တွေးမိ တွေးရာ ထွေရာလေးပါးsteemCreated with Sketch.

in #myanmar8 years ago

ကဲ အခုလို SBD တွေ STEEM တွေ ဈေး ဂယောက်ဂယက် ဖြစ်နေခိုက်မှာ steemit ၌ post ရေးရတာ အနည်းနဲ့ အများ အဆင် မပြေ ဖြစ်နိုင်ကြပါသည်။
အချို့ ဆိုရင် လမ်းတစ်ဝက်မှာတင် လက်လျော့ ထားနေကြပြီ။
ဟုတ်တယ်လေ steemit နဲ့ ထမင်းစားလို့ရ တဲ့ အနေအထား မဟုတ်သေးတော့လည်း ဘာသွားပြောရမှန်း မသိ။
အားပေးစကားလည်း ရှာမရ။
တိုင်းရေးထက် ဝမ်းရေးခက် ဆိုသလိုပေါ့။
အူမ တောင့် ဖို့ အရေးကြီးတယ်လေ။
တစ်ယောက်တည်းသမားတွေ ဆို ကိစ္စ မရှိပေမဲ့
မိသားစုနဲ့ ဆိုရင်တော့ ဘယ်လွယ်ပါ့မလဲလေ။

ကိုယ်တွေလည်း promotion ရက်ရောက်လာ တာတောင် ဘာမှ ဟုတ်တိပတ်တိ စဉ်းစားလို့မရဘူး။
ဘယ်ရမလဲ နဂိုကတည်းက ဝမ်းစာမှ မပြည့်တာလေ။
မပြည့်တာလို့ ပြောရင် အထင်ကြီးနေဦးမယ် မရှိတာ ပါ ခင်ဗျာ။
အရေးအသားက လည်း steemit က ညီအစ်ကို မောင်နှမတွေ အသိဆုံး ပဲ။
ချာတူးလန် လို့ပြောရင်တောင် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေရမယ့် ဘဝ။

ပြီးတော့ ဆန်မရှိ အစားကြီး ဆိုသလိုပဲ။
စိတ်ကြိုက် မဖြစ်ရင် post က မတင်ချင်ဘူး။
တစ်ပိုင်း တစ်စ ရေးထားတာ တော့ ရှိပါရဲ့။ ကိုယ်ဘာသာ ကိုယ် ရေးထားပြီး ပြန် ဖတ်တာ ဘာတွေ လည်း နားမလည်တော့ဘူး အေးရော။
ကိုယ်ရေးထား တာ ကိုယ်တောင် မကြိုက်ရင် ဘယ်လိုလုပ် ကောင်းတော့မလဲ။

လိုင်းတစ်လိုင်းထဲ သပ်သပ် မှတ်မှတ် ရေးတင်ဖို့ ကြတော့လည်း ကိုယ်က ဘယ်လိုင်းလည်း မသိဘူး။
သူများတွေလို နည်းပညာဆိုရင် နည်းပညာ အကြောင်းရေးတင်။
ကားအကြောင်းသိရင် ကားအကြောင်း ရေးတင် စသဖြင့်ပေါ့။
ခုတော့ ကိုယ်က ဟိုနည်းနည်းသိ ဒီနည်းနည်းသိ ရယ်။
တက္ကသိုလ် ကျောင်းတက်လာ တဲ့ သုံးနှစ် ဘာတွေများသင်ခဲ့ ပါလိမ့်။

တက္ကသိုလ် ကျောင်းထွက် ဆိုပြီး အထင်မကြီးပါနဲ့ ရှေ့ပေါက်ကဝင်ပြီး နောက်ပေါက်က ထွက်လာတာ

