သင်​ယခုဘာ​တွေလုပ်​​နေလဲ အပိုင်းအစ ၂steemCreated with Sketch.

in #myanmar7 years ago

သင်​ယခုဘာ​တွေလုပ်​​နေလဲ အပိုင်း၂​လေးဆက်​ပါရ​စေ

ကျွန်​​တော်​ဆက်​သွားရင်​​တွေ့ရတဲ့သူ​နောက်​တစ်​​ယောက်​က ​မောင်​​သက်​​ဇော်​။ ​ဆေးရုံလိုင်းထဲမှာ​နေတဲ့ ​ဆေးရုံဝန်​ထမ်းတစ်​​ယောက်​။ အရက်​ကိုစွဲစွဲမြဲမြဲ​သောက်​သူ၊ နှစ်​ခြိုက်​သူ။ သူနဲ့ကျွန်​​တော်​ သူ့အိမ်​မှာ အရက်​​သောက်​ရင်း စကား​ပြောဖြစ်​ကြပါတယ်​။ ​မောင်​သက်​​ဇော်​... မင်းအခုဘာ​တွေလုပ်​​နေလဲ ငါ့ကို​ပြောစမ်းပါ...ဟ...ငါ့​ကောင်​ရ အခုငါကြက်​​ခေါင်းသုပ်​နဲ့ အရက်​​သောက်​​နေတယ်​​လေကွာ။ ဟာ...မဟုတ်​ဘူး... မင်းအရက်​မ​သောက်​တဲ့အချိန်​ကို​ပြောတာ..။
ဟ...ငါအရက်​မ​သောက်​တဲ့အချိန်​ ​ဆေးရုံးသွားအလုပ်​လုပ်​ ​ဘောပွဲကြည့်​​ပေါ့ကွာ...။ မင်း...​ဆေးရုံထဲက လူနာ​တွေကိုမကူညီဘူးလား...ဟ...ကူညီလို့ ​ဆေးရုံဝန်​ထမ်း ဖြစ်​​နေရတာ​ပေါ့ကွ... ကူညီလို့လဲ ဒီ​နေဇိမ်​နဲ့ အရက်​​သောက်​နိုင်​တာ​ပေါ့... ဟား... ဟား... ဟား...ဟား...။ အချစ်​၊ ဝိုင်​တစ်​ခွက်​နဲ့ ဆန်​တစ်​အိတ်​ရှိရင်​ ငါ့ဘဝပြီးပြီ။ မင်းက ​နေပါဦး... ငါ့ကိုချည်း ​မေးခွန်း​တွေလှိမ့်​​မေး​နေတာ... မင်းကိုလဲ ငါ​မေးပါဦးမယ်​.... ဘယ်​လိုလူကိုလူလို့​ခေါ်တာလဲ ငါ့ကို​ပြောစမ်းပါ... ​သေရဲတာအလံနီ ​သောက်​ရဲတာ ​မောင်​သက်​​ဇော်​ကွ... ဟား...ဟား...ဟား...ဟား.... ကျွန်​​တော်​မူး​နေပြီဟုဆိုကာ ​မောင်​သက်​​ဇော်​ထံမှ လစ်​ထွက်​လာခဲ့၏။

