အလုပ် စုံတဲ့နေ့ (@aggamun)

in #myanmar6 years ago

ဒီနေ့က အလုပ် အားလုံး စုံတဲ့ နေ့ လို့ ပြောရမှာပါ။ လကုန်ရက် ဖြစ်တဲ့အပြင် အပတ်စဉ် တနင်္လာ နေ့လို အဖွင့်နေ့ တစ်နေ့ ဆိုတော့ အလုပ်က ရှုပ်ပြီးရင်း ရှုပ် နေပါတယ်။ NC ကလည်း အရှိန် အဟုန် နဲ့ လုပ်နေ သလို လချုပ် စာရင်း အနေအထားလေး လည်း သုံးသပ် ချင်ပါသေးတယ်။ မနက်ဖြန် ပါဝါ အပ်ဖို့ ချိန်ဆ စရာလေး ရှိနေသလို မွန်းစတား အတွက် အနည်းငယ် ပြင်ဆင် ဖို့ ရှိနေပြန် သေးတယ်။ ပြီးတော့ ဒီနေ့ည ပွဲစဥ်လေးကလည်း စွဲဆောင် မှု အပြည့် ရှိနေတော့ အားလုံး အတွက် အချိန်မီ မျှမျှ တတ ပြီးစီးအောင် ဇယ်ဆက်သလို လုပ်နေရတာ မနက်ကနေ ညနေပိုင်း အထိပါပဲ။

မနက်ကလည်း လိုချင်နေတဲ့ နေရာလေးက planet အသစ် ကလေး တစ်လုံး ရလာလို့ စိတ်ထဲ အနည်းငယ် ချမ်းမြေ့ သာယာ သွားပါ တယ်။ တွေ့ သင့်တဲ့ အချိန်ထက် နောက်ကျ နေပါပြီ။ မတွေ့တာထက် စာရင်သာ တော်သေး တယ် ပြောရမယ့် အနေအထား ပါ။ ခါးဆက် ပြတ်နေတဲ့ နေရာက သုံးနေရာ ပါ။ ခုမှ တစ်နေရာကပဲ planet ချိတ်မိသေးတယ်။ တချို့သော နေရာမှာ ခါးဆက် ပြတ်ချက်က အသွား ခရီး တခုတည်း အတွက် ၂၄ နာရီ ကြာပါတယ်။

တခြား နေရာက planet အသစ် တွေလည်း ရပါသေးတယ်။ planet တွေ များလာတော့ ရှုပ် ထွေးမှု မရှိ အောင် သေသေချာချာ လေး အမည်ပေး ခွဲခြား ထားနိုင်မှ လုပ်ရကိုင်ရတာ အမှားအယွင်း မရှိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မတွေ့တာ ကြာလှပြီ ဆိုပေမယ့် အခုလို အသစ်ထပ် တွေ့ရလိုက်တော့ နောက်ထပ်လည်း ခါးပြတ်နေတဲ့ နေရာက planet တွေ ထပ် ​တွေ့ ဖို့ မျှော်လင့် နိုင်ပါပြီ။

ဘာဖြစ်ဖြစ် ဒီနေ့ည တော့ ဘောပွဲ လည်း ရှိတော့ ရှင်းစရာ လင်းစရာ နဲ့ မိုးအလင်း လုပ်ရတော့မှာပါပဲ။ ဒါမှလည်း တစ်လလုံး အတွက် ပြင်ဆင်ထား နိုင်မှာ ဖြစ်ပါတယ်။ ကဲ မကြာခင် မွန်းစတားကလည်း ရာသီ ပြီးလို့ ကဒ်လေးတွေ ရတော့မယ်။ လိုချင်တဲ့ ကဒ်တွေ များများ ရမှ ဖြစ်မယ်ဗျာ။ ဒါဆို ကိုးလပိုင်း အတွက် အပိတ်လေး လှသွားတာပေါ့။


