ခက္လွ ပါဘိ ခက္ပါဘိ (@aggamun)
in #myanmar5 years ago
ဒီနေ့ တော့ NC မှာ နည်းနည်း ကပ်သီး ကပ်သပ် တစ်ခု ဖြစ်သွား ပါတယ်။ အဓိကက ကျွန်တော့ ရဲ့ ပေါ့လျော့ မှု ပါပဲ။ Miner တွေကို သေသေ ချာချာ မစစ် ဆေး ဘဲ RSS စုဆောင်း နေမိတာ။ တကယ့် တကယ် upgrade လုပ်ဖို့ အချိန်လည်း ကျရော လိုသလောက် RSS က မရတော့ဘဲ storage တွေ က ပြည့်နေပါရော။ အဲ့တော့မှပဲ အသည်းအသန် storage တွေကို Lvl လိုက်တင်ရ ပါလေရောလား ဗျာ။ အကုန်လုံး timing တွေ လွဲ ကသောင်းကနင်း ဖြစ်ကုန် တာပေါ့။
သတိ တစ်ချက် လွတ် သွားလို့ ခံလိုက်ရ ပါတယ်။ ခုတော့ RSS တွေ ထပ်မံ အချိန်ယူ ထပ်မံ စုဆောင်း ရပြန်ပြီ ဖြစ်ပါတယ်။ တိုက်ပွဲ အချိန် တွေမှာ အခုလို မှားလို့ ကတော့ ကုန်ပေါက် ပါပဲ။ အခုတော့ ကိုယ့်ဘာသာ ကိုယ် အေးအေး ဆေးဆေးဘဲ မို့ တော်သေးတယ် ပဲ ပြောရမယ်။
စတင်းနဲ့ ပတ်သတ် နေတဲ့ ဘန်ကောက်က ပွဲ အကြောင်း ဒီနေ့ မှ ပြည့်ပြည့် စုံစုံ ထပ်သိလိုက် ရတော့ စိတ်တောင် ပါလာပြီ။ ပွဲ ဆိုတဲ့ အတိုင်း စိတ်ပါ ဝင်စားမှု ရှိအောင် စီစဉ်ထား ပုံက ကျေနပ်စရာ ကောင်းပါတယ်။ ငယ်ငယ် ကတည်းက ပွဲလမ်း သဘင်ဆို သိပ်တော့ သွားလာလေ့ မရှိတတ် ပါဘူး။ အခုပွဲလေးက တော့ ကျွန်တော့ ကို ဘယ်လောက်ထိ ဆွဲဆောင် ထားမလဲ မသိသေးဘူး။
လောလောဆယ်တော့ ဒါနဲ့ ပတ်သတ်ပြီး ဘာပိုစ့် မှတောင် မတင်ရသေးပါဘူး။ တင်မယ် ဆိုရင်လည်း bro @mmunited ကြီးကိုပဲ မေးရ မြန်းရ အပူကပ်ရ ပါဦးမည်။ လောလောဆယ် ကိုယ့်ဘာသာ ရသလောက် လိုက်လံ ရှာဖွေ ဖတ်ရှု ထားလိုက်မည်။ သေချာတာက E စကေး တော့ လိုပေမည်။ ဒီကြားထဲ ပြိုင်ပွဲလေးတွေ လုပ်ဦးမည် ဆိုလား။ အော် လုပ်ရ ကိုင်ရ ခက်လှပါဘိ စတင်းရယ်။ ခက်လှပါဘိ
Written by @aggamun
Written by @aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=71
Coin Marketplace
STEEM 0.19
TRX 0.15
JST 0.029
BTC 63498.69
ETH 2645.91
USDT 1.00
SBD 2.80