စကားလေး တစ်ခွန်း (@aggamun)

in #life7 years ago

စကား လေး တစ်ခွန်း ပြောခွင့် မရ xxx ဒီဘဝ က အထီးကျန်သွား xxx

အဆိုတော် ကောင်းမြတ်ရဲ့ စကားလေးတစ်ခွန်း ဆိုတဲ့ သီချင်းထဲက စာသားလေးတွေပါ။ စကားလေး တစ်ခွန်း တည်း ပြောဆိုခွင့် မရ လိုက်တာဟာ တစ်ဘဝ လုံး အထီးကျန် ဖို့ ဖြစ်သွားရော တဲ့။ အနုပညာ အရ အပိုအလို တွေရှိချင် ရှိပေမယ့် တိုက်ဆိုင်မှု ရှိသူတွေ အနေနဲ့ ကတော့ ကွက်တိမှန်နေမလားပဲ ဗျ။ ပြောင်းပြန် ပြန်စဉ်းစားတဲ့ အခါမှာ ပြောခွင့်ရသူတွေ က တစ်ဘဝလုံး အထီးမကျန် နိုင်တော့ဘူးလား မသေချာပါဘူး။ ဒါပေသိ ပြောခွင့် မရသူများကတော့ အထီးကျန် နေနိုင်ပါတယ်။

စကားလေး တစ်ခွန်းက အရေးကြီးပါတယ်။ ကမ္ဘာ့ သမိုင်းက ရက်စက်လှတဲ့ စစ်ခေါင်းဆောင် အချို့ရဲ့ နာကျည်းချက်တွေက စာနာမှု ကင်းမဲ့တဲ့ စကားတစ်ခွန်းက စ ခဲ့တာပါ။ အကယ်၍သာ ဟစ်တလာ ဆိုသည့် လူငယ်လေးကို နာကျည်းစေမည့် စကားတစ်ခွန်း မပြောဖြစ်ခဲ့ဘူး ဆိုရင် ကမ္ဘာ့ သမိုင်းမှာ စစ်ပွဲ တစ်ပွဲ လျော့ကောင်းပါရဲ့။

ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်တို့ အထင်အမြင် လွဲမှား သွားမယ့် စကားလေး တစ်ခွန်းသာ မပြောဖြစ်ခဲ့ရင် အခုနေ ဂျပန်ပြည်သူ ပြည်သားများ အနေနဲ့ ဝမ်းနည်းဖွယ် နေ့ရက် တစ်ရက် သက်သာစေမှာ ဖြစ်ပါတယ်။ လူသားဆန်တဲ့ စကားတွေက သမိုင်းကို လှပစေမှာ ဖြစ်ပါတယ်။

ကျွန်တော် ဖတ်ဖူးတဲ့ ဝတ္ထုတို တစ်ပုဒ် မှာလည်း အကျဉ်းသား တစ်ယောက် ရဲ့ အပြုံးက အချုပ်အနှောင်က လွတ်သွားစေနိုင်သည် အထိ အစွမ်းအစ ရှိပါတယ်။ အကျဉ်းသား က သေဒဏ်ကျနေတာ လား မသိ မမှတ်မိ တော့ပါဘူး။ စကားလေး တစ်ခွန်းကြောင့် မဟုတ်ပေမယ့်လည်း လူသားဆန်တဲ့ အပြုအမူ အချို့က ဘာမှ မဟုတ်ပေမယ့်လည်း လောကကြီးကို လှပစေပါတယ်။

ကျွန်တော်တို့ လူသားဆန်တဲ့ အပြုအမူတွေကို ပြုလုပ်ဖြစ်ကြပါသလား? ဒါမှ မဟုတ် ပတ်ဝန်းကျင်က လွှမ်းမိုးထားတဲ့ ခေါက်ရိုးကျိုး အပြုအမူတွေ နဲ့သာ လုပ်ကိုင် ဆောင်ရွက် နေမိသလား? ကိုယ့်အပြုအမူက တပါးသူကို ဘယ်လောက်အတိုင်း အတာ ထိအောင် ထိခိုက်စေနိုင်သလဲ ဆိုတာ သေသေချာချာ ရော သိရဲ့လား?

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun


Using share2steem.io : https://share2steem.io/?ref=aggamun


My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-1-steem-bounty-thng-esny-nyaa-thng-wng-atu-week-26-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=261
Sort:  

စကားက တစ်ခွန်သာမို့ တစ်ခွန်ဆို ဆိုသလောက် ပေါက်မြောက်သွားတတ်တာလား

ဟုတ် ဦးထွေး။ အားပေးတာ ကျေးဇူးပါ။

Posted using Partiko Android

အပြော မတော် တစ်ခွန်းပေါ့
စကားကျွံက နုတ်မရ

Posted using Partiko Android

ဟုတ်ပ bro fighting!!

Posted using Partiko Android

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.078
BTC 67163.86
ETH 1843.47
USDT 1.00
SBD 0.44