၏ ကြော်ငြာများကိုတော့ တွေ့မြင်ရခြင်းမရှိသေးပါချေ။ အထူးကြော်ငြာများတွေ့မြင်သူရှိပါကလည်း Steemit အတွင်းကို အထူး လက်တို့လိုက်ကြပါအုံးခင်ဗျာ။ Steemit အတွင်းတွင်လည်း အထူးအစွံမထုတ်နိုင်ကြသေးသော အထူးလူပျိုကြီးများ အထူးအပျိုကြီးများလည်း အထူးဈေးလျော့ရောင်းသည့် Post များ အထူးတင်သင့်ပါသည်။(Myanmar Steemit Community အတွင်းမှ လူပျိုကြီး အပျိုကြီးများကို စာနာသောအားဖြင့် အခမဲ့ အထူး အကြံပေးခြင်းဖြစ်ပါသည်) ၂၀၁၇ ခုနှစ်၊ သင်္ကြန် စင်္ကာပူ ရောက်မြန်မာများ၏ အထူးလက်ရာ(ကျွန်တော်တို့ Leader ကြီးပါလားတော့မသိပါ) အထူးလူပျိုကြီး အထူးအပျိုကြီးများအတွက် အထူး လန်ဒန်မြေပဲယို သီချင်းလေးပါဗျာ။ ကောင်းမှကောင်း အထူးအားပေး အထူး နားထောင်လိုက်ပါအုံးခင်ဗျာ။


Video Source : From YouTube


ဖူးစာဖက် ကြင်ယာဘက် ရှာဖွေတွေ့ရှိသွားကြသူများကလည်း မင်္ဂလာဆောင်ဖိတ်စာများအား ပုံနှိပ်တိုက်များသို့သွားကာ ဖိတ်စာရိုက်နှိပ်ရန် အပ်နှံပြီးကုန်ကြပြီဖြစ်ပါကြောင်း ပြောကြားရင်းဖြင့် နိဋ္ဌိတံ ပြီး အဆုံးသတ်လိုက်ပါကြောင်း ချစ်မိတ်ဆွေ ညီအစ်ကို မောင်နှမ အပေါင်းတို့ခင်ဗျာ။ အောက်က ဗီဒီယို လေးကိုအားပေးသွားလိုက်ပါအုံးခင်ဗျာ။ သီချင်းလေးနာမည် "တို့အချစ်" တဲ့


Video Source : From YouTube


Steemit Myanmar မှ လူပျိုကြီး အပျိုကြီးများ အလျင်အမြန်အားထုတ်ကြိုးပမ်းနိုင်ကြပါစေ.....

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

26-9-2017(Tuesday)

Sort:  

good post bro. thanks for sharing.

Thank you very much for your reading.

ဖေဖေနှင့်မေမေသတိရတယ်

ပြန်လိုက်ပေါ့လေ

သီတင်းကျွတ်တောင်ရောက်တော့မှာပါလားနော်။ ဒီတစ်နှစ်လဲ………

အထူး အထူး အထူး promotion လုပ်ပလိုက်

ဝါလကင်းလွတ်​ သတင်းကျွတ်​ရင်​ မိန်​မယူမယ်

သေချာမှပြောပါ ဖိတ်စာလက်ခံပါတယ် ဓာတ်ပုံ ဗီဒီယိုလက်ခံမယ် ဘယ်ခန်းမအငှားလိုက်မယ် ကားအငှားလိုက်မယ် သတို့သမီး သတို့သားဝတ်စုံငှားတယ် မိတ်ကပ်အလှပြင်လက်ခံဒယ် ပန်းခြင်းငှားဒယ် လက်ဝတ်လက်စားတွေငှားဒယ် အကုန်ရဒယ်

အကိုစိုးကိုကန့်​​တော့မယ်​ sbd မုန့်​ဖိုး​ပေးပါ

ပေးမယ်လေ နီကန်တော့တာ နီပြန်ပေးရုံပေါ့ ထူးပါဘူး ကန်တော့ နေနဲ့တော့

အစကအတည်ပေါက်နဲ့နောက်ဆုံးပိုဒ်မှ :/

စရေးကတည်းက ရီစရာနဲ့စလိုက်တာ ဒါပေမယ့် ဖတ်ရတာ မကောင်းတာနဲ့ နောက်ဆုံးပို့လိုက်တာ ဆရာစံ

ရောက်တော့မယ်နော်

ဘယ်ကိုရောက်မှာလဲ သီချင်းလေးဖွင့်နားထောင်လိုက်

ပျော်စရာဝါကျွတ်ကာလ မီးထွန်းပွဲတော်အမှတ်တရ

မကျွတ်သေးရင် ကျွတ်အောင်အားထုတ်ကြိုးပမ်းပါ မီးထွန်းချိန်ခါ ရေးအုံးမှာ

ငယ်​ဘဝကိုသတိရမိတယ်​ 😃

အခုကြီးသွားပြီလားဗျ

Thank you very much.

@ansoe Thank you for your work, I invite you to evaluate my work.

thanks you.

Promotion ဆင်းနေတာတော့ကြာပီ...ခုထိ အစွံမထုတ်နိုင်သေးဘူး..hee

အထူး အထူး အထူး ဆိုပီး promotion ဆင်းရမှာ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61227.58
ETH 3437.75
USDT 1.00
SBD 2.56