ဂုဏ် သိက္ခာ ဆိုတာက (@aggamun)

in #blog7 years ago

အချိန်ကား ည ၁၀ နာရီခန့် …… ။

၎ လမ်းသွား လမ်းမကြီး တစ်နေရာရှိ PCO ဖုန်းရုံကလေး အတွင်း၌ လူကြီးတစ်ယောက် ဖုန်းပြောနေသည်။ သူ၏အတွင်း၌ အသက်ခုနှစ်နှစ် ရှစ်နှစ်ခန့် ကောင်လေး တစ်ယောက်သည် ဖုန်းရုံ၏ မျက်နှာချင်းဆိုင် ဟိုဘက်ကားလမ်းတွင် တည်ရှိနေသော 24HR စတိုးဆိုင်လေး တစ်ခုဆီသို့ ငေးလျက် မတ်တပ်ရပ်နေသည်။

နှစ်ဦးစလုံး၏ အဝတ်အစားများမှာ အနည်းငယ် တွန့်ကြေလျက် နွမ်းပါးသည့်ဟန် အတိုင်းသာ အော်နေသည်။ ဖုန်းရုံအတွင်းမှ လူကြီးသည် လွန်စွာတိုးညှင်း လှသောအသံဖြင့် တစ်ဖက်ကလူနှင့် ဖုန်းပြောနေသည်။

" … ငါတို့အိမ်ကို ထိုးအပ်လိုက် ရပြီကွာ မင်းအစ်မလည်း အဲ့ဒီစိတ်နဲ့ လုံးပါးပါး တော့တာပါ ပဲကွာ။ … "

" …… "

" အေးပါကွာ မင်းအဆင်ပြေမလား လို့ပါ။ မင်းတို့ အဆင်ပြေရင် ငွေလေးဘာလေး လှည့်ချင်လို့ "

" …… "

" အေးအေး ဒါပဲဒါပဲ ဘိုင့် "

ဂျောက် ခနဲ့ ဖုန်းချလိုက်သံ နှင့်အတူ လူကြီးသည် ဟူးခနဲ လေပူတစ်ချက် မှုတ်ထုတ် လိုက်သည်။ သို့သော် ရင်ထဲမှာတော့ အပူလျော့မသွား သည့်ဟန် အတိုင်းသား မြင်နေရသည်။

လူကြီးသည် သူ့ဘေးနားရှိ ကလေးငယ်လေးသို့ တစ်ချက်ငေးကြည့်ရင်း ချစ်စနိုးဖြင့် ကလေးငယ်၏ ဆံပင်များကို အနည်းငယ် ဖွလိုက်သည်။ ထိုအခါ စတိုးဆိုင်သို့ ငေးနေရှာသော ကလေးငယ်သည် အနည်းငယ် အသိဝင်လာပြီး လူကြီးကို အားကိုးတကြီး ကြည့်လျက်

" ဖေကြီး သားဗိုက်ဆာတယ် "

ထိုအခါ ဖခင်ဖြစ်သူသည် အစွမ်းကုန် ပြုံးလျက်

" ဗိုက်ဆာရင် စားရမှာပေါ့ကွာ သားဒီနားမှာ ခဏစောင့်နေနော် ဖေဖေ မုန့်သွား ဝယ်လိုက်အုံးမယ် "

ထိုသို့ ပြောဆိုပြီးနောက် ဖခင်ဖြစ်သူသည် ဘေးဘီဝဲယာ သို့ တစ်ချက် အကဲခတ် ကြည့်ရှုလိုက်သည်။ ပတ်ဝန်းကျင်တွင် လူသွားလူလာ ရှင်းလျက် တစ်ခါတစ်ရံ အဝေးမှ ကားသံများ ကြားရတတ်သည်။