Source

ဒီေန႕က အလုပ္ အားလုံး စုံတဲ့ ေန႕ လို႔ ေျပာရမွာပါ။ လကုန္ရက္ ျဖစ္တဲ့အျပင္ အပတ္စဥ္ တနလၤာ ေန႕လို အဖြင့္ေန႕ တစ္ေန႕ ဆိုေတာ့ အလုပ္က ရႈပ္ၿပီးရင္း ရႈပ္ ေနပါတယ္။ NC ကလည္း အရွိန္ အဟုန္ နဲ႕ လုပ္ေန သလို လခ်ဳပ္ စာရင္း အေနအထားေလး လည္း သုံးသပ္ ခ်င္ပါေသးတယ္။ မနက္ျဖန္ ပါဝါ အပ္ဖို႔ ခ်ိန္ဆ စရာေလး ရွိေနသလို မြန္းစတား အတြက္ အနည္းငယ္ ျပင္ဆင္ ဖို႔ ရွိေနျပန္ ေသးတယ္။ ၿပီးေတာ့ ဒီေန႕ည ပြဲစဥ္ေလးကလည္း စြဲေဆာင္ မႈ အျပည့္ ရွိေနေတာ့ အားလုံး အတြက္ အခ်ိန္မီ မွ်မွ် တတ ၿပီးစီးေအာင္ ဇယ္ဆက္သလို လုပ္ေနရတာ မနက္ကေန ညေနပိုင္း အထိပါပဲ။

မနက္ကလည္း လိုခ်င္ေနတဲ့ ေနရာေလးက planet အသစ္ ကေလး တစ္လုံး ရလာလို႔ စိတ္ထဲ အနည္းငယ္ ခ်မ္းေျမ့ သာယာ သြားပါ တယ္။ ေတြ႕ သင့္တဲ့ အခ်ိန္ထက္ ေနာက္က် ေနပါၿပီ။ မေတြ႕တာထက္ စာရင္သာ ေတာ္ေသး တယ္ ေျပာရမယ့္ အေနအထား ပါ။ ခါးဆက္ ျပတ္ေနတဲ့ ေနရာက သုံးေနရာ ပါ။ ခုမွ တစ္ေနရာကပဲ planet ခ်ိတ္မိေသးတယ္။ တခ်ိဳ႕ေသာ ေနရာမွာ ခါးဆက္ ျပတ္ခ်က္က အသြား ခရီး တခုတည္း အတြက္ ၂၄ နာရီ ၾကာပါတယ္။

တျခား ေနရာက planet အသစ္ ေတြလည္း ရပါေသးတယ္။ planet ေတြ မ်ားလာေတာ့ ရႈပ္ ေထြးမႈ မရွိ ေအာင္ ေသေသခ်ာခ်ာ ေလး အမည္ေပး ခြဲျခား ထားနိုင္မွ လုပ္ရကိုင္ရတာ အမွားအယြင္း မရွိ လုပ္ေဆာင္နိုင္မွာ ျဖစ္ပါတယ္။ မေတြ႕တာ ၾကာလွၿပီ ဆိုေပမယ့္ အခုလို အသစ္ထပ္ ေတြ႕ရလိုက္ေတာ့ ေနာက္ထပ္လည္း ခါးျပတ္ေနတဲ့ ေနရာက planet ေတြ ထပ္ ေတြ႕ ဖို႔ ေမွ်ာ္လင့္ နိုင္ပါၿပီ။

ဘာျဖစ္ျဖစ္ ဒီေန႕ည ေတာ့ ေဘာပြဲ လည္း ရွိေတာ့ ရွင္းစရာ လင္းစရာ နဲ႕ မိုးအလင္း လုပ္ရေတာ့မွာပါပဲ။ ဒါမွလည္း တစ္လလုံး အတြက္ ျပင္ဆင္ထား နိုင္မွာ ျဖစ္ပါတယ္။ ကဲ မၾကာခင္ မြန္းစတားကလည္း ရာသီ ၿပီးလို႔ ကဒ္ေလးေတြ ရေတာ့မယ္။ လိုခ်င္တဲ့ ကဒ္ေတြ မ်ားမ်ား ရမွ ျဖစ္မယ္ဗ်ာ။ ဒါဆို ကိုးလပိုင္း အတြက္ အပိတ္ေလး လွသြားတာေပါ့။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=150

Coin Marketplace

STEEM 0.08
TRX 0.30
JST 0.035
BTC 110207.22
ETH 3860.56
USDT 1.00
SBD 0.52