မွှေရ ဦးမည်။ (@aggamun)

in #blog7 years ago

Corvette က ပွင့်သွားခဲ့ပါပြီ။ ကျန်တဲ့ battleship တော်တော်များများ ကိုလည်း ဒီလကုန် ပွင့်နိုင်ဖို့ မှန်းထားပါတယ်။ ship တွေ ပွင့်အောင် skill ပိုင်းကို အာရုံ အပြည့်စိုက်မှာမို့ ship တွေကို တည်ဆောက်မှု အပိုင်းက တော့ အလုပ်ဖြစ်မှာ မဟုတ်သေးပါဘူး။ ဒါကြောင့် အရေအတွက်အားဖြင့် နည်းနေနိုင်ပါတယ်။

တိုက်ခိုက်မှုတွေ လည်း စ မလုပ်သေးပါဘူး။ ခုမှ ရှာလို့ ဖွေလို့ ကောင်းဆဲ မို့ explorer တွေ အလျင်မီအောင်သာ ကြိုးစား ထုတ်နေတာလည်း ပါပါတယ်။ ကိုယ့်နားမှာ လည်း လာတိုက်မယ့် သူ မရှိတော့ အေးဆေး နေမိပါတယ်။ သူများတွေထက် ဦးအောင် ရှာနိုင်ဖို့ပဲ သဲသဲမဲမဲ လုပ်နေပါတယ်။ Legendary လေး ရလို ရငြားပေါ့ဗျာ။

Legendary ရရင်တော့ ရောင်းထုတ်ပြီး ကစားအားကို လျော့ချ လိုက်တော့ပါမယ်။ ဒါကလည်း ကံကောင်းလွန်းမှပါ။ မျှော်လင့်မိပေမယ့် မတောင့်တမိအောင် လုပ်စရာ ရှိတာ ဆက်တိုက် လုပ်ထား လိုက်ပါတယ်။ ခုထိတော့ အဆင်ပြေ နေပါသေးတယ်။ nc က ခြေလှမ်းတွေ နှေးလွန်းတာလား မိမိကပဲ စိတ်မြန် နေသလား မသိပါဘူး။ ကစားရတာ အားကို မရပါဘူး။

ဒီလ ကုန်ရင်တော့ battle ထဲ မဖြစ်မနေပါရ တော့မှာပါ။ ဒီအတွက် တိုက်ပွဲ အနေအထားကို သေသေချာချာ ပြန် လေ့လာရပါဦးမယ်။ အစ က တော့ လေ့လာထား ပေမယ့် မသုံးသပ်ရ သေးတော့ အားသာချက် အားနည်းချက် တွေ မမြင်ရသေးပါဘူး။ တိုက်ပွဲ အထာကို မကျေညက်သေးပါဘူး။ အထာ ကျမှ အသာ ရမှာ မဟုတ်လားဗျ။

Weapon တွေက Rocket, Bullet, Laser နော်။ Laser က ဘယ်သူတွေများ ရနေပြီလဲဗျ။ တိုက်ပွဲနဲ့ ဝေးနေတော့ မသိတော့ဘူး။ nc ပြောတာက ရှာဖွေရမှာလား rewards ပုံစံ ချပေးမယ် ဆိုလား ပဲ။ ကျွန်တော်လည်း post တွေ ပြန်မွှေရဦးမယ် ဗျို့။ အားလုံး ကံကောင်းကြပါစေဗျာ။

Written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=15

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61644.63
ETH 1604.36
USDT 1.00
SBD 0.47