ဒီလို တော့လည်း ရနိုင် ပါသေးတယ်။ (@aggamun)
စတီးမစ်ရဲ့ ပထမ အသက်သွေးကြော ဟာ SP ဆိုရင် ဒုတိယ အသက်သွေးကြောက follower ဖြစ်ပါလိမ့်မယ်ဗျ။ အပေါ်ယံ ကြောလေးသာ follower လို့ ပြောပေမယ့် တကယ့် အဓိက အလုပ်လုပ်မှာက follower တွေရဲ့ SP ပါပဲ။ ဒါကြောင့် မိမိ SP က အရေးကြီးဆုံး ဖြစ်ပြီး တဲ့နောက် အရေးကြီးတာက မိမိတို့ရဲ့ follower တို့ ပိုင်ဆိုင်ထားတဲ့ SP ဖြစ်ပါလိမ့်မယ် လို့ ဆိုလိုပါတယ်။
ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ ခုနောက်ပိုင်း Dapp တွေ သုံးရင်း သိလာတာက ကိုယ့်မှာ follower များပေမယ့် Dapp တွေက ရတဲ့ ထောက်ပံ့မှုတွေက အခြား follower နည်းသူတွေထက် သိသိသာသာ လျော့နည်း နေတာပါပဲ။ ဒါကြောင့် follower စုမယ်ဆိုရင်တောင် များရင် ပြီးရော စုလို့တော့ မဖြစ်ပါဘူး။ ကိုယ့် အချင်းချင်းက တော့ ကိစ္စ မရှိပါဘူး။ သိသိ မသိသိ follow လုပ်လိုက် တာပဲ။ ဘာခက်တာ မှတ်လို့။ ကိုယ့်မှာ လျော့သွားတာလည်း မရှိဘူးလေ။ ဒါကြောင့် ကျွန်တော် follow မလုပ်ရသေးရင် အားမနာဘဲ ပြောပါ။ ကျွန်တော့ ကိုလည်း follow လုပ်ပေးကြပါ။
တခြား နိုင်ငံက စတီးမစ် အသုံးပြုသူတွေရဲ့ follow ရဖို့ က ခက်လား ဆိုတော့ မခက်ပါဘူး။ လွယ်လား ဆိုတော့လည်း မလွယ်ပါဘူးဗျာ။ ကျွန်တော် အထင်ပေါ့လေ။ ဘာကြောင့် မခက်သလဲ ဆိုတော့ ဂိမ်းကစား တဲ့သူတွေ ပိုသိပါတယ်။ သူတို့ အတူတူသာ လိုက်ကစား နိုင်မယ်ဆို ဗုတ်တစ်ချက် follow တစ်ချက်က သိပ်မခက်ပါဘူးဗျာ။ စကား အနည်းငယ်ပြော ဖို့တော့ လိုတာပေါ့။ ကျွန်တော်ဆို စကားသိပ် မပြောလို့ group ထဲ လာပြောဖို့ သတိပေး ခံရပါတယ်။
မလွယ်တာက သူတို့ အတူ ခြေလှမ်း တွေ လှမ်းနိုင်ဖို့ အဆင်သင့် မဖြစ်ခဲ့ရင် ကိုယ်က နောက်ကျ ကျန်ခဲ့မှာစိုးတာ ဗျ။ သူတို့က အစစ အရာရာ သာလွန်နေတတ်တော့ အလှမ်းကွာ နေရော အထူးသဖြင့် ဘာသာ စကားပေါ့။ ကောင်းကွက် တစ်ခုရှိတာက သဘောထား ပြည့်ဝသူတွေ ဖြစ်နေတတ်ပါတယ်။ စည်းကမ်း နဲ့သာ မပတ်သတ်ဘူးဆို ခွင့်လွှတ်ပေးတတ် ကြသလို လမ်းပြပေးတတ် ကြပါတယ်။ မသိရင် မသိဘူး ရိုးရိုးသားသား ပြောဆို ဆက်ဆံရတာ ပေါ့ပေါ့ ပါးပါး ရှိပါတယ်။
follower စုဖို့ အကြံပေးချက် ကောင်းတွေ ဖော်ပြထားတဲ့ ပိုစ့် တစ်ခုကို ဘာသာပြန်ဖို့လည်း ရှိပါတယ်။ SP တွေ ဝယ် မစုနိုင်သည့်တိုင် follower တွေစုပြီး Dapp တွေ သုံးရင် ဗုတ်ကြီးကြီးတွေရဖို့ အခွင့်အလမ်း တွေရှိပါတယ်လို့ ပြောလိုရင်း ဖြစ်ပါတယ်။ ကျွန်တော် သိထားတာတွေမှာ အမှားပါရင် ပြုပြင် ပေးဖို့ တောင်းဆိုပါတယ်ဗျ။ ကျွန်တော်လည်း အတွေ့ အကြုံ တစ်ချို့ကို ဝေငှ တာပါ။
So many thanks for reading and visiting my blog.
Have a good day to all steemians!
To play steemmonsters : https://steemmonsters.com?ref=aggamun
Using share2steem.io : https://share2steem.io/?ref=aggamun
My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-25-aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=241

Hi @aggamun
As a follower of @haccolong this post has been randomly selected and upvoted by @hoaithu's Curation Trail with 20upvotes
This is random free upvote daily when you follow @haccolong
Use Partiko for activities on Steemit, you will receive bonus points. Dowload Partiko app for your phone at here. If you difficulty when convert points (Partiko) to upvote, check the instructions here.

ကောင်းသော အကြံညဏ်လေးတစ်ခုပါအစ်ကို။အားလုံး မှတ်သားထားသင့်တဲ့အချက်လေးပါပဲခင်ဗျာ။အောင်မြင်တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်ကို။
Posted using Partiko Android
ဟုတ် bro! ကျနော်လည်း သူများပြောလို့ သိထားတာတွေ ပြန် မျှဝေရတာပါ။ ကျေးဇူးပါဗျ။
Posted using Partiko Android
ကျေးဇူးပြု၍ ဖော်လိုး ပြန်လုပ်ပေးပါလား
ပျော်ရွှင်ပါစေ
Posted using Partiko Android
done! Thz u so much
Posted using Partiko Android