Steemit Platform ပေါ်လျောက်ရင် ထားသင့်တဲ့စိတ်ထား

in #myanmar9 years ago

we can do it.jpg
ကျွန်တော် စတီးမစ်ပေါ်ကို ရောက်တာ တစ်လမပြည့်သေးပေမယ် စိတ်စိတ်ဓါတ်ကျစရာအခါခါကြုံခဲ့တယ်။ နောက်ဆုတ်ဖို့လည်း တွေးမိခဲ့တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို အထင်သေးမိတယ်။ ကိုယ်တွေ ပိုစ့်ကောင်းကောင်း မတင်နိုင်ပါဘူး။ စာရေးလည်းဝါသနာ မပါ ပါဘူး။ ဒီအလုပ်က ကိုယ်နဲ့ မကိုက်ပါဘူးပေါ့။ အမျိုးမျိုးပါပဲဗျာ စိတ်ဓါတ်ကျစရာ အတွေးတွေ။

ဒါပေမယ့် ကျွန်နော် စတီးမစ်ပေါ ဆက်ရှိနေဆဲပါပဲ။ ပိုစ့်တွေကတော့ အော်တို မမိရင် ဒဿမနောက်က သုည ကပ်နေဆဲပါပဲ။ ကျွန်တော်လဲ ပိုစ့်တွေကို အတတ်နိုင်ဆုံး တန်ဖိုးရှိအောင် ရှိသမျှ အချိန်ပေးပီး လေ့လာနေဆဲ တင်နေဆဲပါ။ ဒါကတော့ ကျွန်တော ဖတ်မိတဲ့ စာလေးတစ်ကြောင်းကို ကျေးဇူးတင်ရမယ်။
The best attitude on steemit is to have fun, make friends and share your days with people တဲ့။ အတိအကျတော့ မဟုတ်ပါဘူး ပြန်ရှာတာ မတွေ့တော့လို့ ။
ဟုတ်ပါတယ် ။ ကျွန်တောတို့ မိဘတွေ လူကြီးတွေလည်း အမြဲဆုံးမခဲ့တယ်။

ရချင်ရင်ပေးပါ။ မြန်ချင်ရင်ဖြေးဖြေးလုပ်ပါ။

ဟုတ်ပါတယ်။ အချစ်ကို ရချင်ရင် လူတွေကို ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံပါ။ မြန်မြန်ပြီးချင်ရင် ဘယ်အလုပ်မဆို အမှားအယွင်းကင်းအောင် ဖြေးဖြေးမှန်မှန်လုပ်ပါ။ ဒါဆို သင်အလုပ်ကို မြန်မြန်ပြီးပါလိမ့်မယ်။ အမှားကင်းတော့ ခဏခဏ မပြင်ရဘူးပေါ့ဗျာ။

ကျွန်တော်တို့ စတီးမစ်မှာလဲ ဒီလိုပဲ အလျင်လိုလို့ မရတာကို ကျွန်တော် သိနေတယ်။ ဖေ့စ်ဘုတ် သုံးလာတာ ၄ နှစ်ကျော်ပီ။ ခုထိ လိုက်ခ် ၁၀၀ ရဖို့ မလွယ်တာ။ ဒါတောင် ဖေ့စ်ဘုတ်ကို သုံးနေတာပဲ။ နေ့စဉ်နဲ့အမျှ။ စတီးမစ်ကျတော့ ဘာလို့ မသုံးနိုင်ရတာလဲပေါ။

လိုချင်ဇောသတ်သတ်နဲ့ဆိုရင်တော့ စတီးမစ်မှာ ရပ်တည်ဖို့ မလွယ်ဘူးလေ။ ခင်မင်မှုတွေ ယုံကြည်မှုတွေ စတာတွေကို ပေးနိုင်ရင် ကိုယ်လည်း ပြန်ရမယ်လို့ ယုံကြည်မိပါတယ်။ ဒီစိတ်ထားကလည်း စတီးမစ်ပေါ် ထားသင့်တဲ့ စိတ်ထားပဲလို့ မြင်မိတယ်။

ဖေ့စ်ဘုတ်သုံးသလိုပဲ ပျော်ပျော်ကြီး ပိုစ့်တွေတင်မယ်။ Vote တွေပေးမယ်။(ပါဝါကို ချင့်ချိန်၍) ရပလိုင်း တွေရေးပေးမယ်။ ပိုစ့်တွေ လျောက်ဖတ်မယ်။ ကြိုက်တာရှိရင် တစ်ဆင့်ပြန်မျှမယ်။ ဒါတွေကတော့ စတီးမစ်သုံးနေသူတိုင်း ထားသင့်တဲ့ စိတ်ထားလေးပါပဲလို့ မြင်မိပါတယ်။

သူငယ်ချင်းတို့ ပိုစ့်တင်တိုင်း $ မရလို့ စိတ်ဓါတ်ကျရင် ကျွန်တော်တင်တဲ့ ပိုစ့်အောက်က $ တွေကိုကြည့်၊ ဒီစာကိုဖတ်ပီး ဖြေသိမ့်လိုက်ပါဗျာ။

ဖတ်ရှုသူအပေါင်း အားအင်များ တက်လာပါစေ။

image source ,1

ရေးသားသူ - HFS A18,@aikkhorn

Sort:  

ဖိုက်တင်းဘဒို
တဖြေး၂ခြင်းရတာများလာလိမ့်မယ်
စိတ်ရှည်ဖို့ပဲလိုတာဘဒို

ကျေးဇူးပါကွာ .. အားဆေးတစ်ခွက်ပါ ..

ချတာချ အကုန်အားပေးမယ်။ 1 sbd ပြည့်မှ boot လုပ်ကျမယ်

I can do it.
You can do it.
We can do it.

Helping each other, we are stronger.

I hope that this community will grow and grow.

We don't stop going and it won't stop growing.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 64279.30
ETH 1870.28
USDT 1.00
SBD 0.36