ရင့်ကျက်ခြင်း
မငိုပါနဲ့တော့
ကလေးလည်း မဟုတ်တော့ဘူး

ရင့်ကျက်ပါတော့
အတွေ့အကြုံတွေ ရှိနေပြီပဲ
နားလည်ပါတော့
အချိန်တွေ လွန်ကုန်လိမ့်မယ်

မစောင့်စားပါနဲ့တော့
အရှိ ရှိတိုင်းကို လက်သင့်ခံသင့်နေပြီ
ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ မှတ်ယူလိုက်ပါတော့
ရှိသင့်တဲ့နေရာမှာရှိနေပြီပဲ အနာဂတ်ကိုပဲတည့်တည့်လျှောက်ရမယ်လေ
ကြိုးစားလိုက်ပါတော့
အရာရာတိုင်းကို လက်သင့်ခံနေတတ်သူအနေနဲ့
မေ့ထားလိုက်ပါတော့
မဖြစ်နိုင်တာတွေကို
ရုန်းထွက်လိုက်ပါတော့
လက်ရှိအခြေအနေကနေ
ရုန်းကန်ပြလိုက်ပါတော့
အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာ

အပြောတွေ ချန်ခဲ့လိုက်ပါတော့
လက်တွေ့ဆိုတာ ရှိနေတာပဲ
ခြေလှမ်းတွေ အစပျိုးလိုက်ပါတော့
အောင်မြင်ခြင်းတွေကို လက်ထဲဆုပ်ကိုင်ထားနိုင်အောင်လို့ပါ

စိတ်ကူးတွေ စွန့်ပစ်လိုက်ပါတော့
မနက်ဖြန်ဆိုတာ ဘာလဲလို့ သိအောင်လို့လေ
အမှောင်ထဲမှာ မနေနေပါနဲ့တော့
မျက်လုံးဖွင့်ချိန်တန်ပြီ
တံခါးလေး ဖွင့်လိုက်ပါတော့
သော့တစ်ချောင်း ရှိနေပြီပဲ

အမှန်တရားကို မြင်အောင် ကြည့်ပါတော့
အမှားတွေ မရှိအောင် နေဖို့လေ
အပူမီးတွေ ခေါက်ထားလိုက်ပါတော့
ဘဝရဲ့ အရသာကို အတူတူခံစားကြရအောင်ပါ...