ကျွန်တော်နှင့် ကြောင်ကမ္ဘာစံအိမ် (My Cats House)
ကျွန်တော်နှစ်ရက်လောက် သတိလစ်မေ့မျောအပြီး သွေးများသွင်း၍ ဆေးရုံမှအိမ်သို့ ပြန်ရောက်ချိန် ကျွန်တော်ကုတင်အောက်မှ သေးသေးညှင်ညှင်အသံ ကလေးများကိုကြားနေရလေသည်။ နောက်တနေ့မနက်ကျမှ အမေက ကျွန်တော်အတွက် ဆန်ပြုတ်နှင့် ကော်ဖီယူလာပေးရင်း ကျွန်တော်၏ ကုတင်ခြေရင်းတွင် ကြောင်ကလေးသုံးကောင် မွေးနေကြောင်း ထိုကြောင်မကြီးမှာ ရပ်ကွက်ထဲတွင် ခြေသလုံးအိမ်တိုင် သွားလာနေသော ကြောင်မကြီးဖြစ်ကြောင်း စသည်တို့ကိုပြေပြလေ၏။ သိုသော်ကျွန်တော်မှာကား ကြောင်ကလေးတွေကို ကုတင်အောက်သို့ဝင်ငုံကြည့်ရန် အင်အားမရှိသေးသော်လည်း ၎င်းတို့မှာကျွန်တော်၏ အဖော်ကလေးတွေပင်ဖြစ်ကြောင်း စိတ်ထဲတွင်အသိအမှတ်ပြုလိုက်မိလေ၏။
ဒီလိုနှင့် တစ်လခန့်အကြာတွင် ယိမ်းတိယိမ်းယိုင်ဖြင့် ကျွန်တော်ကုတင်ဘေးတွင် လမ်းလျှောက်နေကြသော ပေါက်စကွေးကြောင်လေးသုံးကောင်ကို တွေ့လိုက်ရလေသည်။ ညဘက်ရောက်လျှင် ကျွန်တော်ကုတင်ခြေရင်းမှာပဲ သူ့အမေကြောင်မကြီး၏နို့ကိုစို့ရင်းအိပ်လေ၏။ ကျွန်တော့မှာလည်း နည်းနည်းပါးပါးသွားနိုင်လာနိုင်ရှိလာလေပြီ။ ကျွန်တော်မှညလဲသူတို့ကို စောင့်ကြည့်လေ့လာနိုင်လေသည်။ ကျွန်တော်မှာသတ္တဗေဒပညာရှင်မဟုတ်ပါ။ သို့သော် ကျွန်တော်စောင့်ကြည့်လေ့လာနေပါသည်။ သက်ရှိသတ္တဝါလေးတွေရဲ့ လှုပ်ရှားပုံ အမူအကျင့် ဒိုင်ယာရီကို ဖတ်ရှုနေခြင်းပင်ဖြစ်ပါသည်။
တနေ့ကျွန်တော်လမ်းထိပ်လက်ဖက်ရည်ဆိုင်မှ ပြန်လာပြီးကျွန်တော်ကုတင်နားရောက်၍ ကြောင်ကလေးတွေကိုကြည့်မိရာ တစ်ကောင်ပျောက်ဆုံးနေကြောင်း တွေ့ရလေ၏။ ထိုခဏမှာပင် ကြောင်မကြီးသည် ပြတင်းတံခါးမှခုန်ဆင်းလာပြီး ကြောင်ကလေးတစ်ကောင်၏ လည်ကုတ်အရေပြားကို သွားဖြင့်ကိုက်ချီလာကာ ပြတင်းပေါက်မှ ပြန်ထွက်သွားလေ၏။ အမှန်တော့ ကြောင်ကလေးတွေကို နေရာပြောင်းရွှေ့ခြင်းပင်ဖြစ်လေ၏။ ပြောင်သောနေရာမှာလည်း ကျွန်တော်ကုတင်ဘေးပြတင်းပေါက်အပြင်ဘက် ရေချိုးခန်း အမိုးအုတ်ခုံပေါ်ဖြစ်၏။ သိုသော်ထိုနေရာမှာ နေပူမိုးရွာမလုံခြုံသဖြင့် ကျွန်တော်ကကုတင်ခြေရင်းတွင်ပင် ပြန်ရွှေ့ကာထားလိုက်၏။ သို့သော် ကြောင်မကြီးကားကိုက်ချီမြဲ၊ နေရာရွှေ့မြဲ။ ရိုက်ရွှေ့ခြောက်လိုက်လျှင်ပြေးသည်။ အလစ်တွင်ကိုက်ချီပြီးရွှေ့သည်။ တစ်ရက်... နှစ်ရက်... သုံးရက်... နောက်ဆုံးတော့ ကျွန်တော်လည်းကြောင်မကြီးနှင့် ပေါက်စကွေးလေး ၃ကောင်ကို ဂျပ်ပုံးထဲထည့်ပြီး အခန်းထဲပိတ်ထားလိုက်ရလေသည်။ ကျွန်တော်မှာ သူတို့ရဲ့ဘဝကို နားမလည်ပေးကိုး။ ဒီလိုနဲ့ ကြောင်ကလေးတွေရဲ့သက်တမ်း ၂လကျော်ကျော်ရောက်ချိန် ငါးပေါက်စလေးတွေ ကျွေးကြည့်တော့ စားတတ်နေပြီး ကြောင်မကြီးကတော့ သူ့နို့ကို ၃လထိသာတိုက်၏။ သူနို့ပြတ်ချိန် ကြောင်ကလေးတွေနို့လာစို့ရင် မာန်မဲလွတ်ပြီး ဝမ်းလျားမှောက့ဝပ်နေတတ်၏။ ထိုအခါကြောင်ကလေးတွေ၏ အစာတာဝန်မှာ ကျွန်တော်အပေါ်သို့ ဆိုက်ရောက်လာတော့၏။
