ဂြိုဟ်မွှေတဲ့ uranium! (@aggamun)

in #gaming7 years ago

Explorer ll ထွက်လာပြီးနောက်ပိုင်း ခံစားချက်တွေ သိပ်မကောင်း ဘူး။ ကံကောင်းမှု တွေ ပျောက်ဆုံး နေသလို ဖြစ်နေ သလား မသိ။ planet အသစ်တွေ ထပ်မတွေ့ တော့တာဟာ ကာလ တစ်ခု ကြာမြင့်နေပါပြီ။ ရှာတွေ့မယ့် အရိပ်အယောင်လည်း မမြင်မိ မခံစားရမိ ဖြစ်နေတယ်။ တည်ဆောက်ရေး ပိုင်းမှာတော့ တစ်ခုပြီး တစ်ခု ဆက်တိုက် ကို တည်ဆောက်နေပါတယ်။

ခုတစ်ပတ် အတွင်း Explorer ၅ လုံးမက အောင် ပျက်ကျနေတာတော့ သံသယ ဖြစ်စရာ ကောင်းနေပါတယ်။ planet အသစ် တွေ မရ သေးဘဲ explorer တွေ ပျက်ကျတာ ကြမ်းနေလို့ ကျွဲမြီးတို နေမိပါတယ်။ ရှာဖွေရေး အကြိမ် ရေ ၃၀၀ အတွင်း ခဏ ခဏ planet တွေ မိနေပေမယ့် ခု ၃၀၀ ကနေ ၄၀၀ ကျော်လာသည့်တိုင် planet ထပ်မရ တာက ထူးခြား နေသလိုပင်။ planet အရှောင် အတိမ်းပဲ ကောင်း သလား။ ကျွန်တော်က ပဲ အရှာ အဖွေ ညံ့သွား သလား ပဲ။

နောက်တစ်ရက် လောက်ဆို MC Lvl တစ်ခု ထပ်တိုး ပါတော့မယ်။ ဒါဆိုရင်များ planet အသစ် တစ်လုံးလောက် များ ရနိုင်မလား မျှော်လင့်မိပါတယ်။ အဓိက မျှော်လင့်မိနေတဲ့ Legendary လေး သာ ဖြစ်လိုက်ပါတော့ ကွာ။ ဒီစိတ်နဲ့ ပဲ nc ကစား နေရတာ ပဲလေ။ ခုလောလော ဆယ်က တော့ nothing found ဆိုတာချည်းပဲ မြင်နေရပါတယ်။ ဒါမှ မဟုတ် Explorer lost ပေါ့။ ဟဲ ဟဲ အပြောင်းအလဲ တော့ နည်းနည်း ဖြစ်သွားတာပေါ့။

နောက်ပိုင်း battleship တွေတော့ သိပ်မသိပါဘူး။ explorer နဲ့ transporter ကတော့ uranium အရမ်း စားပါတယ်။ ဒီတော့ RSS တွေ balance out ကုန်ပါတယ်။ transporter တို့ explorer တို့ ထုတ်ပြီးလို့ ရှိရင် RSS တွေ ပြန်ညှိရတာ မမိုက်ပါဘူးဗျာ။ တခြား battleship skill မှာလည်း uranium ကို အများအပြား အသုံးပြုရတာ တွေ့နေရ တော့ ခုနောက်ပိုင်း ပိုင်ဆိုင်သမျှ planet တွေ အားလုံးမှာ uranium miner တွေကို တခြား miner တွေထက် တစ်ဆင့်မက မြှင့်ထား နေရပါတယ်။

ဒီလိုသာ မလုပ်ထားရင် အကုန်လုံး balance တွေ out ပြီး တိုင်ပတ်ပါလေရော။ တခြား RSS တွေ လျှံနေပေမယ့် uranium ကတော့ ဘယ်တော့မှ ပြည့်တယ်လို့ ကို မရှိပါဘူး။ သူ့ကို ပဲ အမြဲစောင့်ပြီး upgrade တွေ တင် skill တွေ ဖြည့် လုပ်နေရ ပါတော့တယ်။ တော်တော် ဂြိုဟ်မွှေတဲ့ uranium ပါ ခင်ဗျ !!

Written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=21
Sort:  

ဘာမှ ရသေးဘူး ခရီးကထွက်ချင်လှဘီ 😜

ခရီး ထွက်ရင် ပြောင်းဖူးတွေ ပဲတွေယူခဲ့ပါ 😜

Posted using Partiko Android

😂 😂 😂

Nextcolony က ဂြိုလ်တော်တော်နဲ့ ရှာမတွေ့ရင် စိတ်တွေညစ်လာရော။တော်တော် စိတ်ဒုက္ခပေးတဲ့ဂိမ်း။

Posted using Partiko Android

ဟုတ်ပ အစ်မရာ။ nc က ရေရှည် ကစားနိုင်မှ ဟန် မယ်ဗျ။

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61655.78
ETH 1609.66
USDT 1.00
SBD 0.47