ေကာင္းေသာေျပာင္းလဲမႈမ်ား (@aggamun)

in #nextcolony7 years ago

စတင်းပါဝါ ငါးရာ ကျော်လာသော်လည်း ပါဝါ စုမိနှုန်း က သိသိသာသာ မတက်လာသေးပါ။ အဓိက က ဗုတ် တန်ဖိုး များများ ရအောင် မစွမ်းဆောင် နိုင်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ရသလောက်ပဲ မှေး ယူသလို ဖြစ်နေတယ် ထင်ပ ဗျာ။ စတင်း ဈေးကောင်း မကောင်းထက် ဗုတ်ပေးသူ အရေအတွက် ကျဆင်းလာတာ ကြောင့်လား မသိဘူး။

အီစတင်းကလည်း တဖြည်းဖြည်း ဗုတ်က ကြီးမလာဘဲ ပို သေးသေး လာပါတယ်။ တချို့ ဆို ဗုတ်တောင် မပေး တော့ ဟု တွေ့မြင်သိနေ ရပါတယ်။ ကျွန်တော် ထင်တာက ခုချိန်မှာ အသုံးပြုသူတွေ ကို ပိုမို အလေးထား သင့်တယ် မဟုတ်လားဗျာ။ ဒါမှ အသုံးပြုသူ တွေ ပိုမို များလာမယ် ထင်တယ်လေ။

စတင်းပရက်က သုံးတာ ကြာပေမယ့်လည်း ဗုတ်က နှစ်ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာသာ ကစား နေပါတယ်။ သူတို့ပြောသလို ကွာလတီ တော့ ကျွန်တော်လည်း မတတ်နိုင်ပါ။ ဒီထက် များများ ရဖို့ တခြားနည်းလမ်း လေးများ ရှိရင် သိပ်ကောင်းမယ် ဗျ။ PM လုပ်ပေမယ့် reply လည်း မရပါဘူး။ မအားလို့လား အဖက် မလုပ်တာလား မသိတော့ပါ။

NC ကလည်း နေ့တိုင်း ဆိုတော့ အမြဲတမ်း အပြည့် ဘယ် ဗုတ်နိုင်တော့ မလဲ ဗျာ။ ခုတော့ နှစ် ရက်ရှိပြီ ငါးဆယ် နဲ့ ဗုတ်နေတာ။ စတီးမစ် က reward နည်းသွားတော့ ဗုတ်က လက်ရှိထက် ပိုမို လိုချင်မိတာ တော့ အမှန်ပါပဲ။ အခုလည်း အားလုံးလိုလို ပြောင်းလဲ မှု အချို့ လုပ်ဆောင် နေကြပြီလို့ သတင်းကြား မိတာပါပဲ။ ကောင်းသော ပြောင်းလဲ ခြင်းတွေသာ ပြောင်းလဲ ကြပါ လို့။

Written by @aggamun

စတင္းပါဝါ ငါးရာ ေက်ာ္လာေသာ္လည္း ပါဝါ စုမိႏႈန္း က သိသိသာသာ မတက္လာေသးပါ။ အဓိက က ဗုတ္ တန္ဖိုး မ်ားမ်ား ရေအာင္ မစြမ္းေဆာင္ နိုင္ခဲ့တာပဲ ျဖစ္ပါလိမ့္မယ္။ ရသေလာက္ပဲ ေမွး ယူသလို ျဖစ္ေနတယ္ ထင္ပ ဗ်ာ။ စတင္း ေဈးေကာင္း မေကာင္းထက္ ဗုတ္ေပးသူ အေရအတြက္ က်ဆင္းလာတာ ေၾကာင့္လား မသိဘူး။

အီစတင္းကလည္း တျဖည္းျဖည္း ဗုတ္က ႀကီးမလာဘဲ ပို ေသးေသး လာပါတယ္။ တခ်ိဳ႕ ဆို ဗုတ္ေတာင္ မေပး ေတာ့ ဟု ေတြ႕ျမင္သိေန ရပါတယ္။ ကြၽန္ေတာ္ ထင္တာက ခုခ်ိန္မွာ အသုံးျပဳသူေတြ ကို ပိုမို အေလးထား သင့္တယ္ မဟုတ္လားဗ်ာ။ ဒါမွ အသုံးျပဳသူ ေတြ ပိုမို မ်ားလာမယ္ ထင္တယ္ေလ။

စတင္းပရက္က သုံးတာ ၾကာေပမယ့္လည္း ဗုတ္က ႏွစ္ရာခိုင္ႏႈန္း ပတ္ဝန္းက်င္မွာသာ ကစား ေနပါတယ္။ သူတို႔ေျပာသလို ကြာလတီ ေတာ့ ကြၽန္ေတာ္လည္း မတတ္နိုင္ပါ။ ဒီထက္ မ်ားမ်ား ရဖို႔ တျခားနည္းလမ္း ေလးမ်ား ရွိရင္ သိပ္ေကာင္းမယ္ ဗ်။ PM လုပ္ေပမယ့္ reply လည္း မရပါဘူး။ မအားလို႔လား အဖက္ မလုပ္တာလား မသိေတာ့ပါ။

NC ကလည္း ေန႕တိုင္း ဆိုေတာ့ အၿမဲတမ္း အျပည့္ ဘယ္ ဗုတ္နိုင္ေတာ့ မလဲ ဗ်ာ။ ခုေတာ့ ႏွစ္ ရက္ရွိၿပီ ငါးဆယ္ နဲ႕ ဗုတ္ေနတာ။ စတီးမစ္ က reward နည္းသြားေတာ့ ဗုတ္က လက္ရွိထက္ ပိုမို လိုခ်င္မိတာ ေတာ့ အမွန္ပါပဲ။ အခုလည္း အားလုံးလိုလို ေျပာင္းလဲ မႈ အခ်ိဳ႕ လုပ္ေဆာင္ ေနၾကၿပီလို႔ သတင္းၾကား မိတာပါပဲ။ ေကာင္းေသာ ေျပာင္းလဲ ျခင္းေတြသာ ေျပာင္းလဲ ၾကပါ လို႔။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=89

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.079
BTC 63158.27
ETH 1707.43
USDT 1.00
SBD 0.39