ကျွန်တော်မနက်လက်ဖက်ရည်ဖိုးထဲက နေစဉ်ပိုက်ဆံဖယ်ထားကာ သူတို့အတွက် ငါးပေါက်စလေးများ နေ့စဉ်ဝယ်လာရလေသည်။ လက်ဖက်ရည်ဆိုင်မှ ကျွန်တော်အိမ်ပြန်ရောက်ရောက်ချင်း သူတို့အား ငါးပေါက်စကလေးများ ၂ကောင်၃ကောင်စီပစ်ကျွေးပြီး ကျန်သောငါးများကို နည်းနည်းလောက်ပျော့အောင်ပြုတ်ပေးပြီး နေလည်တစ်ခါ ညနေတစ်ခါ ထမင်းနှင့်နယ်ကာ ကျွေးလေ၏။ နိုင်ငံခြားမှာတော့ ၁၈နှစ်ပြည့်လျင် သားသမီးကို မိဘကတာဝန်မယူ ကိုယ့်အားကိုယ်ကိုးစေသည်ဆို၏။ ကျွန်တော်ကလည်း ကျွန်တော်၏ကြောင်းကလေးများကို တစ်နှစ်သားအထိ တာဝန်ယူကျွေးမွေးမည်ဟု ဆုံးဖြတ်ထား၏။ တစ်နှစ်ပြည့်လျှင် သူတို့အစာကို သူတို့ရှာစားတတ်သွားမည်ဟုထင်သည်။
ရှာမစားတတ်ဘဲ ကျွန်တော်ထံလာတောင်းလျှင်လည်း ကျွန်တော်ကျွေးပေမည်။ ရပ်ကွက်ထဲမှလူများကလည်း ကျွန်တော်ငါးထုပ်ကလေး နေ့တိုင်းဆွဲဆွဲပြန်လာသည်ကို မြင်ကြလျှင် ဘာတွေဝယ်လာသလဲမေးကြ၏။ ကျွန်တော်ကလည်း ငါးတွေဟုဖြေ၏။ နေ့တိုင်းနေ့တိုင်း ငါးဟုဖြေနေရသဖြင့် ကျွန်တော်ကို နေတိုင်းငါးစားသလားဟုမေးပြန်၏။ ထိုအခါကျွန်တော်က ကျွန်တော်စားမှာမဟုတ်ကြောင်း ကျွန်တော်ရဲဘောတွေအတွက် ဖြစ်ကြောင်းပြောရလေ၏။ လမ်းထိပ်လက်ဖက်ရည်ဆိုင်မှ လူကြီးကလည်း ကျွန်တော်ကို ကြောင်အဖေဟု ခေါ်လေတော့၏။ သူတို့အရက်သောက်၊ ကွမ်းစား၊ နှစ်လုံးထီထိုးသည်ကိုတော့ အပိုတွေအဖြစ် မမြင်ကြ။ ထိုသူတွေကို ကျွန်တော်ပေးလေ့ရှိသော အဖြေကတော့ သတ္တဝါဆိုတာ လူကျွေးမှစားရတာပါဗျာ ဟူ၍သာဖြစ်လေ၏။
ကြောင်ကမ္ဘာစံအိမ် အပိုင်း၂တွင်ဆက်လက်အားပေးကြပါ။
@ahtaroo
Photo credit ; google image and Facebook inmage
nice!
Thank you
I love a cat! Thanks.
Regard from Indonesia.
Thank you
ကြောင် ကို ရေချိုးပေးသေးလား?
အလုပ်မရှိကြောင်ရေချိုးပေးတယ်လေ
Wonderful post. @ahtaroo
Thank
Lol....ကြောင်uptodate ပေါ့...ဟဟ
ဟုတ်ပဗျာ
nice
Thank
မေတ္တာတရားလေးရှိနေခြင်းက အကို့အတွက်လာဘ်တစ်ပါးဖြစ်ပါသည်
ဟုတ်ကိုသာအေး
ဘီယာနဲ့မြည်းဖို့ဘာလို့ပြောပလိုက် နောက်တစ်ပိုင်း အော စောင့်မျှော်ရမောလှပါပီကွယ်.... နာ လည်း အပိုင်း လေး တွေ ပိုင်း ပိုင်း ပြီး တင် အုံး မှ ပါ တ ထောင့် တ ည ပုံပြင် တွေကိုလေ
ကျွှန်တော်လည်း တစ်ယောက်တစ်ည တင်မလို့ပါ
ဟီးဟီး ချချ
ကြောင်မွေးချင်တယ် ဒါပေမဲ့ အဆောင်မှာနေတာဆိုတော့ အလုပ်သွားတဲ့အချိန် သူ့ကိုမကြည့်ဖြစ်မှာစိုးတယ်
အာ့တော့ဟုတ်တယ်
အို ကြောင်လေးရယ် သတိရမိတယ်
😢😢😢