Rank 47 (@aggamun)
in #myanmar5 years ago
Written by @aggamun
Unicode version
Rank က ၅၀ အထက် မှာ ရပ်တည်ဖို့ နောက်ထပ် Planet အသစ်တွေ ထပ်မံ လိုအပ်နေပါပြီ။ ရှာဖွေ ရေးကို ဆက်တိုက် မလွတ် တမ်း လုပ်ဆောင် နေပေမယ့် လိုအပ်တဲ့ နေရာမှာ မတွေ့ တာ အတော် ဆိုးပါတယ်။ လိုအပ်တဲ့ နေရာမှာ မတွေ့ တဲ့အခါ transport လုပ်ဆောင် တဲ့နေရာမှာ အခက်အခဲတွေ ကြုံတွေ့ရနိုင် ပါတယ်။ ခုတော့ ကြားထဲမှာ နေရာ လွတ် တွေ က နှမြောစရာကြီး ဖြစ်နေ ပါတယ်။
ဆိုတော့ မကြာခင် Rank ကျဆင်းတော့မှာ ဖြစ်ပါတယ်။ ကိုယ့် ပိုင်ဆိုင် မှု အရ Rank 100 အပြင်ဘက် ကို ရောက် နိုင်စရာ တော့ မရှိလောက် ဘူး ထင်ပါတယ်။ ကိုယ့် အောက်က ကစား သမား တွေ အသီးသီး ကလည်း Planet အသစ်တွေ တိုးလာ နေတာ တွေ့နေရတော့ ကိုယ်သာ Planet အသစ် ထပ်မရပါက အောက်ဆင်း ပေးရဖို့က သေချာ သလောက်ရှိပါတယ်။
စတင်း လေးတွေ တိုးပွား လာစေဖို့ NC မှာ ကစား လာရတာ လ အနည်းငယ် ရှိပါပြီ။ ပုံမှန် ရနေကျ ဗုတ်ကလွဲရင် ထင်သာ မြင်သာ ရှိတဲ့ အရာ ဘာမှ မလာသေးပါဘူး။ စတင်း ဝင် ဖို့ လမ်းကြောင်း ဆိုပြီး ကစား နေပေမယ့် လမ်းကြောင်းက ခုထိ ဖဲကြိုးတောင် မဖြတ်ရ သေးပါဘူး။ သူတို့ ခင်းထားတဲ့ လမ်းကြောင်း အရ မမြတ်ရင်တောင် အရင်း ပမာဏ လောက်တော့ ပြန်ရနိုင် စရာ တော့ ရှိနေပါ တယ်ဗျ။ ဒါပေမယ့် ဘယ်အချိန် ဘယ်ကာလ မှန်း မသိ တာက ခက်ပါတယ်။
တကယ်တော့ ခုလို စာတွေ ရေးရတာ မရေးချင် တော့ပါဘူး။ မိမိ အနေအထား က ဒီလို ရေးမှ ဒီလောက် ရတာ ဆိုတော့ အပ်ကြောင်း တွေထပ်နေ ပေမယ့် ရေးနေရ တာပါပဲ။ ပြီးခဲ့တဲ့ လက ရသမျှ စတင်း တွေ ကလည်း စာရေးပြီး ရတာတွေ ဆိုတော့ တစ်ရက် မရေးရင် မရ လိုက်မယ့် စတင်း ပမာဏ ကို မတွေးရဲ ပါဘူး။ စိတ်ညစ် လို့။ တခြား လမ်းကြောင်း တွေကလည်း ဟုတ်တိ ပတ်တိ မရင်းနိုင်လို့ ဟုတ်တိ ပတ်တိ မရပါ။ ဒါကြောင့် ဘာမှ မရင်းရတဲ့ စာရေးခြင်းကို သာ ပျက်ကွက် မှု မရှိအောင် ဂရုစိုက် နေရတာပေါ့ ဗျာ။
Written by @aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=65
Coin Marketplace
STEEM 0.19
TRX 0.15
JST 0.029
BTC 62904.22
ETH 2571.38
USDT 1.00
SBD 2.76