အိပ္မက္ေတြသာ တကယ္ျဖစ္မယ္ဆို (@aggamun)

in #myanmar5 years ago

Miner skills ေတြ upgrade လုပ္ရင္း လုပ္ရင္း Uranium Miner Skill က ျပည့္ သြားခဲ့ ပါၿပီ။ Skills ေတြကသာ ျပည့္ေနတာပါ။ building ပိုင္းက ေတာ့ ပ်မ္းမွ် Lvl.15 ေလာက္မွာ သာ ႐ွိပါတယ္။ တျခား RSS miner မ်ားရဲ႕ skill ကလည္း Lvl.18 ေလာက္ ႐ွိေတာ့ မၾကာခင္မွာပဲ Miner skills နဲ႔ ပတ္သတ္ၿပီး နားေအး ေတာ့ မွာ ျဖစ္ပါတယ္။

ယခုလို Battleship ေတြ ထုတ္လုပ္ရင္း skills ေတြ တင္ႏိုင္တာ ဟာ Planet မ်ားမ်ား ပိုင္ဆိုင္ထား ျခင္း ရဲ႕ အက်ိဳးေက်းဇူး ေတြသာ ျဖစ္ပါတယ္။ shipyard မျပည့္လို႔ ship မထုတ္ႏိုင္၊ building ကလည္း RSS မမီလို႔ မတင္ႏိုင္ တဲ့အခါ အဲဒီ planet မွာ RSS ေတြ ျပည့္သြား တတ္ပါတယ္။ ကြၽန္ေတာ္ ကလည္း အလုပ္႐ႈပ္ ေနတဲ့ အခါမ်ိဳးေပါ့။ အဲဒီ အခါ ႐ွိသမွ် RSS ကို လာတိုက္မွာ စိုးတာနဲ႔ skills ေတြခ်ည္း လွိမ့္တင္ ေတာ့ပါတယ္။ ဒါေၾကာင့္ building Lvl နဲ႔ skill Lvl က ကြာဟ ေနတာပါ။

မနက္ကပဲ Dreadnought က skill Lvl.14 ပဲ တင္လို႔ ၿပီးေသးတယ္ ဗ်။ အၾကာႀကီး တင္ရဦးမယ္။ MC နဲ႔ Dreadnought နဲ႔ က စိတ္မရွည္ ခ်င္စရာႀကီး ဗ်ာ။ RSS ျဖဳန္းတာ မ်ားသလို အခ်ိန္ကလည္း မတရား ကုန္ပါတယ္။ ဒီႏွစ္ ေကာင္ နားေအးၿပီး ရင္ေတာ့ ေတာ္ေတာ္ ေပါ့ပါး သြားမွာပါ။ ခုေတာ့ စိတ္႐ွည္ လက္႐ွည္ နဲ႔ ဆက္လက္ၿပီး upgrade လုပ္ေနရမွာပဲ ျဖစ္ပါတယ္။

ဒီရာသီ SM က ကြၽန္ေတာ့ အတြက္ unlucky ပါပဲ။ ခုခ်ိန္ထိ ဖလားက တစ္ေထာင္ေက်ာ္ ပဲ႐ွိပါေသးတယ္။ မက် သြားေအာင္ ေတာင္ ႀကိဳးစား ေနရတဲ့ အေနအထား ပါ။ Silver lllဆုိေတာ့ quest က reward အေနနဲ႔ ႏွစ္ ကဒ္ ပဲရေတာ့ တြက္ေျခ သိပ္မကိုက္ဘူး ေပါ့ဗ်ာ။ ကဒ္ အေကာင္း ေလးေတြ ကို DEC နဲ႔ ဝယ္ပါမယ္ ဆိုမွ အရင္လို အေပးက သိပိမၾကမ္းေတာ့ဘူးဗ်ာ။ ကိုယ့္ အၾကံ ကိုမ်ား သိသြား သလား မေျပာတတ္ပါဘူး။ ကဒ္ မ်ားမ်ား ရေအာင္ ဖလား မ်ားမ်ား တင္ရေတာ့မွာပဲ။ ရာသီလိဂ္ ၿပီးဆံုးဖို႔က ကိုးရက္ ေတာ့ က်န္ပါေသးတယ္။

အလကား ေန အလကား မို႔ sm က ကစားလို႔ အဆင္ေျပ ေနတာ ပါ။ တစ္ကဒ္ ရလည္း မနည္းဘူး ေလ။ ၿပီးခဲ့တဲ့ ရာသီက ကြၽန္ေတာ္ ေတာင္ Legendary ကဒ္ ေလး ရလိုက္ပါေသးတယ္။ ကစားရတာ နည္းနည္း ေတာ့ ေပ်ာ္သြားတာ ေပါ့ေလ။ က်န္တဲ့ ကဒ္ ေတြကိုလည္း ဘာမွ မလုပ္ဘဲ DEC နဲ႔သာ ထိုင္လဲဦး 4 STEEM ေလာက္ ရဦးမွာ ဆိုေတာ့ ဘယ္ေလာက္ ႐ႈံး ႐ႈံး ကပ္သပ္ၿပီး ကစားရတာ တန္ပါတယ္ဗ်။ စတင္း အိပ္မက္ေတြသာ တကယ္ ျဖစ္လာခဲ့ တဲ့အခါ ေပါ့။