FB_IMG_1505368696161.jpg

နောက်​တစ်​​ယောက်​က ဆရာဝန်​အင်​တာနက်​သမား ချစ်​ကို။ ​ချေ​ဂွေဗားရားလိုဖြစ်​ချင်​တဲ့ ဆရာဝန်​(သို့မဟုတ်​) ပင့်​ကူအိမ်​မှာ ​လျှောက်​သွား​နေရမှ ​ပျော်​တဲ့ပင့်​ကူ​လေးတစ်​​ကောင်​။ သူနဲ့ ကျွန်​​တော်​မကြာခဏ စကား​ပြောဖြစ်​ကြပါတယ်​။ ​ဟေ့​ကောင်​ချစ်​ကို... မင်းကဆရာဝန်​ဆို​တော့ လူနာ​တွေကို ဘယ်​လိုသ​ဘောထားလဲ။ ဥပမာ... စက်​ပစ္စည်းတစ်​ခုလို ဒါမှမဟုတ်​ မနုတ္တဿဘာ​ဝေါ ဒုလ္လ​ဘောဆိုတဲ့ ခန္ဓာ​လေးတစ်​ခုလို ရာခိုင်​နှုန်း​တော်​​တော်​များများ ဘယ်​ဟာကိုအ​လေးထား ကိုင်​တွယ်​​လေ့ရှိသလဲ။ အင်း...အိတ်​စိုက်​ရတာ​တွေလဲ ရှိပါတယ်​... အိတ်​စိုက်​ဆရာဝန်​​ပေါ့ကွာ... ​တော်​​တော်​များများက​တော့ ဝပ်​​ရှော့မှာလာအပ်​တဲ့ ကားတစ်​စီးလိုကိုယ်​တွယ်​ရတာများပါတယ်​... လူ့ခန္ဓာကိုယ်​ဆိုတာလဲ ကားတစ်​စီးလို အ​သေးစိပ်​လွန်းတယ်​မဟုတ်​လား... တိကျ မှန်​ကန်​ မြန်​ဆန်​ ​ဆောင်​ရွက်​ တက္ကနစ်​နဲ့လှုပ်​ရှား​နေတာဆို​တော့ သူတို့ကို သနားချိန်​​တောင်​မရပါဘူး... ဒါ​ပေမယ့်​... သူတို့ရဲ့အသက်​ဟာ ငါတို့လက်​မှာပဲရှိတဲ့အသက်​ကိုး ငါတို့ ပွတ်​သပ်​ပျိုး​ထောင်​​ပေးလိုက်​ရတာ မြင်​​တော့ ဘယ်​လို ​ပြောရမလဲ... သူ​ဌေးကြီး ဦး​ဘောဂရဲ့ အလှူထက်​ အရသာရှိတဲ့ စိတ်​ချမ်း​မြေ့မှု ပီတိကိုငါတို့ရတယ်​။ ဆရာဝန်​ဖြစ်​ချင်​လို့ ဆယ်​တန်း​ဖြေတာလား ဆိုတာ​တော့ ငါမမှတ်​မိ​တော့ဘူး... ၇နှစ်​​ဆေး​ကျောင်းတက်​ခဲ့တာလဲ လူသား​တွေကိာ ကယ်​တင်​ချင်​လို့လား ငါမသိပါဘူး....

