အကွက်ရွေ့ မှားရင် (@aggamun)

in #esteem7 years ago

ပြီးခဲ့တဲ့ season မှာ $2 ကျော်တဲ့ ကဒ်တစ်ခု reward အနေနဲ့ ရခဲ့တယ်။ quest မှာလည်း $2 လောက်ရှိတဲ့ Gold ကဒ်လေးတစ်ခု ရတယ်။ အဲဒါက လွဲရင် သိပ်မရခဲ့ပါဘူး။ စတင်းတွေ အများအပြား မရင်း သေးဘဲ ကစားနေတာဆိုတော့ ဒီလောက်ရလည်း မဆိုးပါဘူးလေ။ အဆင့်မြင့် league တွေမှာ ကစား မှသာ ကဒ်ကောင်းကောင်း ရနိုင်ခြေ မြင့်မား မှာ ဖြစ်ပါတယ်။ ခုတော့ ဒီလောက်နဲ့ သာ ကျေနပ်လိုက် ရပါတယ်။

ejnlqu6qxh.jpg

တကယ်တော့ စတင်းတွေ ရင်းပြီး ကစား ချင်ပါတယ်။ စတင်း ဈေးက မတရား ထိုးကျနေတော့ ခုနေ ရင်းနှီးလိုက်ရင် စတင်း တွေ အရမ်း ကုန်မှာ ဖြစ်ပါတယ်။ ကိုယ့်မှာက back up မရှိတော့ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေတာပါ။ ကိုယ့် က အကုန် ဖြုန်း ပြီး ကစားနေတုန်း စတင်းဈေးက အတက်ကြမ်း လိုက်ရင် အသည်းနှလုံးတွေ ကြွေကျကုန် ပါလိမ့်မယ် ဗျ။ ဒီလောက် ပမာဏ ရရှိအောင် တရစ်ချင်း စုဆောင်းခဲ့ရတော့ နှမြောမိတာ ပေါ့လေ။

ယခု လက်ရှိ season ကတော့ ပိုခက်ခဲပါတယ်။ ကဒ် အမြင့်တွေချည်း ပဲ ရင်ဆိုင် နေရသလို ကိုယ့်ထက် ဖလား နည်းသူကို ပိုရှုံးနေရ သလို ပါပဲ။ တခါတခါ rule တွေ ပြောင်းလဲမှုမှာ အတွေးတစ်ချက်လောက် လိုသွားရင် အရှုံး နဲ့သာ ရင်ဆိုင်ရပါတော့တယ်။ ဒါကြောင့် လက်ရှိ အချိန် အထိ ဖလားက ၁၃၀၀ ကို ကောင်းကောင်း မကျော်နိုင် သေးပါဘူး။ season ပြီးဖို့က တပတ် သာသာပဲ ကျန်ပါတော့တယ်။ ဒီလို ကစားပုံနဲ့ တော့ target ထား ထားတဲ့ ဖလား ၁၉၀၀ ကို ထိပါ့မလား ရင်ခုန်စရာ ကောင်းနေပါပြီ။

Written by @aggamun

Sort:  

1 !BEER Token for you

Thz u !

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61074.00
ETH 1635.54
USDT 1.00
SBD 0.41