ကုသိုလ် လည်းရ ဝမ်းလည်း ဝ (@aggamun)

in #life5 years ago

ဘာလုပ်လုပ် အလှူအတန်း လေးနဲ့ တွဲလုပ်လေ့ရှိတာက မြန်မာလူမျိုးများ ရဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ အခုလို သင်္ကြန် အခါကာလမှာလည်း သင်္ကြန်ပွဲတော်နဲ့ အတူ စတုဒိသာ အလှူအတန်းများကို နိုင်ငံ အနှံ့အပြားတွင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပြည့်စုံသူများက မဏ္ဍပ်များထိုး၍ အကြီးကြီး လှူကြသလို မပြည့်စုံသူများကလည်း တစ်ပိုင်တစ်နိုင် စုပေါင်းကာ တတ်နိုင်သမျှ လှူကြ တန်းကြ သည်မှာ တပျော်တပါး ရှိလှပါတယ်။

ဒီနေ့ သင်္ကြန် အတက်နေ့။ ကျွန်တော်တို့ ဆွေမျိုးတွေ စုပေါင်းပြီး မုန့်လုံးရေပေါ် အလှူ လုပ်ကြပါတယ်။ သိပ်တော့ အများကြီးလည်း မလုပ်နိုင်ပါဘူးဗျာ။ ရပ်ကွက်ထဲ နိုင်သလောက် ဝေရုံလေးပါ။ သင်္ကြန်တွင်းက မုန့်လုံးရေပေါ်နဲ့ အလိုက်ဖက်ဆုံး ပါပဲ။ ကျွန်တော်ကတော့ သင်္ကြန်မှာ မုန့်လုံးရေပေါ်လေး မစားလိုက်ရရင် တစ်ခုခု လိုနေသလိုပါပဲဗျ။

ပထမ ဆုံး ကျက်လာတဲ့ မုန့်လုံးရေပေါ်ကို ဆွမ်းတော် တင်သင့်တာတင်၊ တန်းဆွမ်း လောင်းဖို့ ဖယ်သင့်တာ ဖယ်ထား၊ ကျန်တာကို အရပ်ဝေနဲ့ ပျော်စရာ ကောင်းပါတယ်ဗျ။ ဘာပဲဖြစ်ဖြစ် သင်္ကြန်က အဓိပ္ပာယ် ရှိသွားတာပေါ့ဗျ။ ပျော်စရာရှိတာ ပျော်ရ ကုသိုလ်လည်း ရစရာလည်း ရ ဆိုတော့ ဝမ်းသာပီတိ ဂွမ်းဆီထိပေါ့ဗျာ။

မိတ်ဆွေ တို့ရော ဒီနှစ် သင်္ကြန် ဘယ်လို ကုသိုလ်များ လုပ်မိသလဲဗျ။ သာဓု ခေါ်ရအောင် မျှဝေ ခဲ့ပါဦးနော်။



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=122
Sort:  

အင်း အဝါလေးနဲ့တစ်ယောက်ကချောတယ်နော်bro

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63204.10
ETH 2560.70
USDT 1.00
SBD 2.79