Written by @aggamun

Miner skills တွေ upgrade လုပ်ရင်း လုပ်ရင်း Uranium Miner Skill က ပြည့် သွားခဲ့ ပါပြီ။ Skills တွေကသာ ပြည့်နေတာပါ။ building ပိုင်းက တော့ ပျမ်းမျှ Lvl.15 လောက်မှာ သာ ရှိပါတယ်။ တခြား RSS miner များရဲ့ skill ကလည်း Lvl.18 လောက် ရှိတော့ မကြာခင်မှာပဲ Miner skills နဲ့ ပတ်သတ်ပြီး နားအေး တော့ မှာ ဖြစ်ပါတယ်။

ယခုလို Battleship တွေ ထုတ်လုပ်ရင်း skills တွေ တင်နိုင်တာ ဟာ Planet များများ ပိုင်ဆိုင်ထား ခြင်း ရဲ့ အကျိုးကျေးဇူး တွေသာ ဖြစ်ပါတယ်။ shipyard မပြည့်လို့ ship မထုတ်နိုင်၊ building ကလည်း RSS မမီလို့ မတင်နိုင် တဲ့အခါ အဲဒီ planet မှာ RSS တွေ ပြည့်သွား တတ်ပါတယ်။ ကျွန်တော် ကလည်း အလုပ်ရှုပ် နေတဲ့ အခါမျိုးပေါ့။ အဲဒီ အခါ ရှိသမျှ RSS ကို လာတိုက်မှာ စိုးတာနဲ့ skills တွေချည်း လှိမ့်တင် တော့ပါတယ်။ ဒါကြောင့် building Lvl နဲ့ skill Lvl က ကွာဟ နေတာပါ။

မနက်ကပဲ Dreadnought က skill Lvl.14 ပဲ တင်လို့ ပြီးသေးတယ် ဗျ။ အကြာကြီး တင်ရဦးမယ်။ MC နဲ့ Dreadnought နဲ့ က စိတ်မရှည် ချင်စရာကြီး ဗျာ။ RSS ဖြုန်းတာ များသလို အချိန်ကလည်း မတရား ကုန်ပါတယ်။ ဒီနှစ် ကောင် နားအေးပြီး ရင်တော့ တော်တော် ပေါ့ပါး သွားမှာပါ။ ခုတော့ စိတ်ရှည် လက်ရှည် နဲ့ ဆက်လက်ပြီး upgrade လုပ်နေရမှာပဲ ဖြစ်ပါတယ်။

ဒီရာသီ SM က ကျွန်တော့ အတွက် unlucky ပါပဲ။ ခုချိန်ထိ ဖလားက တစ်ထောင်ကျော် ပဲရှိပါသေးတယ်။ မကျ သွားအောင် တောင် ကြိုးစား နေရတဲ့ အနေအထား ပါ။ Silver lllဆိုတော့ quest က reward အနေနဲ့ နှစ် ကဒ် ပဲရတော့ တွက်ခြေ သိပ်မကိုက်ဘူး ပေါ့ဗျာ။ ကဒ် အကောင်း လေးတွေ ကို DEC နဲ့ ဝယ်ပါမယ် ဆိုမှ အရင်လို အပေးက သိပိမကြမ်းတော့ဘူးဗျာ။ ကိုယ့် အကြံ ကိုများ သိသွား သလား မပြောတတ်ပါဘူး။ ကဒ် များများ ရအောင် ဖလား များများ တင်ရတော့မှာပဲ။ ရာသီလိဂ် ပြီးဆုံးဖို့က ကိုးရက် တော့ ကျန်ပါသေးတယ်။

အလကား နေ အလကား မို့ sm က ကစားလို့ အဆင်ပြေ နေတာ ပါ။ တစ်ကဒ် ရလည်း မနည်းဘူး လေ။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော် တောင် Legendary ကဒ် လေး ရလိုက်ပါသေးတယ်။ ကစားရတာ နည်းနည်း တော့ ပျော်သွားတာ ပေါ့လေ။ ကျန်တဲ့ ကဒ် တွေကိုလည်း ဘာမှ မလုပ်ဘဲ DEC နဲ့သာ ထိုင်လဲဦး 4 STEEM လောက် ရဦးမှာ ဆိုတော့ ဘယ်လောက် ရှုံး ရှုံး ကပ်သပ်ပြီး ကစားရတာ တန်ပါတယ်ဗျ။ စတင်း အိပ်မက်တွေသာ တကယ် ဖြစ်လာခဲ့ တဲ့အခါ ပေါ့။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=68

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62948.49
ETH 2583.15
USDT 1.00
SBD 2.74