သြော် ဒီပြက်လုံးလေးက ငါ့ ပြောတာပါလား ဆိုပြီး တွေးမိတာက အကြိမ်ကြိမ်။
ဆိုတော့က ဘာရေးရ မလဲ ဘာရေးရမလဲ တွေးရင်း တွေးရင်း နဲ့ စဉ်းစားလို့လည်း မရရော fb ပေါ်တက်ပြီး စာတွေ လျှောက်ဖတ် နေတာပေါ့ဗျာ။

အဲ တွေ့ပြီဗျာ ။
ခေါင်းစဉ်လေးက IQ EQ ထက်ပို အရေးကြီးတဲ့ AQ တဲ့ ဗျား။
သည်ဆောင်းပါးလေးထဲမှာ AQ ဆိုတာဘာလဲ။
AQ ရအောင် ဘာတွေ လုပ်သင့်လဲဆိုတာ ထိုက်သင့် သလောက်ဖော်ပြထားတာ တွေ့ရပါတယ်။
ခုလို ခက်ခဲတဲ့ ကာလမှာ အားတက်သွားစေတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါပဲ။
အပြည့်အစုံ ဖော်ပြချင်ပေမဲ့ copyright တွေ ဘာတွေ ရှုပ်လို့ link ပဲပေးလိုက်တော့မယ်။
တကယ်လို့ မဖတ်ရသေးရင် ဖတ်လိုက်ပါဦးဗျာ။
တစ်ခုခုတော့ ရသွားမှာပါ။

IQ EQ ထက်ပို အရေးကြီးသော AQ

ခုကျန်တဲ့ အပိုင်းကတော့ Steemit user အသစ်တွေ အကျိုးရှိနိုင်တဲ့ အရာလေးပါ ။

ကျွန်တော့လို မသိသေးတဲ့ သူတွေ အတွက် သီးသန့်။

ဒါကတော့ မိမိ post မှာ အလှဆင်မယ့် emoji လေးတွေရဲ့ coding တွေ ဖော်ပြပေးထားတဲ့ Steemit post link လေးပါ။

post ပိုင်ရှင်ကတော့ @blueorgy ပါ။

emoji လေးတွေ သုံးတော့ post က ပိုပြီးတော့ အသက်ဝင်လာတာပေါ့ဗျာ မဟုတ်ဘူးလား ။ 😊 😊

Emoji coding လေးများ post link

အင်း စကားကောင်းနေတာနဲ့ ဒီတစ်ပတ် promotion ဘာရေးတင်ရင် ကောင်းမလဲ စဉ်းစားစမ်း စဉ်းစားစမ်း

စဉ်း…… စား…… စမ်း…… 😴 💤


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

စဉ်းစားအဖြေရှာအကြံကောင်းထွက်လာမှာ

ဟုတ်ပ ဗျာ ကျေးဇူး bro 😊
@aggamun

Your article is very good, my game is very fun. https://goo.gl/Dd9394

စာကိုကောင်းကောင်းမဖတ်တတ်တော့ စာလဲကောင်းကောင်းမရေးတတ်သေးဘူး broရေ😟

အဟမ်း အဟမ်း သမင်ဆယ်လှမ်း ကျားတစ်လှမ်းပါကွယ် 😊 @aggamun

ဟုတ်ကဲ့ပါbroရေ

Congratulations @aggamun! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Good thinking bro

thz bro 😀

ရေးရတာ့ ပြန်ရတာ ဒီအချိန်မှာ သိသာ့ မရှိပါဘူး တစ်ခုဘဲ ရေထားတဲ့ ကြာင်းအရာ က နောင်တစ်ချိန်မှာ အသူံးဝင်တဲ့ စာတွေဖြစ်ခဲ့မယိုရင်...

ဟုတ်ကဲ့ bro thz u
@aggamun

Bro​တွေးမိ​တွေးရာ​လေး​တွေက တယ်​​ကောင်း​နေပါလား

😀 😁 ကျေးဇူးပါ bro ရေ
@aggamun

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 63945.53
ETH 1803.59
USDT 1.00
SBD 0.39