လမ်းလေးရဲ့ဘေး

in #life8 years ago (edited)

received_347437162425531.jpeg

လမ်းလေးရဲ့ ဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုင်ကလေးသုံးဆိုင်သည် အစီအရီတည်လို့လားပါလေသည်။
ပထမဆိုင်က အသုပ်ဆိုင်လေး နောက်ဒုတိယဆိုင်က ကောက်ညှင်းပြန်ပေါင်းဆိုင်ကလေးပါ နောက်ဆုံးက
တတိယဆိုင်လေးကတော့ အရက်ပုန်းဆိုင်တိုဖြစ်ပါလေသည်။ ထိုဆိုင်တန်းလေးသည် ပြောသုံဆိုသံ စကားသံ
ငြင်းခုန်သံ ဈေးရောင်းဈေးဝယ်သံများနှင့် မနက်မလင်းခင်ကတည်းက စည်ကားနေတက်ပါလေသည်။

ဒီနေ့သည် စနေနေ့ဖြစ်သောကြောင့် လူနေကျဲပါးသည့်ရပ်ကွက်လေး လမ်းဆုံးနေရာမှာတော့ လူစည်ကားလို့နေပါ
သည် အလုပ်နားသူ ၀န်ထမ်းများလေသောကြောင့်ထင်ပါသည်။ အသွားအလာကမပြတ်ပါ လမ်းလေးက လမ်းဆုံ
လမ်းဂွလေးဖြစ်သည့်အတွက် လူစည်နေတက်သည်။ ခုလိုမျိုးမနက်မလင်းခင်အချိန်မှ ညပိုင်းအချိန်အထိစည်ကား
နေတက်သည်။ ဒီရပ်ကွက်အစပ်လေးသည် အနီးအနားက ရွာလေးတွေရဲ့ ဆုံရာလမ်းလေးလည်းဖြစ်လေသည်။
သဲထူသောလမ်း ဖုန်ထူသောလမ်းကလေးပါဘဲ လူတွေရဲ့ စရိုက်ကိုလည်းကြည့်ဦးမလား တော်ရုံ စိတ်အတွေး
မတည်ကြည်သူဆိုလျှင် အတွေးအာ၇ုံနောက်ကျိသွားစေနိုင်လေသည်။

လမ်းဆုံလေးတွင် စရိုက်အစုံကို တွေ့မြင်နိုင်လေသည်။ မနက်လင်းကတည်းက လူတွေ တစ်ယောက်ချင်း နှစ်ယောက်ချင်း တစ်ချို့အုပ်လိုက် ဒီနေရာလေးကဖြတ်သန်းသွားကြသည်။ တစ်ချို့ ဒီဆိုင်တန်းလေးမှာ ဈေးဝယ်
ကြ စားကြ သောက်ကြသည်။ တစ်ခါတရံ အော်ဟစ် သံများ ကလေးငိုသံများနှင့်လည်း ပနံရနေတက်သေးသည်လေ
အရက်ဆိုင်လေးကတော့ အစည်ကားဆုံးနေရာလေးဖြစ်သည်။ လူငယ်လူရွယ်လေးတွေကနေ အသက်ငါးဆယ်ကျော်ခြောက်ဆယ် အရွယ်ထိ သောက်စားတက်သူများ တစ်နေကုန် ၀င်ထွက်မပြတ်ပါလေ။

ထိုအရက်ပုန်းဆိုင်လေးရဲ့ရှေ့မှာတော့ ခြင်းဝိုင်းလေးလည်းရှီသည်။ လူငယ်လေးတွေ လူရွယ်တွေ တစ်နေကုန်ခြင်း
ခက်နေတက်သည်။ တစ်ဖွဲပြီးတစ်ဖွဲ့ ၀င်လိုက်ထွက်လိုက် တစ်ချို့လည်း အလောင်းအစားလေးနှင့်ဖြစ်ပေမည်။
ထိုအချိန်မျိုးဆိုလျှင် လူတွေအတော်ကိုစည်ကားတက်သည်။ ပွဲပြီးသွားသည်နှင့် အရက်ပုန်းဆိုင်နောက် သို့ဝင်ရောက်သွားကာ အနားယူ အ ပန်းဖြေတက်ကြလေသည်။

ဒါလေးကတော့ ရပ်ကွက် ထိပ်က တွေ့မြင်နေရသည့် မြင်ကွင်းလေးပါဘဲ နေ့တိုင်းဒီလိုအဖြစ်လေးတွေမြင်တွေ့ရသော်လည်း မရိုးနိုင်ပါ တစ်နေ့တစ်မျိုးမဟုတ် တစ်မျိုးတော့ ဖြစ်ပျက်မှုလေးတွေမတူညီတာတွေ့ရသည်။ ဇာတ်လမ်းလေးတွေ မြင်ကွင်းလေးတွေလည်း မထပ်ပါလေ။အရက်ပုန်းဆိုင်ရှေ့မှာဖြစ်ပျက်သမျှသည် ဒီရက်ကွက်လေးရဲ့ အခြေအနေကို ထင်ဟပ်ပေါ်လွင်စေပါသည်။
တစ်ခါတရံမကြာခဏဆိုသလိုလည်း ရန်ပွဲလေးတွေ တွေ့ရတက်ပါသေးသည်။

Author : @a7lady
Photos credit; Google Image

Sort:  

ဓါတ်ပုံကိုတော့ သဘောကျမိတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.078
BTC 61758.62
ETH 1632.18
USDT 1.00
SBD 0.40