images_1505368831831.jpg

အခု... ​ဆေးရုံမှာတာဝန်​ထမ်း​ဆောင်​​နေရတဲ့ ဆရာဝန်​​ပေါက်​စဘဝမှာ​တော့ ဆရာဝန်​ဆိုတဲ့စကားလုံးကို နည်းနည်းရိပ်​မိသလိုလို လူနာ​တွေအ​ပေါ် ဘယ်​လိုကုသပြီး ဘယ်​လို သ​ဘောထားရမယ်​ဆိုတာ ရိပ်​မိလာသလိုလိုပဲရှိပါ​သေးတယ်​။ ချစ်​ကို​ရေ... ဆရာဝန်​ကိစ္စခဏထားပြီး​တော့ ငါ့ကိုအင်​တာနက်​ကိစ္စ ​ပြောစမ်းပါဦး၊ အချိန်​​တော်​​တော်​များများကို မင်းရဲ့အင်​တာနက်​ကိစ္စ​တွေမှာ မြုပ်​နှံထားရတာက​ကော ဘာ​ကြောင့်​လဲ... ဝီကီလိခ်​လိုကမ္ဘာ​ကျော်​မီဒီယာသမားကြီးဖြစ်​ချင်​လို့လား.... ​ကောင်​မ​လေး​တွေနဲ့ ချစ်​တင်း​နှောချင်​လို့လား...။ မဟုတ်​ပါဘူးဗျာ... ကျွန်​​တော်​အင်​တာနက်​မှထိုင်​တာ အမှန်​တရားဆိုတဲ့ သမုဒ္ဒရာကြီးထဲမှာ လွတ်​လွတ်​လပ်​လပ်​ ကူးခတ်​​နေရတဲ့ ငါး​လေးတစ်​​ကောင်​ ဖြစ်​ချင်​လို့ပါ။ အင်​တာနက်​ဆိုတာ ကျွန်​​တော်​တို့ ဘာသိချင်​လဲ အကုန်​သိလို့ရတဲ့​နေရာ၊ ဘာကြားချင်​လဲ အကုန်​ကြားလို့ရတဲ့​နေရာ၊ ဘာ​ပြောချင်​လဲ အကုန်​​ပြောလို့ရတဲ့​နေရာ၊ စာ​ပေ၊ ဂီတ၊ သတင်း၊ အတ္ထုပတ္တိအစုံစုံ ရှာ​ဖွေလို့ရတဲ့​နေရာ ကမ္ဘာ့စာကြည့်​တိုက်​​ပေါ့ဗျာ... ပြီး​တော့ကိုယ်​​ပြောချင်​တာ ကိုယ်​​ရေးချင်​တာ​တွေကိုလဲ သတင်းပုံစံ အနုပညာပုံစံ​တွေနဲ့ ယဉ်​ယဉ်​​ကျေး​ကျေး ​ပြောလို့​ရေးလို့ ရတဲ​နေရာဆို​တော့.... ဒီ​နေရာကို မ​ရောက်​ဖူးတဲ့သူဟာ လူမိုက်​ပဲ။ ဆက်​သွယ်​​မှုဧရိယာပြင်​ပ​ရောက်​​နေသူပဲ။ လာ... ခင်​ဗျားနဲ့ကျွန်​​တော်​သွားကြစို့။ အင်​တာနက်​ဖွင်​ပြီး ကမ္ဘာတစ်​ပတ်​ ပတ်​လိုက်​ကြ​ရ​အောင်​တဲ့...။ ကျွန်​​တော်​ကလည်း ချစ်​ကို ကိုပြန်​​ပြောလိုက်​ပါတယ်​။ ​အေး... ငါကလည်းအရာရာ သိချင်​ ဖတ်​ချင်​တဲ့​ကောင်​ပါကွာ... ဒါ​ပေမယ့်​... စစ်​နဲ့ငြိမ်းချမ်း​ရေးကို အိပ်​ယာထဲမှာပဲ စာအုပ်​နဲ့ဖတ်​ချင်​တယ်​။ သူငယ်​ချင်းချင်း တယ်​လီဖုန်းနဲ့ စကား​ပြောရတာ အရသာမရှိဘူး... တယ်​လီဖုန်းနဲ့ တစ်​နာရီစကား​ပြောမယ့်​အစား လမ်းမှာခဏတစ်​ဖြုတ်​ ၅မိနစ်​​လောက်​ရပ်​စကား​ပြောရတာကိုပဲ ငါလိုချင်​တာ မင်းတို့အင်​တာနက်
ကို​တော့ အများကြီး​ကျေးဇူးတင်​ပါတယ်​ ချစ်​ကို​ရေ... ငါသွားပြီ။

နောက်​တစ်​ပိုင်းတွင်​ ဘယ်​သူ​တွေနဲ့ဆက်​​တွေ့ဦးမှာလဲ.....

@ahtaroo
Photo credit ; google image

Sort:  

love it!

goooooooood...
ချစ်ကိုက ကိုကျော်လိုင် ကိုပြောတာလားဗျာ

ဟုတ်​သလိုလို

ပုလင်းမြင်တာနဲ့ကို သဘောကျသွားလို့
Vote လိုက်ပီဗျ

😁😁😁

နောက်တစ်ပိုင်းမျှော် 😁😁
မျှော်နေပီဗျိုး 😄😄

Black label , အမြည်းက သရက်ချဉ်သုပ် နဲ့ ငပိ ထောင်းနဲ့.... ပါးစပ် တောင် စိုလာပြီ။

အရမ်းလိုက်​ပဲအကိုဟင်

မျော်နေလျက်ပါ…ဘရို

ဟုတ်

ကောင်းလိုက်တဲ့အရေးအသား တကယ့်အနှစ်သာရတွေပါဗျာ

ကျေးဇူးပါဗျ

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

ဟေး ကဗျာ ဆရာ မပါဘူးဟေ့ ကဗျာဆရာပါဘူးကွယ် ဟီး ဟာ ဟားးး ခ်ခ်

ကဗျာဆရာက​နောက်​ဆုံးအပိုင်​မှလာမယ်

inn ပါလေ နောက်ဆုံးအပိုင် စောင့်ရမပေါ့

မကြာမှီလာမည်​​မျှော်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51