Poem for me

in #msu8 years ago (edited)

အညတရ ရဲ့ အညတရ


အခွင့်အလမ်းက
လက်တကမ်းမှာ ………
အကျိုးအမြတ် က
ဟို ရှေ့ တစ်ချက် လေးတင် ………… ။

မြင်သာ မြင် …………
မကြင်ခဲ့ ရ
အိုဘယ့် လူသား ဘဝ ………… ။

တိုက်ဆိုင်မှုရှိမှသာ သဘောပေါက်မယ်ဆို
သေချာတယ် မင်း ………
ငါ့ကို လှောင်ပြောင်ကဲ့ရဲ့ ခြင်းနဲ့သာ
စီးချင်း ထိုးနေ စေမှာ ။

မင်းဘက်က မှန်ပါတယ် လို့ပြောနေတာဟာ ………
ငါက မှားနေလို့လား ကွာ ။

ငပျင်းတစ်ကောင် လို့ပဲ ဆိုဆို …………
ငဖျင်းကြီး လို့ပဲ သမုတ် သမုတ် ………။

ငါ့ကို တစ်စုံတစ်ခု မပေးခင် …………
လှမ်းယူနိုင်တဲ့ အင်အား
အရင် ပေးသနားလှည့် …………။


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

ကောင်းပါတယ်​ဗျ👍👍

အောက်ဆုံးပိုဒ်လေး က အမိုက်စား :D

ဟုတ် bro
ကြိုက်တဲ့ စာသားလေးတွေ မှတ်သားထားပြီး ပြန်သုံးထားတာပါ

ဟုတ်လို့လား ဗျာ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64248.68
ETH 1675.59
USDT 1.00
SBD 0.41