လူကြီးသည် သားဖြစ်သူအား ထားခဲ့ပြီး တစ်ဖက်ကမ်းရှိ စတိုးဆိုင်ထဲသို့ စားစရာတစ်ခုခု ရလိုရငြား အလို့ငှာ ဝင်ရောက်သွား လေသည်။ ကလေးငယ် ကတော့ မျှော်လင့်ခြင်း မျက်လုံးများဖြင့် ဖခင်ဖြစ်သူ စတိုးဆိုင် အတွင်းမှ ထွက်အလာကို ငံ့လင့်နေသည်။

ထိုခဏ၌ ……

" သားရေ ပြေး ပြေးတော့ " ဟူသောအသံ နှင့်အတူ စတိုးဆိုင်အတွင်းမှ ပြေးထွက်လာသော ဖခင်ဖြစ်သူကို တွေ့လိုက်ရလေသည်။ လက်ထဲတွင် မုန့်တစ်ထုပ် ကိုင်လျက်… ။ သူ၏ နောက်မှာလည်း စတိုးဆိုင် ဝန်ထမ်းက " မုန့် သူခိုးဗျို့ " ဟု အော်၍ လိုက်လာနေသည်။

ရုတ်တရက် မို့ကလေးငယ်က ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။

" ကျွီ… ဝုန်း "

ကမူးရှူးတိုးဖြင့် ပြေးထွက်လာသော ဖခင်သည် လမ်းမ အရောက်တွင် အရှိန်ပြင်းစွာ မောင်းလာသော ကားတစ်စီးဖြင့် တိုက်မိ လိုက်လေသည်။ ဘရိတ်ကို နင်းလိုက်သဖြင့် ကားကရပ်သွား သော်လည်း အတိုက်ခံရသည့် လူသားက မရပ်တန့်ဘဲ နှစ်ပတ်သုံးပတ်ခန့် လိမ့်သွားသည်။

နောက်မှ ပြေးလိုက်လာသော စတိုးဆိုင် ဝန်ထမ်းသည် အသက်ကင်းမဲ့နေသော ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်အား ရိုက်နှက်ကန်ကျောက် နေသည်။ ထိုအချိန်ထိ ကလေးငယ်လေးသည် မလှုပ်မရှပ် ငြိမ်သက်နေသည်။

မကြာခင်ရဲများ ရောက်လာပြီး ဖခင်ဖြစ်သူအား လူနာတင်ကားပေါ်သို့ သယ်ယူကာ ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်ကြလေ တော့သည်။

များမကြာမီ ထိုမြင်ကွင်း အားလုံး ကွယ်ပျောက်ပြီး ပုံမှန်တိုင်း တတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။ ကလေးငယ်လေးသာ ယခင်အတိုင်း တစ်ဖက်ကမ်းတွင် မတ်တပ်ရပ် ငြိမ်သက်လျက် စကားတစ်ခွန်းကို တိုးတိုးလေး ရေရွတ်နေသည်။ ထိုစကားသည် သူ၏ဖခင်ကို ကန်ကျောက်နေသော စတိုးဆိုင်ဝန်ထမ်းအား တားဆီးရင်း လူကြီးတစ်ယောက်မှ ပြောသွားသော စကားတစ်ခွန်း ဖြစ်လေသည်။

" သူခိုးမှာလည်း သူ့အကြောင်းရင်းနဲ့သူ ရှိမှာပေါ့။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လေးစားစမ်းပါ။ "

(ဝန်ခံချက် - ကြည့်ဖူးသော ရုပ်ရှင်ဇာတ်လမ်း တစ်ခုမှ ဇာတ်ဝင်ခန်းအား စိတ်ကူးခံစား ရေးဖွဲ့ပါသည်။ )

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

Using share2steem.io : https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-1-steem-bounty-thng-esny-nyaa-thng-wng-atu-week-27-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=284
Sort:  

ရင်နာစရာအဖြစ်အပျက်ပါပဲ

ဟုတ်ကဲ့ ဦးထွေး

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.074
BTC 62924.84
ETH 1655.02
USDT 1.00
SBD 0.42